Tuesday, March 10, 2015

ပညာသင်ကြားလိုသော ကျောင်းသားများ မထိခိုက်စေရန် ဟင်္သာတ တက္ကသိုလ် နံရံများတွင် စတေကာကပ်ခြင်းကို မေတ္တာရပ်ခံတားမြစ်


ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ရှိ ဟင်္သာတ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် မတ် ၉ ရက် နံနက်ပိုင်း က ကျောင်းနံရံများတွင် အကြမ်းမဖက်ရေးစတေကာများ လိုက်လံကပ်နေသည့် ကျောင်းသားများ အား ကျောင်းတာဝန်ရှိသူဆရာမ တစ်ဦးက ခေါ်ယူ၍ စာမေးပွဲများနီး ကပ်နေပြီဖြစ်သဖြင့် ကျောင်းသားများ
 ကြွေးကြော်သံမပါဘဲ ဆန္ဒထုတ်ဖော်၍ရကြောင်း၊ သို့သော်အေးချမ်းစွာ ပညာသင်ကြားလိုသည့် ကျောင်း သားများအား မထိခိုက်ကြစေလိုကြောင်း မေတ္တာရပ်ခံပြောကြားခဲ့သည်။
အဆိုပါရက်က အကြမ်းမဖက် ရေးစတေကာကပ်ထားသော ကျောင်းသားဆိုင်ကယ်များအား ကျောင်း တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းဝင်ခွင့်မပေးဘဲ တားမြစ်ခံရ ကြောင်းလည်း သိရသည်။

''ဟင်္သာတခရိုင်ကျောင်းသား သမဂ္ဂအဖွဲ့ကနေပြီးတော့ ဒီနေ့ မြို့ထဲမှာ ကားနဲ့လိုက်ပြီးတော့ ဟော ပြော တယ်။ နောက်ပြီးတော့ စတေ ကာတွေကို စိတ်ပါဝင်စားတဲ့ ကား တွေ၊ ဆိုင်ကယ်တွေမှာ လိုက်ကပ် ပေး တယ်။ ပြီးတော့ ကျွန်တော်တို့ ကျောင်းကို ပြန်သွားတယ်။ ကျူတို ရီယယ်ဖြေဖို့ရှိတယ်။ ဖြေဖို့ ကျောင်း ကိုပြန်သွားတဲ့အချိန်မှာ ဆရာကြီး ရယ်၊ ပါမောက္ခတွေရယ်၊ မော်ကွန်း ထိန်းတွေကကျောင်းပေါက်ဝ မှာ စောင့်နေပြီးတော့ ဒီဆိုင်ကယ်တွေ က စတေကာတွေကို ခွာခိုင်းတယ်၊ ပြီးမှကျောင်းထဲကို ဝင်ကြပါ လို့ ပြောတယ်။ ကျွန်တော်တို့က မခွာ ဘူး။ အပြင်မှာ သွားထားမယ်ဆိုပြီး အပြင်အဆောင်တစ်ခုမှာ သွား ထားခဲ့ရတယ်''ဟု ဟင်္သာတဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သင်္ချာဒုတိယနှစ်ကျောင်း သားကိုဉဏ်ဝင်းပိုင်ကပြော သည်။

ဟင်္သာတတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာအောင်ဝင်းက စာမေး ပွဲနီးကပ်နေပြီး အေးချမ်းစွာပညာ သင်ကြားနေသော ကျောင်းသားများ အနှောင့်အယှက်မဖြစ်စေရန် တားမြစ် ရခြင်းဖြစ်ကြောင်း မီဒီယာ များသို့ ဖြေကြားခဲ့သည်။

''ကျွန်တော်တို့ ဆိုင်ကယ်တွေ အပြင်မှာထားပြီး အထဲဝင်သွားတယ်။ ကျန်တဲ့စတေကာတွေကို နံရံတွေ မှာကပ်လိုက်တယ်။ အဲဒါကို သင်္ချာ ဌာနကဆရာမကြီးက ခေါ်မေးပြီး နောက်တစ်ခါဒီလိုမလုပ်ကြဖို့ပြော တယ်။ နောက်ပြီးတော့ ကျောင်းသား တွေကို ကြွေးကြော်သံမပါဘဲနဲ့ ဆန္ဒ ထုတ်ဖော်လို့ရတယ်။

ဒါပေမဲ့လို့ အေးချမ်းစွာ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကိုမထိခိုက်ကြပါစေနဲ့လို့ပြောတယ်''ဟု သင်္ချာ ဒုတိယ နှစ်ကျောင်းသားကိုဉာဏ်ဝင်းပိုင် က ဆက်လက်ပြောသည်။

AKK
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List