Tuesday, March 10, 2015

အီးယူစစ်တပ် ဖွဲ့စည်းရန် ဥရောပကော်မရှင် ဥက္ကဋ္ဌ တောင်းဆို


ဥရောပကော်မရှင်ဥက္ကဋ္ဌဂျန်က လောဒီဂျန်ကာက ဥရောပသမဂ္ဂ (အီးယူ)စစ်တပ်ဖွဲ့စည်းရန် တောင်းဆို လိုက်ကြောင်း ဂျာမန်သတင်းစာ Die welt က တနင်္ဂနွေတွင် ဖော်ပြခဲ့ ကြောင်း ဆင်ဟွာသတင်းကဆိုသည်။ စစ်တပ်တစ်ခုရှိနေခြင်းက ယေဘုယျ နိုင်ငံခြားရေးနှင့်လုံခြုံရေး မူဝါဒများကို ထူထောင်နိုင်ပြီး ကမ္ဘာ ပေါ်၌ ဥရောပ၏တာဝန်ယူမှုကိုလည်း ခိုင်မာစေမည်ဖြစ်ကြောင်း ဂျန်ကာက သတင်းစာကို ပြောပြခဲ့သည်။
ဥရောပအနေဖြင့် အဖွဲ့ဝင်နိုင်ငံ တစ်ခု၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက် လာပါက ယုံကြည်စိတ်ချစွာ တုံ့ပြန် ရမည်ဖြစ်ကြောင်း။ အီးယူ၏ အိမ်နီး နားချင်းနိုင်ငံများ အတွက်လည်း လုပ် ဆောင်ရမည်ဖြစ်ကြောင်း။ ရုရှားအ နေဖြင့် မိမိတို့အား အီးယူ၏တန်ဖိုးကို အလွန်အမင်းမြှင့်တင်နေသည်ဟု ပြောလာမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဤလုပ်ငန်းမှာ တန်ဖိုးရှိသော သင်္ကေတဖြစ်ပြီး ဥရောပပိုင်စစ်တပ် အနေဖြင့် ကမ္ဘာကိုပြသနိုင် မည်ဖြစ် ကြောင်း။ အီးယူနိုင်ငံများအကြား၌ လည်း စစ်ပွဲဖြစ်ပွားစရာကိစ္စမရှိနိုင် တော့ကြောင်း ဂျန်ကာ ကပြောခဲ့သည်။

နေတိုးအဖွဲ့နှင့်အပြိုင်မဟုတ် သော်လည်း ဥရောပအားတာဝန်ခံမှု မှာ တူညီကြောင်း ၄င်းကဆိုသည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယင်က တွေ့ဆုံ မေးမြန်းခန်း တစ်ခု၌ ပြောကြားရာ တွင် ဂျာမန်တပ်အနေဖြင့် အထူးကိစ္စ ရပ်များတွင် အခြားနိုင်ငံများ၏တပ် ပေါင်းစုကို ဦးစီးလိုကြောင်းပြောခဲ့ သည်။

ဂျာမန်ဝန်ကြီးသည် ဗုဒ္ဓဟူးနေ့ က ဝါဆောမြို့သို့ ခရီးသွားပြီးနောက် ယခုကဲ့သို့ သူမ၏မှတ်ချက်ကိုပြော ခဲ့ ခြင်းဖြစ်သည်။ သူမက အီးယူအနေ ဖြင့် အနာဂတ်စစ်တပ်တစ်ခုကို မျှော် မှန်းသင့်သည်ဟုလည်း ပြော ခဲ့သည်။

ဂျာမန်စစ်တပ်က သမိုင်း၌ပထမဆုံး အဖြစ် ၄င်း၏ စစ်သား ၆ဝဝ ပါ တပ်ရင်းတစ်ခုကို ၂ဝ၁၆ တွင် ပိုလန် စစ်တပ်လက်အောက်၌ ထားမည်ဟု ကြေညာခဲ့သည်။

Ref: Xinhua
#Democracytoday

No comments:

Post a Comment

My Blog List