Monday, March 09, 2015

ပညာရေးသပိတ်အတွက် ဗကသရဲ့တောင်းဆိုချက် ထွက်လာ


လက်ပံတန်းမြို့မှာ ပိတ်ဆို့ ခံထားရတဲ့ သပိတ်မှောက် ကျောင်းသားတွေရဲ့ အရေးပေါ် ကြေညာချက် ဆိုပြီး တနင်္ဂနွေနေ့က ထွက်လာတာမှာ သပိတ် စစ်ကြောင်း ရန်ကုန်ကို အမြန်ဆုံး ရောက်နိုင်ရေးအတွက် အာဏာ ပိုင်တွေ နဲ့ ဆွေးနွေး တောင်းဆိုထားတာတွေကို အခု လာမယ့် ၁၀ ရက်နေ့ အင်္ဂါနေ့ မနက် ၁၀ နာရီ နောက် ဆုံးထားပြီး အစိုးရ တာဝန်ရှိသူတွေက ဖြေရှင်း ပေး ပါလို့ ပါဝင်ပါတယ်။
ကျောင်းသားတွေကို လက်ပံတန်းမြို့ ကျွန်းကလေး လမ်းဆုံမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ ထားတာ သီတင်းတစ်ပတ် ရှိလာပြီ ဖြစ်ပါတယ်။

ပိတ်ဆို့ခံရပြီး နောက်တရက် ပဲခူးတိုင်း နယ်လုံဝန်ကြီး နဲ့ ကျောင်းသားတွေ တွေ့ဆုံစဉ်မှာ သပိတ် စစ်ကြောင်း အနေနဲ့ သာယာဝတီအထိ လမ်းလျှောက်ပြီး ရန်ကုန်ကို ကားနဲ့ ဝင်ရောက်ဖို့ အပါအဝင် အချက် ၈ ချက်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

အာဏာပိုင်တွေဘက်က တုန့်ပြန်ဖို့ အချိန်ဆွဲပြီး ဆက်လက် ပိတ်ဆို့ထားတဲ့ အတွက် ၁၀ တန်း စာမေး ပွဲ တွေ မစတင်မီ ဖြေရှင်းပေးဖို့ အခုလို တောင်း ဆိုရတာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ဘီဘီစီကို ပြောပါတယ်။

ဒေသခံ ရဲ အာဏာပိုင် အကြီးအကဲကတော့ အခု ပိတ်မိနေတဲ့ ကျောင်း သားတွေကို အကြမ်းဖက် ဖြိုခွဲ တာမျိုး မလုပ်ပါဘူးဆိုပြီး မီဒီယာတွေ ကို ပြောထားတာ ရှိပါတယ်။

BBC Burmese

No comments:

Post a Comment

My Blog List