Friday, March 13, 2015

ကျောင်းသား ၁၇ ဦး ပြန်လွှတ်၊ ကျောင်းသားခေါင်းဆောင်အချို့ကို ၀ရမ်းထုတ်


သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် ပင်မ ကျောင်းသား သပိတ်စစ် ကြောင်းထဲမှ ကျောင်း သား ၁၇ ဦး အား မတ်လ ၁၂ ရက်တွင် ပြန် လွှတ်ပေးခဲ့ပြီး ဖမ်းဆီးမခံရဘဲ တိမ်းရှောင်နေသော ကျောင်း သားခေါင်းဆောင် များကို ၀ရမ်း ထုတ်လိုက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများမှာ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေး တိုင်းနှင့် မွန်ပြည်နယ်တို့မှ တက္ကသိုလ်ကျောင်းသား ၁၂ ဦးနှင့် ကျောင်းသူ ၅ ဦး တို့ဖြစ်ကြောင်း ပြည် ထဲရေးဝန် ကြီးဌာနက မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

‘‘ဒီနေ့ ၁၇ ယောက်ကို လွှတ် လိုက်တယ်။ ကျန်တဲ့သူတွေကို တော့ စိစစ်ရေး အဖွဲ့က စစ်ဆေး ပြီးတော့ ပြန် လွှတ်သွားဖို့ရှိတယ်’’ ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးဝင်းစိန်က ပြော သည်။

တိမ်းရှောင်နေသော ပင်မသပိတ် ကျောင်းသားခေါင်း ဆောင် အရေအတွက် အတိအ ကျ မပြောသော်လည်း ၎င်းတို့ ကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ၀ရမ်း ထုတ်လိုက်ကြောင်း မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက 7 Day Daily အား အတည်ပြုပြောကြားသည်။

သာယာဝတီထောင်တွင် ဖမ်းဆီးထားသည့် ကျောင်းသားများနှင့် ၀န်းရံသူများအနက် အမှန်တကယ် တက္က သိုလ်တက်ရောက်နေသည့် ကျောင်းသားများကို စိစစ်၍ မိဘများထံသို့ အကြောင်းကြားကာ သာယာဝတီ ခရိုင်အုပ်ချုပ် ရေးမှူးရုံးမှတစ်ဆင့် မတ်လ ၁၂ ရက်တွင် ကျောင်းသား၊ ကျောင်း သူ ၁၇ ဦးကို စတင်ပြန် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်လွတ် မြောက် လာသည့် ကျောင်းသား များကဆိုသည်။

‘‘ပြန်လွှတ်ပေးတဲ့နေရာမှာ ငြိမ်းစုစီကို နောက်မလုပ်ပါဘူးဆို ပြီးတော့ ပုဒ်မ ၁၈ ကို လက်မှတ် ထိုးရတယ်။ ပြီးတော့ ဒီအမှုကနေ လုံးဝလွတ်ကင်း  ပါတယ်ပြောပြီး တော့ လွှတ်ပေးတယ်’’ဟု ပြန် လည်လွတ်မြောက် လာသည့် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ မရည်မိုမို အောင် ကပြောသည်။

လက်ပံတန်းမြို့၌ ပင်မ သပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်တွင် ရဲတပ်ဖွဲ့က ၀င်ရောက် ဖြိုခွင်းရာ NNER မှ အဖွဲ့ဝင် ကိုရဲဝင်းနှင့် ကိုမော်စီတို့ ဖမ်းဆီးခံခဲ့ရပြီး ယင်းညကတည်းက တာဝန်ရှိသူများနှင့်သွားရောက် ညှိနှိုင်း၍ ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီဖြစ်ကြောင်း NNER အဖွဲ့ဝင် ဒေါက်တာ ညို ညိုသင်းက 7 Day Daily အားပြောသည်။

ရဲတပ်ဖွဲ့က သပိတ်ခေါင်း ဆောင်များနှင့် ကျောင်းသား၊ အရပ်သား စုစုပေါင်း ၁၂၇ ဦးကိုဖမ်းဆီး၍ ပုဒ်မ ငါးခုဖြင့် တရား စွဲထားပြီး မတ်လ ၁၁ ရက်က ဖမ်း ဆီးခံထားရသော သံဃာ ၁၀ ပါး ပြန်လွှတ်ပေးခဲ့ကာ မတ်လ ၁၂ရက် တွင် ကျောင်းသား ၁၇ ဦးအားစိစစ်၍ ပြန်လွှတ်ပေးနေခြင်းဖြစ် သည်။

မတ်လ ၁၂ ရက်က သာယာဝတီထောင်မှ ပြန်လွတ်လာသော ဆန္ဒပြကျောင်း သူ မရည်မိုမိုအောင်က မိဘများအားခြံရံ၍ မီဒီယာများ၏ မေးမြန်းချက် များကို ဖြေကြားနေစဉ် (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
7Day Daily

No comments:

Post a Comment

My Blog List