Friday, March 13, 2015

ချေဂွေဗားရားကိုဖမ်းခဲ့သည့် ဗိုလ်ချုပ်သမီးကို ပထမဆုံး ဘိုလီးဗီးယား အမျိုးသမီးဗိုလ်ချုပ်အဖြစ် ခန့်အပ်


ဘိုလီးဘီးယားနိုင်ငံက ချေဂွေဗားရားသူပုန်များကို ထိုးစစ်ဆင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း သမီးကို ပထမဆုံးအမျိုးသမီး ဗိုလ်ချုပ်အဖြစ် ခန့်အပ်လိုက် ပါတယ်။ ၁၉၆၇ ခုနှစ် ချေဂွေးဗားရားတပ်ဖွဲ့ကို ထိုးစစ်ဆင်ခဲ့ တဲ့ ဗိုလ်ချုပ် လူးဝစ် ရဲကွေးတယ်ရန်ရဲ့ သမီး အသက် ၅၃ နှစ် ဂျီနာ ရဲကွေးတယ်ရန်ကို ခန့်အပ်လိုက်တာ လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။
ဒါအပြင် အမျိုးသမီး ၂ ဦးကိုလည်း ရဲတပ်ဖွဲ့မှာ ဗိုလ်ချုပ် ရာထူးကို ပထမဆုံး ပေးအပ်ခဲ့ပါသေးတယ်။

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီက ထောက်ခံပေးထားတဲ့ လူးဝစ်ရဲ့ စစ်ဆင်ရေးကြောင့် ချေဂွေး ဗားရားကို ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ပိုင်းမှာ သတ်ဖြတ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List