Thursday, March 12, 2015

သံလွင်မြစ်ရေအားလျှပ်စစ်စီမံကိန်းကန့်ကွက်စာ သြစတေးလျ SMEC ထံ ဒေသခံများပေးအပ်





မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေး ဆိုင်ရာ သက်ရောက်မှုများ ဆန်းစစ်ပေးမည့် သြစတေးလျနိုင်ငံ SMEC International Pty Ltd ထံသို့ သံလွင်မြစ်ပေါ် တည်ဆောက် မည့်ရေကာ တာများအား ဒေသခံများက ကန့်ကွက်ကြောင်း စာတစောင်ကို မတ်ခ်ျလ ၁၀ ရက်နေ့ က တောင်ကြီးမြို့၌ ပေးအပ်ခဲ့သည်။

မတ်ခ်ျ ၁၀ ရက်နေ့ က တောင်ကြီးမြို့ရှိတောင်ကြီးဟော်တယ်တွင် သံလွင်မြစ် မိုင်းတုံရေကာတာ ရေးလျှပ် စစ်စီမံကိန်းအား ဆန်းစစ်မည့် လုပ်ငန်းအကောင်အထည်ဖေါ်ရေးအတွက် SMEC International Pty Ltd က သျှမ်းပြည်နယ် တောင်ပိုင်းရှိအရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း(၄၀) ကျော် ၊ ပါတီများ နှင့်ဒေသခံများအား ရှင်းလင်းချပြသည့်အခမ်းအနား တရပ်ပြု လုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ သံလွင်သားချင်းများအဖွဲ့က " NO DAM ON SALWEEN RIVER " စာတန်း ပါ ခေါင်းစည်းများပတ်ကာ တက်ရောက် ခဲ့ကြသည်။

" ဒီအဖွဲ့တွေကို ကျနော်တို့အခုမှကြားဖူးတာ။ အစိုးရကိုလည်းမယုံဘူး ၊ ဒီအဖွဲ့ကိုလည်းမယုံဘူး ၊ လူထု တွေ ရဲ့ နစ်နာမှု၊ ပျက်စီးဆုံးရှုံးမှုတွေအတွက် ကျနော်တို့ ကြိုးစားပြီးတော့ကာကွယ်သွားမယ် ၊ အသက် ပေးပြီး ကန့်ကွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ် ။ " ဟု SNLD ပါတီမှ မိုင်းတုံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အကြား မိုင်းတုံရေအား လျှပ်စစ်စီမံ ကိန်းတည်ဆောက်ပါက အကျိုးသက် ရောက်မှုများအား စစ်တမ်းကောက်ယူပေးရန် မြန်မာ အစိုးရ နှင့် ဆည် တည်ဆောက်ရေး ကုမ္မဏီများက သြစတေးလျနိုင်ငံအခြေစိုက် SMEC – environment and social impact assessment ကုမ္မဏီအား ငှားရမ်း ထားခြင်းဖြစ်သည်။

လေ့လာဆန်းစစ်ချက်များအား SMEC မှ အစီရင်ခံစာ ၅ စောင် ထက်မနည်း နိုင်ငံတော် အစိုးရ ၊ ကုမ္မဏီ နှင့် လူထု ထံ တင်ပြပြီးမှသာ ရေကာတာစတင် တည်ဆောက်သွားမည်ဟုလည်းဆိုသည်။

မည်သို့ပင်ဆိုစေ လာမည့် ၂၀၁၇ မတ်ခ်ျလ အတွင်း မိုင်တုံဆည် တည်ဆောက်ရေးလုပ်ငန်း စတင်သွား မည်ဖြစ်ကြောင်း SMEC က ပြောကြားသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List