Tuesday, March 10, 2015

ခရိုင်းမီးယားကိုသိမ်းရန် လျှို့ ဝှက်အမိန့်ပေးခဲ့သည်ဟု ပူတင်ဆို


ရုရှားက ခရိုင်းမီးယားကိုသိမ်း ပိုက်ရန် လျှို့ဝှက်အမိန့်ပေးခဲ့သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော်ပြောကြားလိုက်သည့်ပြင် ယူကရိန်းက ဖြုတ်ချလိုက်သည့် ရု ရှားလိုလားသော ယူကရိန်းသမ္မတ ကို ကယ်တင်ရေး တိုက်ခိုက်ရန်ရုရှား စစ်တပ်များ မည်ရွေ့မည်မျှအသင့် ရှိနေပြီ ဖြစ်ကြောင်းကိုလည်း ၄င်း က ဖော်ပြလိုက်သည်။
ရုရှားက ခရိုင်းမီးယားကို လွန် ခဲ့သောတစ်နှစ်၌ သိမ်းပိုက်ခဲ့ခြင်း နှင့် ပတ်သက်၍ ပူတင်ကပွင့်ပွင့် လင်းလင်း ပင်ဆွေးနွေးခဲ့ပြီး ၄င်း၏ ဆွေးနွေးချက်ကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား Rossiya-1 ကဖော်ပြ ခဲ့သည်။ ယင်းကို Homeward bund ဟူ၍လည်း Rossiya-1 က ခေါ်ဆိုသည်။

ဖြုတ်ချခံရသည့် ယူကရိန်း သမ္မတဗစ်တာယာနူကိုဗစ်ခ်ျကို မည် သို့မည်ပုံဆွဲထုတ် ကယ်တင်ရမည် ဆိုသည် ကို လုံခြုံရေးအကြီးအကဲ များနှင့် တစ်ညလုံးဆွေးနွေးရာတွင် ပူတင်က အသေးစိတ်ဖော်ပြဆွေး နွေးသည်။ ဗစ်တာယာနူကိုဗစ်ခ်ျ သည် အနောက်လိုလားသူများ၏ လမ်းပေါ်တက် ဆန္ဒပြတော်လှန်မှု ကြောင့် ထွက်ပြေး သွားခဲ့ရသည်။

''ကျွန်တော်တို့တစ်ညလုံးဆွေး နွေးခဲ့ကြတာ နံနက် ၇ နာရီလောက် မှာ ဆွေးနွေးပွဲပြီးခဲ့တယ်။ ဒီအစည်း အဝေးက လူစုခွဲကြတဲ့အခါ ခရိုင်းမီး ယားကို ရုရှားနယ်ထဲသွတ်သွင်းရေး အလုပ်ကို စလုပ်ကြရမယ်''ဟု ပူတင် ကဆိုခဲ့သည်။

ထိုအစည်းအဝေးမှာ ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီလထဲ၌ပြု လုပ်ခဲ့သည့် အစည်းအဝေးဖြစ်သည်။ ထိုအစည်း အဝေးပြီးနောက်လေးရက် အကြာ၌ ရုရှားကခရိုင်းမီးယားအား သိမ်းပိုက်ရေးအလုပ်ကို စတင်ဆောင် ရွက်လာခဲ့ပြီး မတ်လ ၁၈ ရက်၌ သိမ်းပိုက်ခဲ့လေသည်။ ရုရှားကခရိုင်း မီးယားအား သိမ်းပိုက်ခြင်းကို အ နောက်နိုင်ငံများက အပြစ်တင်ရှုတ် ချခဲ့ကြသည်။

ယာနူကိုဗစ်ခ်ျကို ကယ်တင်ရေး အလို့ငှာ ဒိုနက်စ်သို့သွားရာလမ်း တစ်လျှောက်တွင် တိုက်ခိုက်မှုများ ပြုလုပ် ရန် ရုရှားစစ်သားများက အ သင့်ရှိနေသည်ဟု ပူတင်ကဆိုကြောင်း ဗီဒီယိုမှတ်တမ်းကဖော်ပြသည်။

AFP
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List