Friday, March 13, 2015

အမေရိကန်တွင် ရဟတ်ယာဉ်တစ်စီး ပျက်ကျ ၊ တာဝန်ကျစစ်သား ၁၁ ဦး သေဆုံး





အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က စစ်တပ်အခြေစိုက်စခန်းနားမှာ ရဟတ်ယာဉ်တစီး ပျက်ကျလို့ တာဝန်ကျစစ်သား ၁၁ ယောက် သေဆုံးနိုင်တယ်လို့ အမေရိကန်စစ်တပ် အရာရှိတယောက်က မတ် ၁၁ ရက်က ပြော ပါတယ်။

ရဟတ်ယာဉ်က မရိမ်းတပ်သား ၇ ယောက်နဲ့ စစ်သား ၄ ယောက်ကို တင်ဆောင်ထားပြီး ညအချိန် သင် တန်းဆင်းနေတုန်း ပျက်ကျခဲ့လို့ အလာင်းတချို့ ရေစီးနဲ့ ပါသွားခဲ့ တယ်လို့ အဒ်လင် လေတပ်အခြေစိုက် စခန်း ပြောခွင့်ရက ပြောပါတယ်။

ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပြီး အလောင်းတချို့ ပြန်ရပြီလို့ အခြေစိုက်စခန်းရဲ့ ပြည်သူ့ သတင်း အချက်အလက် အရာရှိ မိုက်ခ် စပိတ်စ်က ပြောပါတယ်။

အလောင်းတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။ မြူတွေ ထူထပ်စွာသိပ်သည်းနေလို့ ရှာဖွေရေး အားထုတ်မှုတွေကို နှောင့်နှေးစေ တယ်လို့ ပြောခွင့်ရ ဆာရာ ဗီဒိုနီက ကြေညာချက် ထုတ်ပြန်ပါ တယ်။

မနေ့ညက သင်တန်းအတွင်း လေယာဉ် ၂ စီး ပါတယ်။ ၁ စီးက ည ၈ နာရီခွဲမှာ ပျောက်နေကြောင်း သတင်း ပို့ခဲ့တာလို့ စပိတ်စ်က ပြောပါတယ်။

ပြောခွင့်ရ မဟုတ်တဲ့အတွက် အမည်မဖော်လိုတဲ့ အမေရိကန် စစ်တပ်အရာရှိ တယောက် ကတော့ လေယာဉ်ပေါ်ပါတဲ့ ၁၁ ယောက်လုံး သေပြီလို့ ယူဆကြောင်း ပြောခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List