Friday, March 13, 2015

ထိုင်း အငှား မော်တော်ဆိုင်ကယ် လုယက်သူ မြန်မာ ၄ ဦးကို ဖမ်းဆီး


ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အငှား မော်တော်ဆိုင်ကယ် ကို ဓားနဲ့တေ့ လုယက်တဲ့ မြန် မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ဝင်တဦးက  ပြောပါတယ်။ဖမ်းဆီးထားတဲ့သူတွေ ကတော့ အောင်ဝင်းထွန်း ( ၂၁ ) နှစ်၊ မောင်ကျော်  ( ၂၀ ) နှစ်၊ အောင်ထွန်း ( ၂၁ ) နှစ် နဲ့ ကိုချိုင်း ( ၂၁ ) နှစ် တို့ ဖြစ်ပြီး မတ် ၁၂ ရက်  မနက်ပိုင်းက  အငှားဆိုင်ကယ် မောင်းနှင်တဲ့ ထိုင်းအမျိုးသမီး ၂ ဦးဆီကနေ ဆိုင် ကယ် ၂ စီးလုယက်သွားတာလို့ ရဲဝန်ထမ်းက ပြောပါတယ်။
မဲဆောက်မြို့လယ်ရပ်ကွက်ကနေ မြို့ပြင်ဘက်ကို လိုက်ပို့ပေးဖို့  ဆိုင်ကယ် ၂ စီးကို လူ ၄ ဦးက ငှားရမ်းခဲ့ပြီး လူပြတ်တဲ့နေရာ အရောက် အပေါ့သွားမယ်လို့ ပြောကာ ဆိုင်ကယ်ရပ်ခိုင်းကြောင်း၊ ဒီနောက် ဆိုင် ကယ်မောင်းတဲ့ အမျိုးသမီး ၂ ဦးကို ဓားဖြင့်ခြိမ်းခြောက်ခဲ့ပြီး အမျိုးသမီးများ ထွက်ပြေးတာနဲ့ ဆိုင်ကယ် ကို မောင်းပြေး သွားကြောင်း ၊ အမျိုးသမီးတွေက ရဲစခန်းကို တိုင်ကြား ခဲ့ရာမှာ မြန်မာ ဘက်ခြမ်းမကူးခင် ဖမ်းဆီးရမိခဲ့တာလို့ ရဲက ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးချက်အရ သူတို့မှာ အလုပ်သမားကဒ်မရှိဘဲ  မြန်မာဘက်ခြမ်းနဲ့ မဲဆောက်ဘက်ခြမ်းကို သွားလာလုပ်ကိုင် ကျင်လည်ကျက်စားနေကြောင်း ၊ ဒီမတိုင်ခင်ကလည်း ခုလိုဆိုင်ကယ်လုယက်မှု ၂ ကြိမ် ကျူးလွန်ခဲ့ပြီး မြန်မာဘက်ခြမ်းမှာ ပြန်ရောင်းတယ်လို့ ၀န်ခံသွားတယ်လို့ ဆိုပါတယ်။

သူတို့ ၄ ဦးကို  လက်နက်မှု လုယက်မှုတွေနဲ့ ဆက်လက်အရေးယူဖို့ မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထား ပါတယ်။

DVB

No comments:

Post a Comment

My Blog List