Friday, March 13, 2015

ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် သပိတ်မှောက်ကျောင်းသား နှစ်ဖက်စလုံးကို မေးခွန်းထုတ်စရာရှိဟု ပြော



အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးမှ အစပြုခဲ့သည့် ကျောင်းသားသပိတ်လှုပ်ရှားမှုတွင် အစိုး ရနှင့် ကျောင်းသားတို့ ဆွေးနွေးပွဲများ၌ နောက်ပိုင်းတွင် ပညာရေးဥပဒေအကြောင်း ဆွေးနွေးခြင်းထက် ချီတက်ပုံချီ တက်နည်းကိုသာ အဓိကထား ဆွေးနွေးနေခြင်းကို အစိုးရနှင့် ကျောင်းသားများ နှစ်ဖက် စလုံး အား မေးခွန်းထုတ်လိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
မတ်လ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီခရီးကြမ်းအစီအစဉ်တွင် RFA သတင်းဌာနအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျောင်း သားများ ကြွေးကြော်သံမတိုင်ရ၊ အလံမထူရဆို သည့် တောင်းဆိုမှုများမှာ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်ကို တားမြစ်ရာရောက်၊ မ ရောက်မေးမြန်းခြင်း အပေါ် ဒေါ် အောင်ဆန်းစုကြည်က ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

‘‘အစတုန်းက ဘယ်လိုသ ဘောတူညီချက်တွေရှိလဲဆိုတာ မသိရဘူးပေါ့။ အခုဟာက ပညာရေးဥပဒေက စလိုက်တဲ့ကိစ္စပေမယ့် နောက်ပိုင်းမှာ ပညာရေးဥပဒေအကြောင်း သိပ်ပြီးတော့ ဆွေးနွေးတာမကြားရဘူး။ ချီတက်တဲ့ပုံ၊ ချီတက်တဲ့နည်းကိုပဲ အဓိကထားပြီး ဆွေးနွေးနေကြတာဆိုတော့ အဲဒါကကော ဒီလိုလုပ်သင့် သလားဆိုတာ နှစ်ဖက်စလုံးကို မေးခွန်းထုတ်စရာရှိတာပေါ့’’ဟု ၎င်းက ပြောကြားသည်။

ယခုပြဿနာကြောင့် လွှတ်တော်တွင်း အမျိုးသားပညာရေးဥပဒေကြမ်း ပြင်ဆင်ရေးတွင် သက်ရောက်မှု မရှိနိုင်ကြောင်းနှင့် လွှတ်တော်မှာ ဥပဒေပြုရေးနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ဆို သည်။ ဥရောပ သမဂ္ဂက သင်တန်းများပေးထားပါလျက် မလိုအပ်ဘဲရဲတပ်ဖွဲ့မှ အင်အားအလွန်အကျွံသုံး၍ဖြိုခွင်းမှုမှာ လုံးဝ မဖြစ်သင့်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးသင့် ကြောင်းလည်း ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

သို့သော် မြို့တော်ခန်းမရှေ့ တွင် ကျောင်းသားများအား ဖမ်းဆီးရန် အရပ်ဝတ်များကို အသုံးပြု ခြင်းမှာ ၁၈ ရာစုက အင်္ဂလိပ်ဥပ ဒေကို ပြန်သုံးထားပြီး မကြိုက် သည့်ကိစ္စတွင် ကိုလိုနီခေတ်အ ကြွင်းအကျန်ဟုပြောကာ ကြိုက် သည့် ကိစ္စတွင် သင့်လျော်သည့် ဖြစ်စေ၊ မသင့်လျော်သည်ဖြစ်စေ ကြိုက်သလိုသုံးစွဲခြင်းမှာ မကောင်းကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

လက်ပံတန်းရှိ ဒီမိုကရေစီ ပင်မကျောင်းသားသပိတ်စစ် ကြောင်း ရန်ကုန်သို့ချီတက်ရန် ညှိနှိုင်းမရခဲ့သည့် အတွက် မတ်လ ၁၀ ရက်တွင် ရဲများက သပိတ်ကို ဖြိုခွင်းပြီး ကျောင်းသားများ ဖမ်း ဆီးခြင်းခံခဲ့ရသည်။ ယခုအခါ ကျောင်းသားအချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း အများစုကို ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုခြင်း များရှိနေသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် ပြောသလို ချီတက်ပုံချီတက်နည်း ပဲ ဆွေးနွေးနေကြတယ်ဆိုတာက အဓိကအစိုးရ နဲ့ အာဏာပိုင်တွေ မှာ တာဝန်ရှိတာပါ။ သူတို့က ပိတ် ပင်၊ တားမြစ်၊ ကန့်သတ်လို့ ဒီလို ညှိနှိုင်းတာတွေ လုပ်လာရတာပါ။ ဒီအတွက် အဓိကမေးခွန်းထုတ် သင့်တာက အစိုးရနဲ့ အာဏာပိုင် ကိုပါ။ 


သပိတ်မှောက်ကျောင်း သားတွေကို မဟုတ်ပါဘူး’’ဟု နိုင် ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်း က ပြောသည်။

အမျိုးသားပညာရေးဥပဒေ ကို ပြည်ထောင်စုလွှတ်တော်တွင် အတည်မပြုမီကတည်းက NNER ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကျောင်းသားများက တွေ့ဆုံဆွေး နွေးရန် အဆက်မပြတ်တောင်းဆို ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးကြားနာမှုအားနည်းခြင်း နှင့် တောင်းဆိုမှုများကို မျက်ကွယ် ပြုခြင်းကြောင့် ယခုလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၎င်းက ပြောသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်က ပြဋ္ဌာန်းထားပြီးတဲ့ ဥပဒေကို ကျောင်းသားတွေ စကန့်ကွက်က တည်းက သိပ်ပြီး သဘောကျတာ မဟုတ်ဘူး။ သူလွှတ် တော်မှာ ပြောတာ ကျောင်းသား တွေ ဆန္ဒပြ ပွဲပေါ်လာတာ ဥပဒေ ချို့ယွင်းလို့ မဟုတ်ဘူး။ ဥပဒေ အတွက် ပညာရေးဌာနက နည်း ဥပဒေထုတ် တာ နောက်ကျနေ တော့ ကျောင်းသားအဖွဲ့အစည်း ဖွဲ့ရေးကိစ္စလုပ်မရ ဖြစ်နေတယ်။ အဲဒါကြောင့်လို့ သူယူဆတယ်။ ဒါကြောင့် သူက ဥပဒေပြင်ပေးရေး ကျောင်းသားတွေ ဆန္ဒပြတာ၊ အစိုးရကိုတင်မက လွှတ်တော်ကို ဖိအားပေးတာမျိုးလုပ်တာ သူ သ ဘောမကျဘူး။ သူက အပေးအယူ ရှိရမယ်၊ ဆွေးနွေး ရမယ်လို့ ယုံ ကြည်တယ်။ ဘယ်ဘက်ကမှ ဖိ အားပေး အကျပ်ကိုင်တာမျိုး သူမထောက်ခံဘူးဆိုတဲ့ သဘော။ ဒါ က သူ့သဘောကို ကျွန်တော်သိသလောက် မြင်သလောက်ပါ’’ဟု သတင်းစာဆရာ စည်သူအောင် မြင့် က ပြောသည်။

အစိုးရသည် ယခင်ဥပဒေ များတွင် တစ်ကြိမ်တစ်ခါမျှ မလုပ် ဖူးခဲ့သော ပညာရေးဥပဒေကြမ်းကို ဘုန်းတော် ကြီးများနှင့် ဘာသာ ရေးဆိုင်ရာအဖွဲ့အစည်းများအားသွေးထိုးလှုံ့ဆော်၍ ကြေညာချက် များထုတ်ကာ ကန့်ကွက်စေခြင်း၊ ဆောင်းပါးပေါင်းစုံကို အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ခြင်းစသည့် ညစ် ပတ်သော နည်းလမ်းများသုံးလာခြင်း၊ အမျိုးသားလွှတ်တော်ဘက်ကလည်း ဥပဒေကြမ်းကြားနာပွဲ များဖြင့် အချိန်ဆွဲပညာပြရန် လုပ်လာခြင်းကြောင့် ကျောင်းသားများ ရန်ကုန်ချီတက်ရေးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ဥပဒေထဲမှာ သမဂ္ဂဖွဲ့ခွင့်ဆို တာမျိုးမပါတာက ကျောင်းသား တွေကို မခံမရပ်နိုင်ဖြစ်စေပါ တယ်။ ချီတက် ဆန္ဒပြပွဲတွေဖြစ် တယ်ဆိုတာ အမျိုးသားပညာရေး ဥပဒေကို ပြည်ထောင်စုလွှတ် တော်က တစ်ဖက်သတ်ပြ ဋ္ဌာန်းခဲ့ တာ ကျောင်းသားတွေပေးထားတဲ့ ရက်ပေါင်းခြောက်ဆယ်အတွင်း မှာ မသိကျိုးကျွန်ပြုခဲ့တာ၊ အဲဒါတွေ ကြောင့် မန္တလေးကနေ ရန်ကုန်ချီတက်ဆန္ဒပြပွဲဆိုတာ ဖြစ်လာတာပါ။ 

အဲဒီတော့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ အချိန်ဆွဲတာ၊ ကြန့်ကြာအောင်လုပ်တာ၊ သွယ်ဝိုက်လျစ် လျူရှုတာတွေကြောင့် ဆန္ဒပြပွဲတွေဖြစ်လာတာပါ’’ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ−ပြည့်စုံအောင်/အီးပီအေ)
7Day Daily

No comments:

Post a Comment

My Blog List