Friday, March 13, 2015

နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံး၌ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်နေသည့် ကျောင်းသား/သူများနှင့် ပြည်သူလူထုတို့ကို အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုတ်ချပွဲကို လူတန်းစား အလွှာအသီးသီး တက်ရောက် ခဲ့ပြီး ဖမ်းဆီးထားသူများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်



ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆို နေသော ကျောင်းသား/သူ များနှင့် ပြည်သူ လူထုကို ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနားကို မတ် ၁၂ ရက် နံနက် ၁ဝ နာရီတွင် ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ပြု လုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံရေးအင် အားစုများ၊ ရှေ့နေများ၊ အနုပညာရှင် များ၊ စာရေးဆရာ/ကဗျာဆရာ များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ကျောင်းသား သမဂ္ဂ များနှင့် အများပြည်သူများ တက်ရောက်ခဲ့ကြပြီး လက်ပံတန်းမြို့နယ်တွင် ဒီမိုကရေစီ ပညာရေးပင်မ သပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းခဲ့မှု အပေါ် ပြင်းထန်စွာကန့် ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ် ဖော်ခဲ့ကြပြီး ဖမ်းဆီးခံထားရသူများ အားလုံးကို ခြွင်းချက်မရှိပြန် လွှတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူက “လူနာတင်ကားထဲမှာရှိတဲ့ ဒဏ်ရာရနေ တဲ့ ကျောင်း သားလူငယ်တွေကို အပြင်ကို ဆွဲထုတ် တယ်။ ကျောင်းသားတွေကို အထိမခံတဲ့အတွက် ကားကို နံပါတ် တုတ်နဲ့ ရိုက်တယ်၊ ခဲနဲ့ပေါက်တယ်။ ကားက နောက်ကြည်မှန်ကွဲသွားတယ်။ ဘေး က ဘော်ဒီတွေချိုင့်သွား တယ်။ ဒါတောင် ရှေ့မှန်ကိုခွဲတယ်။ ရှေ့မှန်ကမကွဲလို့။ ကျွန်တော်တို့ကတော့ လူသားချင်းစာနာမှုနဲ့ လူသား ပီသစွာ လုပ်ကိုင်နေကြတာ။ ဒီဖြစ်ရပ်က အင်မတန်ကို ရုပ်ဆိုးတယ်။ ပြည်သူ လူထုက တင်မြှောက် တဲ့အစိုးရဆိုရင် ပြည်သူလူထုကို ဒီလိုအကြမ်းဖက်ဖို့ မလိုအပ်ပါဘူး။ နောက်နောင် ပြည်သူလူထုက တင်မြှောက်တဲ့ အစိုးရဆိုပြိးတော့ မပြောပါနဲ့လို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောကြားသည်။

ယင်းအကြမ်းဖက်မှု ဆန့်ကျင်ရှုတ်ချပွဲသို့ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက,က သဝဏ် လွှာပေးပို့ခဲ့ပြီး သဝဏ်လွှာ၌ ဘုန်းကြီးလူထွက်ဟာ ဘုန်းကြီးအကျင့်မပျောက်သလို အာဏာရှင် လူထွက် ဟာလည်း အာဏာရှင် အမူအကျင့် မပျောက်ဘူးဆိုတာကို လက်ပံတန်းအကြမ်းဖက်မှုက ထင်ရှားစွာ သက်သေပြလိုက်ပါပြီ။ ဒီမိုကရေစီအစိုးရဟု နာမည်ခံထားသည့် လက်ရှိအစိုးရရဲ့ နိုင်ငံတော် အကြီးအကဲ အားလုံးနီးပါးနှင့် ဒေသဆိုင်ရာ အားလုံးနီးပါးအား အာဏာရှင် လက်ထက်က အစိုးရအဖွဲ့ အစည်းထဲမှာ ဦး စွာပါဝင်ခဲ့ကြတဲ့သူတွေဖြစ်လို့ အာဏာရှင် လူထွက်တွေပဲလို့ ပြောရမှာပါ။ “မိဘ ပြည် သူများခင်ဗျာ” ဟု ရင်ထဲက မပါတဲ့ လေသံနှင့် အပေါ်ယံဟန်ပြ မပြောဆိုသင့်သလို “သားသမီးကျောင်းသား ကျောင်း သူတို့ရေ” ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို မိဘကောင်းတစ်ယောက်ရဲ့စစ်မှန်တဲ့ ကရုဏာ သံပြည့်ဝ စွာဖြင့် နွေးနွေးထွေးထွေး ပြောဆိုနိုင်ဖို့ကိုလည်း လုံးဝ ဝန်မလေးသင့်ပါဘူး။ မတ် ၁ဝ ရက် လက်ပံ တန်း ကျောင်းသားသပိတ်ဖြိုခွင်းမှုကို ရှုတ်ချပါတယ်။ နောင်လာမဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို အကြမ်း မဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ၊ လူကြီးလူကောင်းဆန်စွာ မေတ္တာနည်း ကျဖြေရှင်းကြပါလို့လည်း အလေးအနက် မေတ္တာရပ်ခံပါတယ်ဟု ဖော်ပြပါရှိ ခဲ့သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုမင်းကိုနိုင်က “လက်ပံတန်း ဖြစ်ရပ်က ဥပဒေနဲ့ ညီလား၊ မညီလားဆိုတဲ့ မေးခွန်းအားလုံး လည်း သိချင်ကြတယ်။ ခက်တာက ဘယ်သူက အတည်ပြုပေး မှာလဲ။ ကျွန်တော်တို့ ရင်ထဲမှာရှိနေတယ် အမှန်တရားက။ တကယ်တိုင်းပြည်မှာက တရားစီရင်ရေးကရော ကျွန်တော်တို့ မျက်စိမှိတ်ယုံကြည်ရတဲ့ တရား စီရင်ရေးလား။ အုပ်ချုပ်ရေးကမှာသမျှကို ဖတ်ပြရတဲ့ တရား စီရင် ရေးလား ဆိုတာ မေးစရာရှိပါတယ်။ အဲ့တော့ တရားစီရင်ရေးကပဲ ဘယ်လောက်ဖြောင့်  ဖြောင့်မှန် မှန်ဆောင်ရွက်နိုင်မလဲ။ ကျွန်တော် တို့အားလုံးကရောဘယ်လောက် အားစိုက်ပြီး တော့ အမှန်တရား ကို ဖော်ထုတ်ပြီး တရားမျှတမှုဘက်က ခုခံကာကွယ်နိုင်မလဲဆိုတာ ရှိပါတယ်။ နိုင်ငံ တကာကိုလည်း ပွင့်ပွင့် လင်းလင်း သတင်းစကား ပေးရပါလိမ့်မယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင် နေ ရတယ်။

အဲဒီအတွက် နိုင်ငံ သားတွေရဲ့ အခွင့်အရေးဟာ အားလုံးနဲ့သက်ဆိုင်တယ်။   နိုင်ငံသားတွေရဲ့ မှုလအခွင့် အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒပြခွင့်ကို ထိခိုက်တယ်ဆို တာအခွင့်အရေးဆုံးရှုံးတာပဲ။နောက်တစ်ခုက ဘဝ၊ အသက်၊ လုံခြုံမှုကင်းမဲ့နေတယ်လို့လည်း ကျွန်တော်တို့မြင်တယ်။ အဲဒီတော့ အခြေခံ နှစ်ချက်တောင် မရဘဲနဲ့ ဘယ်လိုပြုပြင်ရေး၊ ပြောင်းလဲရေး၊ ဘယ်လိုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကိုသွားနေပါသည် ဆိုဆို ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ ယုံကြည်လိုက်ခံလို့ မရဘူး။ 

အဲဒီဆုံးရှုံးနစ်နာမှုတွေကို ပြန်လည်ခုခံ ယူပြီးတော့ ကျွန်တော်တို့အားလုံးက နောက်ထပ် ရင်ဆိုင်ရမယ့် အဆိုးတွေထဲက အဲဒီလို ရက် စက်ကြမ်းကြုတ်စွာဖြေရှင်းချင် သူတွေရဲ့ ပရိယာယ်မာယာတွေကို ကျွန်တော် တို့ စုစည်းညီညာတဲ့ အားတွေနဲ့တွန်းလှန်ပြီး အခက်ခဲအားလုံးတွန်းလှန်နိုင်တဲ့ နိုင်ငံသူ နိုင်ငံသား၊ အမှန်တ ရား ဘက်တော်သားမျာ အဖြစ် လက်တွဲနိုင်ကြပါစေ” ဟု ပြောကြားသည်။

ယင်းသို့ အကြမ်းဖက်ခွင်းမှုများအား ကန့်ကွက်သော လှုပ်ရှားမှုတစ်ရပ်အဖြစ် အနက်ရောင်အဝတ်အစား အနက်ရောင်ဝတ်ဆင်ရန် (သို့မဟုတ်) အနက်ရောင်အဝတ်အစအား ရင်ဘတ်၌ ချိတ်ဆွဲထားမှုကို တစ်ပတ် တိတိ လှုပ်ရှားသွားမည်ဖြစ်ပြီး မည်သူမဆိုပါဝင်နိုင်ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ကြေညာခဲ့ သည်။ အလားတူ အမုန်းမပွား ရေးပန်းစကား လှုပ်ရှားမှုအဖွဲ့မှလည်း အကြမ်းဖက်ဖြိုခွင်းမှုအား ဆန့်ကျင် ကန့်ကွက်သော အားဖြင့် ရင်ဘတ်တွင် နှင်းဆီအဖြူရင် ထိုးအားတပ်ဆင်သည့် နှင်းဆီဖြူလှုပ်ရှားမှုကို ပြုလုပ် သွားမည်ဖြစ်သည်။

ထို့ပြင် သရုပ်ဆောင် ကိုဗေလုဝကလည်း “ပထမကတော့ စိတ်ထဲမှာ ကလေးတွေကို မလုပ်လောက်ပါဘူး လို့ ထင်ထားတာ။ တစ်ဖက်က လည်း ပြန်စဉ်းစားကြည့်တော့ ဘုန်းကြီးတွေကိုတောင်မှ လုပ်သေး တာပါပဲ။ လူဆိုရင်တော့ ဘာမလုပ်နိုင်စရာ အကြောင်းရှိလဲပေါ့။ အခုလိုကျောင်းသား တွေ အကြမ်းဖက်ဖမ်းဆီးတာကို အပြင်း အထန်ရှုတ်ချပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ပြည်သူရဟန်းသံဃာတွေကို ပြန်လွှတ်ပေးပါလို့လည်း တောင်းဆိုချင်ပါ တယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်ဒီအစိုးရကို မယုံပါဘူးလို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

အလားတူ သရုပ်ဆောင် ဦးဇင်ဝိုင်းက လည်း “မီဒီယာများကြောင့် ဖြစ်စဉ် အမှန်တွေကို အများပြည်သူသိရှိခဲ့ ရပါတယ်။ ဒါ ကြောင့်မို့လို့ မီဒီယာများကိုလည်း လေး လေးစားစားကျေးဇူးတင်သလို ဒီနေ့ဖြစ်နေ တဲ့ ဖြစ် ရပ်တွေကို အဖြူ ကိုအမည်း၊ အဓမ္မကို ဓမ္မ၊ အမှားကို အမှန်ဖြစ်အောင်ရေးနေကြတဲ့ ပြည်သူဗဟိုပြုမီဒီယာ လို့ခေါ်တဲ့အစိုးရဗဟို ပြုမီဒီယာသတင်းစာများကိုလည်း ပြောကြား လိုပါတယ်။ အဓိကအားဖြင့် သမ္မတ ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ မီဒီယာများကို ကိုင်တွယ် ထားတဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ကျွန်တော်ပြော ကြားလိုပါတယ်။ 

ဒီကနေ့ တာဝန်သိတဲ့ မီဒီယာများကိုတိုင် အရိုက် အနှက်၊ ဖမ်းဆီးခံပြီး တင်ပြပေးလို့ ကျွန် တော်တို့ပြည် သူတွေသိခဲ့ကြရပါတယ်။ပြည် သူတွေမှာမြင်နိုင်တဲ့ မျက်စိတွေရှိပါတယ်၊ ကြားနိုင်တဲ့နားတွေရှိပါတယ်။ စဉ်းစားချင့် ချိန်နိုင်တဲ့ ဦးနှောက်တွေရှိပါတယ်၊ စာနာ၊ မျှဝေခံစားနိုင်တဲ့ အသည်းနှလုံးတွေ ရှိပါ တယ်။ ဒါ့အပြင် လူနဲ့လူချင်း၊ သားနဲ့သမီး ချင်းကိုယ်ချင်းစာတတ်တဲ့ ကိုယ်ချင်းစာစိတ် တွေရှိပါတယ် ဦးရဲထွဋ်ခင်ဗျာ။ ဒီခေတ်က တောင်ဝင်ရိုးစွန်းမှာဖြစ်တဲ့အခြေ အနေကို မြောက်ဝင်ရိုးစွန်းကနေ သိနိုင်တဲ့ ခေတ်ကို ရောက်နေ ပါပြီ ဒါကိုလည်း မမေ့စေချင်ပါဘူး။ ဒါကိုမှ ဓမ္မကို အဓမ္မ၊ အမှားကိုအမှန် တရွာလုံးနဲ့ တစ်ယောက် ခံငြင်းနေ ဦးမယ် ဆိုရင်ဖြင့် မိမိကိုယ်တိုင်ကော မိမိကာကွယ် ရတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းပါ သိက္ခာကျပါ့မယ်။ပြည်သူနဲ့ အစိုးရကြားကယုံကြည်မှုဆိုတာ ဝေးသ ထက် ဝေးရုံမက ဆန့်ကျင်ဘက်ကို ရောက်သွားပါလိမ့်မယ်။ပြည် ထဲရေး ဝန်ကြီး ဌာနရဲ့ထုတ်ပြန်မှုဖြစ်တဲ့ ကျောင်းသားစစ် စစ်များကို မိဘများထံပြန်အပ်မယ် ကျန် သော ပုဂ္ဂိုလ်များကို ဥပဒေနဲ့အညီ အရေး ယူမယ်ဆိုတာ လေးပွင့်ဆိုင်တွေ့ဆုံပွဲမှာ သဘောတူထားတဲ့   သပိတ်မှောက်ကျောင်း သားများ၊ ဝန်းရံတဲ့ပြည်သူများ၊ အားပေး တဲ့သူများကို အရေးယူခြင်း မရှိစေရဟူတဲ့ သဘောတူညီချက်ကို ချိုးဖောက်တာပါ။ တစ်နည်းအားဖြင့်တော့ နောင်ကို ကျောင်း သားမကလို့ သံဃာမက လို့ ဘယ်သူပဲ ဆန္ဒပြ ပြ ဘေးကတော့ အားပေးဖို့ မကြိုးစားနဲ့ အားပေးတဲ့သူ အားလုံးကို ထောင်ထဲထည့် မယ်လို့ ပြတ်ပြတ် သားသားကြွေးကြော်ခြိမ်း ခြောက်မှု လို့ယူဆပါတယ်။ လက်ရှိဖမ်းဆီး ခံထားရသူများ အားလုံးနှင့် ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်ခြင်းကြောင့် ထောင် ကျခံနေရသူအားလုံးကိုလည်း အမြန်ဆုံးပြန် လွှတ်ပေးပါလို့ ကျွန်တော် ဒီနေရာကတောင်း ဆိုလိုက်ပါတယ်”ဟု ပြောကြားသည်။

ထို့နောက် တေးသံရှင်မွန်းအောင်နှင့် လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းတေးဂီတ အဖွဲ့မှ ကျောင်းသားထု တေး သီချင်းအပါအဝင် တခြားတေးသီချင်းတို့ ကို ဖျော်ဖြေတင်ဆက်၍ ဖမ်းဆီးခံထားရသော ကျောင်းသားများ အား ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါပွဲတွင် လူ့အခွင့်အရေးချိုး  ဖောက်ခံရမှုဆိုင်ရာ စုံစမ်းဖော် ထုတ်ရေး ကော်မတီမှ မတ် ၅ ရက်တွင် မြို့တော်ခန်း မရှေ့၌ ဒီမိုကရေ စီကျောင်းသားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့ဝင် များနှင့် လက်ပတ်အနီပ တ်ထားသူများက အကြမ်းဖက်ဖြိုခွဲမှုဖြစ်စဉ်နှင့် မတ်လ ၁ဝ ရက်လက်ပံတန်း မြို့နယ်အတွင်း ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ် (ပင်မ) စစ်ကြောင်းအားရဲ့ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွဲမှုများ သည် ဥပဒေနှင့်အညီ ရှင်း လင်းဆောင်ရွက်ခြင်း မဟုတ်ဘဲ အကြမ်းဖက်ပြစ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဥပဒေနှင့်မညီသော အကြမ်းဖက်ပြစ်မှု ကျူးလွန်သူများနှင့် ကျူးလွန်ရန်  အမိန့်ပေးအပ်ခဲ့သည့် အဆင့် ဆင့်တာဝန်ရှိသူ များကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး ယင်းဖြစ်ရပ်များကို သိရှိထားသည့် မျက်မြင်တွေ့ရှိ သူများ၊ ကျူးလွန်ခံရသူများ၊ ဖမ်းဆီးခံရသည့် မိသားစု ဝင်များ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အချက်အလက်အထောက် အထားများအား စမ်း ချောင်းမြို့ နယ်၊ ချမ်းသာလမ်းအမှတ် ၁ဝ၊၇ လွှာရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီသို့ ပေး ပို့ရန် တောင်းခံစာများ ဖြန့်ဝေခဲ့သည်။


Eleven Media Group

No comments:

Post a Comment

My Blog List