Tuesday, March 10, 2015

၁၀ တန်းအတွက် ကြိုပြင်စရာရှိလို့ ဇာတ်ကားရိုက် လက်မခံသေးတဲ့ ယွန်းယွန်း


န၀မတန်းစာမေးပွဲ ဖြေဆို ပြီး၍ ကျောင်းပိတ်ထားသော်လည်း တက္ကသိုလ်ဝင်တန်းအတွက် စတင် ပြင်ဆင်ရ မည်ဖြစ်သောကြောင့် ဇာတ်ကားများ လက်ခံရိုက်ကူး ဖြစ်ဦးမည်မဟုတ်ကြောင်း ယွန်း ယွန်းက ပြောသည်။ ‘‘နွေရာသီမှာလည်း ဆယ်တန်းအတွက် ကျူရှင်တွေ စတက် ရတော့မှာဆိုတော့ ဗီဒီယိုတော့ မရိုက်ဖြစ်လောက်ဘူး။ ကြော်ငြာ လောက်ပဲ ရိုက်ဖြစ်မယ်ထင် တယ်’’ ဟု ၎င်းက ပြောသည်။
ယွန်းယွန်းသည် ပညာရေး ဘက်ကို အချိန်ပေးလိုသော ကြောင့် ဇာတ်ကား ရိုက်ကူးခြင်းကို ပြီးခဲ့သည့်နှစ်က တည်းက လျှော့ချခဲ့ပြီး ကြော်ငြာများနှင့် မြူးဇစ် အမ်တီဗီများသာ လက်ခံ ရိုက်ကူးခဲ့သည်။

မကြာမီရုံတင်ပြသမည့် ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်သည် ကလေး သရုပ်ဆောင် ဘ၀တွင် မလုပ် ဖူးသေးသော ကာရိုက်တာဖြင့် သရုပ်ဆောင် ထားသည့် ဇာတ်ကားဖြစ်၍ ပရိသတ် ၏ တုံ့ပြန်မှုကို ရင်ခုန်နေကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒီကားမှာ ပါတဲ့ ဇာတ်ရုပ်က အပြင်ကကာရိုက်တာနဲ့ လည်း လုံးဝ မတူဘူး။ ကလေးသ ရုပ်ဆောင်အနေ နဲ့လည်း လုံးဝမ ရိုက်ဖူးဘူး။ အဲဒီလို ကာရိုက်တာ ထူးထူးခြားခြားလုပ်ထားတာဆို တော့ ပရိသတ်တွေ ဘယ် လို ပြောမလဲဆိုတာ စိတ်လှုပ်ရှားတယ်’’ ဟု ၎င်းက ပြောသည်။

7Day Daily

No comments:

Post a Comment

My Blog List