Tuesday, March 10, 2015

ကလေးငယ်တစ်ဦးမီးဆော့ကစားရာမှ နေအိမ် ၆၃လုံး မီးလောင်


(၆)နှစ်အရွယ် ကလေးတစ်ဦးက ပလတ်စတစ်ကို မီးရှို့ပြီး မီးဖိုဆောင် အကာထရံ ဘေးသို့ ပစ်ချရာ မှ ရေနံချောင်း မြို့အနီး စခမ်းကန်ကျေးရွာတွင် မီးလောင် ကျွမ်းခဲ့ရာ အိမ် ၆၃လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း မကွေးတိုင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။


မတ်လ ၉ရက် နံနက် ၈နာရီ ခွဲခန့်တွင် မီးစတင်လောင်ခဲ့ခြင်း ဖြစ်ပြီးနှစ်နာရီကျော်ကြာ မီးငြှိမ်း သတ်ခဲ့ရကာ ဆုံးရှုံးမှုတန်ဖိုး ၉၈ သိန်းကျော်ရှိသည်ဟု မီးသတ်ဦး စီးဌာနက သတင်းထုတ်ပြန် သည်။

မီးလောင်မှုကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်သွားသူများကို ယင်းရွာ မူလတန်းလွန်ကျောင်းနှင့် ဘုန်း တော် ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေး ထားပြီး နီးစပ်ရာဆွေမျိုးများအိမ် ၌ နေထိုင်သူများလည်း ရှိသည်ဟု မီးသတ်ဦးစီးဌာနမှသတင်းရရှိ သည်။

အဆိုပါရွာသည် ရေနံ ချောင်းမြို့နှင့် မိုင်နှစ်ဆယ်ကျော် ဝေးပြီး ရေရှားပါးသဖြင့် မီးသတ် ရာတွင်ကန်ရေဖြင့် ငြှိမ်းသတ်ခဲ့ရ သည်ဟု ဒေသခံတစ်ဦးကပြော သည်။

မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိသော်လည်း သောက်သုံးရေရှားပါးမှု ကြုံနေ ရသဖြင့် သွားရောက်လှူဒါန်းမှု များပြုလုပ်လျက်ရှိကြောင်းသ တင်းရရှိသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းခဲ့သည့်အိမ် ရှင်ကို ပုဒ်မ ၂၈၅ဖြင့်အမှုဖွင့်အ ရေးယူ ထားကြောင်းသတင်းရရှိ သည်။

မီးလောင်ပြင်ကို တွေ့ရစဉ်
7Day daily

No comments:

Post a Comment

My Blog List