Friday, March 13, 2015

နိုင်ငံ့ဝန်ထမ်းများ တိုးမြှင့်ပေးမည့် လစာပမာဏ သေချာမှ လွှတ်တော်သို့ အသိပေးမည်


နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည့် ပမာဏကို နောက်ဆုံးဆုံးဖြတ်သည့် အချိန်တွင် သေချာမှသာ လွှတ်တော် အပါအ၀င် အားလုံးကို အသိပေးမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြောကြားလိုက်သည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံ့ဝန်ထမ်းများ၏ လစာ ကို အနိမ့်ဆုံးတစ်သိန်းနှစ်သောင်းကျပ်မှ နှစ်သိန်းကျပ်ထိ တိုးမြှင့်ပေးရန် အစိုးရအဖွဲ့အား တိုက်တွန်းပြော ကြားထားသော်လည်း ၀န်ကြီးဌာနများ တင်သွင်းသည့် ငွေစာရင်းများအရ အဆိုပါ ပမာဏထိ တိုးမြှင့်နို င်ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ထားသည်။


‘‘ကျွန်တော်တို့ နိုင်ငံက လက်ရှိပေးနိုင်တဲ့ အတိုင်းအတာ၊ နောင်လည်းဖြစ်နိုင်တဲ့ အတိုင်းအတာနဲ့ တွက်ချက်ထားပါ တယ်’’ဟု လွှတ် တော်၏ မှတ်ချက်အပေါ် ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ သဘောထားကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြောကြားလိုက်သည်။

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံ့ဝန်ထမ်းများ လစာကို စုစုပေါင်း ၀န်ထမ်းဦးရေ တစ်သန်းခန့်အတွက် ကျပ် ၂,၉၀၁ ဘီလီယံလျာထားပြီး စုစုပေါင်း ၀င်ငွေ၏ ၁၇ဒသမ၀၆ ရာခိုင်နှုန်းနှင့် စုစုပေါင်းသုံးငွေ၏ ၁၃ဒသမ၉၃ ရာခိုင်နှုန်းသာ ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက လွှတ်တော်သို့ တင်ပြခဲ့သည်။

ယခုတွက်ချက်ထားသော ပမာဏများအရဆိုပါက နိုင်ငံ့ဝန် ထမ်းများကို လစာတိုးပေးမည့် ပမာဏမှာ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု တွေ့ရနိုင်ပြီး လွှတ်တော်က ပြောကြားထားသော ပမာဏ နှင့် ကွာခြားသည့်အပြင် လက်ရှိ လစာ တစ်သိန်း ရသူက တစ်သိန်းသုံးသောင်းခန့်သာ တိုးမြှင့်နိုင်မည့်အခြေအနေဖြစ်ကြောင်း ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးစိုင်းသီဟကျော်က ပြောသည်။

ထို့ပြင် နိုင်ငံဝန်ထမ်းများကို လစာတိုးရန် လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံ့အတွက် ၀န်ဆောင်မှုပေးနေသည့် ဌာနများ၏ အသုံးစရိတ်များကို ဖြတ်တောက် လျှော့ချခြင်းထက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေသော ဌာနများ၏ အသုံး စရိတ်ကို သာ ဖြတ်တောက်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဝေ ဖန်ထောက်ပြခဲ့သည်။

အထွေထွေအသုံးစရိတ်များ ဖောင်းပွနေသည့် ၀န်ကြီးဌာနအဖွဲ့အစည်းများ၏ စရိတ်များကို ၂ဒသမ၅ ရာခိုင်နှုန်း ခန့် လျှော့ ချပစ်လျှင် နိုင်ငံ့ဝန်ထမ်းများ လစာတိုးရန် အထောက်အကူပြုသည်ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးဇော်မြင့်ဖေက ၀န်ကြီးဌာနများသို့ အကြံပြုပြောကြားခဲ့သေးသည်။

7Day News Journal

No comments:

Post a Comment

My Blog List