Tuesday, March 10, 2015

ကျောင်းသားသပိတ် ယနေ့အဖြေထွက်အောင် အရှိန်မြှင့်မည်

လက်ပံတန်းမြို့တွင် ရဲ တပ်ဖွဲ့၏ ပိတ်ဆို့တားဆီးခံထား ရသော ပင်မကျောင်းသားသပိတ် စစ်ကြောင်းသည် ယနေ့တွင် အနိုင်၊ အရှုံးရလဒ်ပေါ်လွင် အောင် သပိတ်အရှိန်မြှင့်မည်ဖြစ် ကြောင်း သပိတ် စစ်ကြောင်း ခေါင်းဆောင်များက ပြောသည်။
မတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် သပိတ်စစ်ကြောင်းကို ပိတ်ဆို့ထားမှုနှင့် အကျပ်အတည်းများ ဖြေ ရှင်းပေး ရန် အစိုးရ တာဝန်ရှိသူများကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က တောင်းဆို ထားသည်။

မတ်လ ၉ ရက်ထိ အစိုးရ က သပိတ်စစ်ကြောင်းနှင့် ပတ် သက်၍ တစ်စုံတစ်ရာတုံ့ပြန်မှု မရှိသေးပေ။

အစိုးရအနေဖြင့် တုံ့ပြန်မှု မရှိပါက ပင်မသပိတ်စစ်ကြောင်း မှ ကျောင်းသားများသည် ယနေ့ နံနက် ၁၀ နာရီတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ပိတ်ဆို့တား ဆီးမှုများကို ကျော်ဖြတ်ကာ ရန် ကုန်မြို့သို့ ချီတက်မည်ဟု သပိတ်မှောက်ကျောင်းသားခေါင်းဆောင် သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုပြည့်ဖြိုးအောင်က ပြောသည်။

‘‘တိုက်ပွဲအရှိန်မြှင့်တင်မယ်။ ရန်ကုန်ထိ အရောက်သွားမယ်။ အနိုင်၊ အရှုံးပြတ်အောင်ဆောင်ရွက်မယ်။ ကျွန်တော်တို့ရှုံးရင် ထောင်ကျမယ်။ နိုင်ရင် ရန်ကုန်ရောက်မယ်’’ ဟု ပင်မသပိတ်စစ်ကြောင်းခေါင်းဆောင်တစ်ဦးဖြစ်သူကိုသီဟ၀င်းတင်က ဆိုသည်။

မတ်လ ၂ ရက်က စတင်ပိတ်ဆို့တားဆီးခံထားရသော ပင်မ ကျောင်းသားသပိတ်စစ်ကြောင်း သည် ရန်ကုန်မြို့သို့ အချိန်တို အတွင်း သွားရောက်ရန် အချက် ရှစ်ချက်ကို တောင်းဆိုထားပြီး အစိုးရဘက်က ညှိနှိုင်းဆွေးနွေး မည်ဆိုကာ ပိတ်ဆို့ထားခြင်းဖြစ် သည်။

ပဲခူးတိုင်းဒေသကြီး၊ နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီးနှင့် ပညာ ရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်တို့ မတ် လ ၉ ရက် နံနက်က တွေ့ဆုံ ခဲ့ပြီး ကျောင်းသားသပိတ် စစ် ကြောင်းကို လက်ရှိနေ ရာမှ ရွေ့ လျားမှုမပြုစေရန်၊ လက်ပတ်ပြာ ၀တ်အရပ်သားများ လာရောက် အန္တရာယ်ပြုမည်ကို ကာကွယ်ရန် လုံခြုံရေးယူထားခြင်းဖြစ်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် လက်ပံ တန်းမြို့ရှိ လမ်းမပေါ်တွင် ပိတ် ဆို့ခံထားရသော ကျောင်းသား သပိတ်အင်အား သည် ၁၄၀ ခန့်ရှိ ပြီး ထောက်ခံအားပေးသူ ၁၂ ဦး ခန့်ရှိနေသည်။ မတ်လ ၉ ရက် ည ၁၁ နာရီဝန်းကျင်အခြေ အနေ သည် ထူးခြားမှုတစ်စုံတစ်ရာမရှိ ဘဲ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ပုံမှန်စောင့်ကြပ်နေကြောင်း လက်ပံ တန်းမြို့သို့ ရောက်ရှိနေ သော 7Day သတင်းထောက်က သတင်းပေးပို့သည်။

မတ်လ ၁၁ ရက်တွင် တက္က သိုလ်ဝင် စာမေးပွဲများ စတင် ကျင်းပမည် ဖြစ်သောကြောင့် ကျောင်းသားသပိတ် အကျပ်အ တည်းကို အလျင်အမြန် ဖြေရှင်း ရန် လိုအပ်နေပြီး အစိုးရအနေ ဖြင့် သပိတ်မှောက်ကျောင်းသား များ၏ သဘောထားဆန္ဒကို လိုက်လျောရန်(သို့မဟုတ်) ထိပ်တိုက် ဖြေရှင်းရန် ရွေးချယ်ဆုံးဖြတ်ရ မည်ဖြစ် သည်

ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၉ ရက် ညနေကတွေ့ရစဉ် (ဓာတ်ပုံ − အေပီ)
7Day Daily

No comments:

Post a Comment

My Blog List