Friday, March 13, 2015

ထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အားသက်ဆိုင်ရာမိဘများ ထံသို့ ပြန်လည် အပ်နှံခဲ့





မတ်လ(၁၀)ရက်က ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ သည့်အဖွဲ့၏ ဥပဒေမဲ့ လုပ်ဆောင်မှု များကြောင့် ဥပဒေနှင့်အညီ ခေါ်ယူ ထိန်းသိမ်း စစ်မေးခဲ့သည့် သူများထဲ မှ တက္ကသိုလ်၊ ကောလိပ်များ၌ အမှန်တကယ် ပညာသင်ကြားနေ သော ကျောင်းသား၊ ကျောင်းသူများအား ပညာဆက်လက် သင်ကြားနိုင်ရေး အတွက် လည်းကောင်း၊ မိဘများအပေါ် စာနာ ထောက်ထားသော အားဖြင့် လည်းကောင်း၊ ကျူးလွန်သည့်ပြစ်မှုများ အပေါ် သက်ညှာသောအားဖြင့် လည်းကောင်း၊ သက်ဆိုင် ရာ မိဘအုပ်ထိန်းသူများအားခေါ်ယူ၍ စနစ် တကျ ပြန်လည်အပ်နှံပေးလျက် ရှိသည်။

ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့အား သက်ဆိုင်ရာက ဆုံးမစကားပြောကြားပြီး မိဘအုပ်ထိန်း သူများထံ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ပြန်လည် အပ်နှံမှု များကိုလည်း ဆက်လက်၍ စိစစ် ဆောင် ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းရရှိသည်။

by MOI Webportal Myanmar

No comments:

Post a Comment

My Blog List