Tuesday, March 10, 2015

ဆေးရုံဆင်းပြီး နန်းတော်ကို အလည်အပတ် သွားသည့် ထိုင်းဘုရင်





မတ် ၉ ရက် ဆေးရုံက ဆင်းပြီး ဘန်ကောက်နန်းတော်ကို ထိုင်းဘုရင် ဘူမိဘော အဒူလျာဒတ်က သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါဟာ မနှစ်က ဆေးရုံတက်ရပြီးနောက် ပထမဆုံး ခရီးစဉ်လဲ ဖြစ်ပါတယ်။

ဘုရင်ဟာ နန်းတော်မှာ  ၁နာရီကျော်ကြာ နေခဲ့သလို စမ်းသပ်ဆန်စက်နဲ့ နေရောင်ခြည် စွမ်းအင်သုံးအိမ် အပါအဝင် ချစ်ထရာလာဒါ တော်ဝင်စီမံကိန်း အမျိုးမျိုးဆီကို လည်ပတ်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။

လမ်းခရီးမှာ ရှပ်အင်္ကျီအဝါရောင် ဝတ်ထားတဲ့ ဆုတောင်းသူတွေက ဘုရင်ကြီး ကျန်းမာ ပါစေလို့ အော် ဟစ် နှုတ်ဆက်ရာမှာ ဘုရင်က လက်ပြ နှုတ်ဆက်ခဲ့ပါတယ်။

သည်းခြေအိတ်ကို ဖယ်ရှားဖို့နဲ့ အူလမ်းကြောင်းပိုးဝင်မှုကို ကုသဖို့ ခွဲစိတ်ကုသ ခံယူရေး အတွက် ဘုရင်ဟာ မနှစ် အောက်တိုဘာက ဘန်ကောက်မြို့က စီရီရတ်ဂ်ျဆေးရုံကို တက်ရောက်ခဲ့ တယ်လို့  သတင်းမှာရေး ပါတယ်။

ဒီဇင်ဘာက ဘုရင့်မွေးနေ့မှာ လူထုရှေ့ အဖူးမြော်ခံ မထွက်လို့ ဘုရင့်ကျန်းမာရေး အပေါ် ပြည်သူ့တွေ စိုးရိမ် မှု မြင့်တက်ခဲ့ပါတယ်။

စည်းမျဉ်းခံဘုရင်စနစ် ဖြစ်ပေမယ့် ထိုင်းနိုင်ငံက ရှုပ်ထွေးတဲ့နိုင်ငံအခြေ အနေတွေကို  ဘုရင်က ဝင်ရောက် ဟန့်တားခဲ့ဖူးပါတယ်။

၂၀၀၆ ခုနှစ်က အခြေခံဥပဒေအကျပ်အတည်းကို ဖြေရှင်းဖို့ ဘုရင်က တရားသူကြီးတွေကို နှိုးဆော်ခဲ့ဖူး ပါတယ်။

အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းဘုရင်ဟာ ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင် ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List