Friday, March 13, 2015

လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုကို ရှုတ်ချခဲ့ကြတဲ့ အနုပညာရှင်များ


လက်ပံတန်းမြို့တွင် အစိုးရက သပိတ်မှောက် ကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းသည့်ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့် ဖမ်းဆီးထားသော ကျောင်းသားများကို အမြန်ဆုံးစေလွှတ်ရေး တောင်းဆိုခြင်းကို မတ်လ ၁၂ ရက်တွင် နာရေးကူညီမှုအသင်း ရန်ကုန်၌ပြုလုပ်ခဲ့ရာ အနုပညာရှင်များ ပါဝင်ခဲ့ကြသည်။ 


ယင်းတောင်းဆိုပွဲတွင် တက်ရောက်ခဲ့သော အနုပညာရှင်အချို့၏ စကားသံများ

ကျော်သူ

ဗိုလ်ချုပ်အောင်ဆန်း ဖဆပ လ ညီလာခံမှာပြောခဲ့သသို ဗြဟ္မာ စိုရ် တရားတွေ ပပျောက်ရင် တိုင်းပြည်က ကပ်ဘေးအမျိုးမျိုး ကြုံမယ်။ ဒါကလည်း ဗြဟ္မာစိုရ် တရားတွေ ပပျောက်တဲ့အတွက် တိုင်းပြည်က စစ်ဘေး ၊ လေဘေး၊ မီးဘေး၊ လူမျိုးရေးဆန္ဒပြတာတွေ၊ သပိတ်မှောက်တာတွေ အကြမ်း ဖက်နှိမ်နင်းတာတွေ ဖြစ် တာ။ အဲဒါ ကြောင့် ဗြဟ္မာစိုရ် တရားတွေရှိဖို့လိုပြီ။

လင်းလင်း

အဓိကကတော့ အကြမ်း ဖက် ဖြိုခွင်းတာကို ရှုတ်ချတယ်။ ကန့်ကွက်တယ်။ ဘယ်လိုအကြမ်းဖက်ဖြိုခွင်းတာ ကိုမဆို ရှုတ်ချ တယ်။ ကန့်ကွက်တယ်။ ကျောင်း သားထုကို ရဲကရိုက်ပြီး အကြမ်း ဖက်ဖြိုခွင်းတာကို ရှုတ်ချသလို အကျိုးအကြောင်း တစ်ခုခုကြောင့် ရဲတွေ ဆန္ဒပြတာကို စစ်တပ်က ရိုက်ပြီး အကြမ်းဖက်ဖြို ခွင်းတယ် ဆိုရင်လည်း ရှုတ်ချမှာပဲ။ အဲဒီလိုပဲ စစ်တပ်က ဆန္ဒပြလို့ ရဲတွေက ရိုက်တယ်ဆိုလည်း ရှုတ်ချမှာပဲ။ အဓိကကတော့ ဒီမိုကရေစီကို သွားနေတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဘယ်လိုအကြမ်းဖက်မှုမျိုးကို မဆို ရှုတ်ချတယ်။ ကန့်ကွက်တယ်။

ဇင်ဝိုင်း

လုံးဝလက်မခံပါဘူး။ ကျောင်းသားတွေမှ မဟုတ်ပါ ဘူး။ ဘယ်ကိစ္စမျိုးမဆို အကြမ်း ဖက်တာကို မလိုလား ပါဘူး။ ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ လက်မှတ်ထိုးပြီး ပို့သင့်တဲ့နေရာ ကို ပို့မှာပါ။ ဒီကိစ္စကိုလည်း ရှုတ်ချ တယ်။ နောင်မဖြစ်အောင်လည်း ကြိုးစားပေးပါ။ အကြမ်းဖက်တာ တွေကို မဖြစ်စေချင်ပါဘူး။ စားပွဲ ပေါ်မှာထိုင်ပြီး ဆွေးနွေးတာမျိုးကို ပဲ ဖြစ်စေချင်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီနေ့ပွဲကို လာလို့ ကျွန်တော်တို့ကို ချီးကျူး စရာလည်း မလိုပါဘူး။ အနုပညာ သမားများဟာ ပြည်သူခံစားတတ် တဲ့ အတိုင်း ခံစားတတ်ကြပါ တယ်။

အနဂ္ဂ

ကျောင်းသားသပိတ်အပေါ် လက်ရှိတည်ဆဲအစိုးရရဲ့ လူမဆန်စွာ ဖြိုခွင်းနှိပ်စက်ညှဉ်းပန်းမှုကို လုံးဝသဘော မကျတဲ့အတွက် ဒီပွဲကို တက်ရောက်တာပါ။ မနက်တုန်းကအထိ   လူပြန် မလွှတ်သေးဘူးဆိုတော့ လူတွေ ပြန်လွှတ်စေချင်တယ်။ အခုက တော့ ကြိုးကြား ကြိုးကြား ပြန် လွှတ်ပေးနေတယ်။ ကျွန်တော် တို့ ကျောင်းသားတွေဘက်ကနေ ၁၂၇ ဦး အဖမ်းခံရတယ်ဆိုတာ သိထားတယ်။ နောက်ပြီး ကျောင်း သားတွေမဟုတ် ဘဲ ပြည်သူလူထု၊ ရဟန်းသံဃာတွေ ဘယ်လောက် ပါနေလဲဆိုတာ မသိရ တဲ့အတွက် အားလုံးကို ခြွင်းချက်မရှိ ပြန် လွှတ်ပေးစေချင်တယ်။ နောက် တစ်ခုက ဒီလိုတွေ မဖမ်းချင်ဘူး၊ မလုပ်ချင်ဘူး ဆိုရင် နောက် နောင်မှာ လိုအပ်ချက်တွေကို ကိုယ့်ဘက်က ကြိုတင်ဖြည့်ဆည်း ထားမှ အဆင်ပြေမယ်။ အဲဒီလို မဟုတ်ရင် လိုအပ်ချက်တွေ တောင်းဆိုလာတဲ့အချိန်ကျ ဒါမျိုး တွေ၊ အကျည်းတန်တာတွေ နိုင်ငံ တိုင်းဖြစ်နေကြတာဆိုတော့ ကိုယ် တိုင်းပြည်မှာ ဆက်မဖြစ်စေချင် ဘူး။    နောက်ထပ်တစ်ခုက ကျွန်တော် တို့ရဲ့ လူမှုအသိုင်းအ ၀ိုင်းမှာ အင်မတန် လူပီသတဲ့အစိုး ရ လူ့ဂုဏ်သိက္ခာနဲ့ညီတဲ့ အစိုးရကို အတောင့်တ ဆုံးပဲ ဖြစ်ပါတယ်။

7Day News Journal

No comments:

Post a Comment

My Blog List