Monday, March 09, 2015

ဥပဒေနှင့်အညီ လက်ပတ်အနီဝတ်အရပ်သား အသုံးပြုခြင်းဖြစ်သည်ဟု ဦးမြင့်ဆွေပြော


မြို့တော်ခန်းမရှေ့တွင် ပင်မသပိတ်စစ်ကြောင်းကို ထောက်ခံဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန် လက်ပတ်အနီ ၀တ်ဆင်ထားသူများက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုများမှာ ဥပဒေနှင့်အညီ ဆောင် ရွက် ခြင်းသာဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် မတ်လ ၈ ရက် တွေ့ဆုံရာ၌ ပြောကြား လိုက်ကြောင်း သတင်းရ ရှိသည်။
‘‘အကြမ်းဖက်ဖြိုခွင်းခံရမှုကို ဘယ်သူက တာဝန်ခံမယ်၊ ဘယ် လိုတာဝန်ယူ ဆောင်ရွက်သွား မယ်ဆိုတာကို ယတိပြတ်မပြော သွားဘူး။ အဓိကကတော့ အဲဒီဖြစ် စဉ်ကို ဥပဒေနဲ့အညီဆောင်ရွက်ခဲ့ တာဆိုတာကို ရှင်းပြသွားတယ်’’ ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ကို ထွန်းမြင့်အောင်ကပြောသည်။

သို့သော် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းက ကိုလိုနီခေတ်တွင်  ပြဋ္ဌာန်းခဲ့ သော ဥပဒေဖြစ်သည့် ထိုပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊၁၂၈ တို့ကို ယခုကဲ့သို့ လိုရာဆွဲ ပြီး ကိုင်တွယ်ဖြေ ရှင်းမှုအပေါ်  လက်မခံနိုင်ကြောင်းနှင့် ယင်းသို့ အကြမ်းဖက်ဖြေရှင်းမှုကြောင့် မိန်းကလေးများ ကာယိနြေ္ဒ ပျက် စေခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ယင်းသတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

မတ်လ ၅ ရက် ညနေက မြို့တော်ခန်းမရှေ့တွင် လက်ပံတန်း ၌ ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ် စစ်ကြောင်းကို ထောက်ခံဆန္ဒပြသူများအား ရဲများနှင့် တာဝန်လက်ပတ်နီဝတ် ဆင်ထားသူများက အကြမ်း ဖက်ဖြိုခွင်းဖမ်းဆီးမှုများနှင့် ပတ်သက် ၍ မတ်လ ၈ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေဦးဆောင်သော တိုင်းအစိုးရ အဖွဲ့တာဝန်ရှိသူများနှင့် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ခေါင်းဆောင်ပိုင်းများ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ် ဦးမြင့်ဆွေက ယင်းနေ့ဖြစ် စဉ်တွင် တာဝန်ရှိသူများက ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ နှင့်အညီ ကိုင်တွယ်ဖြေရှင်း ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက် နှာ တွင် တွေ့ဆုံမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာ၌ ပါရှိသည်။

တွေ့ဆုံမှုတွင် အကြမ်းဖက် ဖြိုခွင်းမှုများကို ကန့်ကွက် ကြောင်းနှင့် ယခင်အစိုးရလက် ထက်ကကဲ့သို့ အရပ်ဝတ်သူများ ကို အသုံးပြုကာ အကြမ်းဖက် ဖြို ခွင်းဖမ်းဆီးမှုများအပေါ် တာဝန် ယူမှုရှိသင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းက တင်ပြခဲ့ကြောင်း  ကိုထွန်းမြင့်အောင်ကပြောသည်။

‘‘ကျွန်တော်တို့ကတော့ တစ်စုံတစ်ရာတာဝန်ယူမှုရှိသင့် ကြောင်း ရပ်တည်ချက်ကိုပြောခဲ့ တယ်။ ဒီမိုကရေစီ အစိုးရဆိုရင် တော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိ သင့်တာပေါ့’’ဟု ၎င်းကပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားကို သိရှိနိုင် ရန် တွေ့ဆုံပွဲသို့ တက် ရောက်ခဲ့သူ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးဖြစ်ပြီး တိုင်းဒေသ ကြီးအတွင်းဖြစ်ပွားနေသည့် အလုပ်သမားရေးရာများအား လိုက်လံဖြေရှင်းနေသော ဦးဇော်အေး မောင်သို့ ဆက်သွယ်မေးမြန်းရာ တွင် ၎င်း၌ ပြောခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ တွေ့ဆုံမှု တွင် တစ်စုံတစ်ရာသဘောတူညီချက်ရရှိခဲ့ ခြင်းမရှိသော်လည်း တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်လိုက်ခြင်း သည် နှစ်ဖက်စလုံးအတွက် ကောင်း မွန်သည့် အနေအထားတစ်ခုဖြစ် ခဲ့ကြောင်း ၈၈ မျိုးဆက်ငြိမ်း ချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုထွန်းမြင့်အောင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရန် ကုန်တိုင်းဒေသကြီးအတွင်း လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုသည့် အလုပ်သမားများနှင့် အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးကို ဆန္ဒပြသည့် ကျောင်းသားသပိတ် အား ထောက်ခံကြောင်း ရန်ကုန်မြို့လယ်တွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့ဝင် များနှင့် အရပ်ဝတ်များက အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးခဲ့သည်။

ယင်းသို့အကြမ်းဖက်ဖြိုခွင်း မှုများတွင် တာဝန်လက်ပတ်အနီ ပတ်ထားသည့် အရပ်ဝတ်လုံခြုံ ရေးများက ရိုက်နှက်ဖြိုခွင်းဖမ်း ဆီးမှုအပေါ် ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က ရှုတ်ချလိုက်ပြီး ၎င်းတို့ကို တာ ၀န်ပေးသူအား ဖော်ထုတ်ပေးရန် နှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းပေး ရန် တောင်းဆိုထားသည်။

မတ်လ ၈ ရက် တွေ့ဆုံမှု တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေဦးဆောင် ပါဝင်ခဲ့ပြီး၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးထွန်းမြင့်အောင်နှင့် ဒေါ်မီးမီးတို့ ပါဝင်ခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List