Friday, March 13, 2015

‘‘ယောက်ျားလေးတွေကို တန်းစီပြီးတော့ အသေချတာ။. ဒီကောင်မ အကြော တင်းတယ်ဆိုပြီးတော့ အချုပ်ကားပေါ်မှာ ပါးတွေရိုက်တာမျိုးရှိတယ်။’’ ပြန်လွှတ်ကျောင်းသူ မရည်မိုမိုအောင်နှင့် တွေ့ဆုံခြင်း


မရည်မိုမိုအောင်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ကုန်ထုတ်ဓာတုဗေဒ
(တတိယနှစ်) ကျောင်းသူ

အခုဘယ်လိုအခြေအနေနဲ့ ပြန်လွတ်လာတာလဲ။အခု ညီမတို့ကို မိဘတွေ ပြန် လာခေါ်လို့  လက်ရှိတက်နေ တဲ့ ကျောင်းသားတွေ လွှတ်မယ်ဆိုပြီး လွှတ်လိုက်တာပါ။
လွှတ်တဲ့အခါမှာကော ဘယ်လိုပုံစံမျိုးနဲ့ ပြန်လွှတ်ပေးလဲ။ပြန်လွှတ်ပေး တဲ့နေရာမှာ ငြိမ်းစုစီကို နောက်မလုပ် ပါဘူးဆိုပြီးတော့ ပုဒ်မ ၁၈ ကို လက်မှတ်ထိုးရတယ်။ ညီမအမေက ထိုးလိုက်ပါလို့ ပြောတဲ့အထဲမှာ ပါ တယ်။ နောက်ပြီးတော့ နိုင်ငံတော်စေတနာအကြောင်းကို ပြောတယ်။ နိုင်ငံတော်စေတနာအကြောင်းဆို ပထမကတည်းက ဒီလိုတောင် အကြမ်း တောင်မဖက်ဘူး။ ပြောနေကျ လုပ်ထုံးအတိုင်းပြောလိုက်တာပဲ။ ပြီးတော့ ဒီအမှုကနေ လုံးဝလွတ် ကင်းပါတယ်ပြောပြီးတော့ လွှတ် ပေးတယ်။

ညီမတို့ အဖမ်းခံရတဲ့ပုံစံကို ပြော ပြပါလား။
အဓိကရုဏ်းဖြစ်တော့ အကုန်လုံး ဘုန်းကြီးကျောင်းထဲကို ရောက် ကုန်တယ်။ အဲဒီလိုအချိန်မှာ ရဲတွေ ရောက်လာတော့ မရိုက်နဲ့၊ အကုန်လုံး အဖမ်းခံမယ်ပြောတယ်။ ညီမတို့ကို မရိုက်ဘူးလို့ပြောပြီးတော့ အကုန်လုံးကို ပုံစံထိုင်ခိုင်းတယ်။ ပြီးတော့ ယောက်ျားလေးတွေကို  တန်းစီပြီးတော့ အသေချတာ။ နံပါတ် တုတ်တွေနဲ့ ရိုက်တာ၊ စောင့်ကန်တာတွေရှိတယ်။ ခေါင်းတွေကိုပါ ရိုက်တယ်။ အကြီးအကဲတွေကလည်း တားသင့်တဲ့ဟာကို မတားဘူး။ မိန်းကလေးတွေကို လည်း လက်ထိတ်မခတ်ရဘူးလို့ ကြားဖူးတယ်။ ဒါပေမဲ့ လက်ထိတ် ခတ်ထားပြီးတော့ နောက်ကနေ နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ ရိုက်တာက ရဲတွေအကုန်ပဲ။ လာ လာပြီး ရိုက်တာမျိုး၊ အစ်မအိသ ဉ္ဇာမောင်ဆိုရင် ‘‘ဒီကောင်မ အကြောတင်းတယ်’’ဆိုပြီးတော့ အချုပ် ကားပေါ်မှာ ပါးတွေရိုက် တာမျိုးရှိတယ်။

ညီမပါသွားတဲ့ အချုပ်ကားထဲမှာ ကော ဘယ်နှယောက်ပါလဲ။
ပထမအချုပ်ကားပေါ်မှာတုန်းက မိန်းကလေးအကုန်လုံးပါတယ်။ နောက်တော့ အဲဒီကားကို ပြန်လဲ တော့ ကျတော့ တင်ဖို့ကျန်ခဲ့တဲ့ ယောက်ျားလေးတွေကို တင်တယ်။ညီမတို့ကို အလယ်ကနေ ထိုင်ခိုင်းတယ်။

အချုပ်ကားထဲမှာ ကျောင်းသား တွေဒဏ်ရာရတဲ့ပုံစံမျိုးတွေ့ရလား။
မိန်းကလေးတွေဆိုရင် ပြေးရလွှား ရလို့ ခြေထောက်တွေမှာ အတွင်း ထဲထိ  ကွဲသွားတာမျိုးရှိတယ်။ အဲဒါ ကျတော့ ဆေးမှူးနဲ့ လာကု ပေးတယ်။ ယောက်ျားလေးတွေ ဆီက ကြားတာကျတော့ ဒုတိယ တစ်ခေါက် တင်တဲ့ အချုပ်ကားမှာ တစ်ကိုယ်လုံးသွေးတွေ ကျနေတာ ရှိတယ်။ ခေါင်းတွေကနေ သွေး တွေပေါက်ပေါက် ကျနေတာရှိ တယ်။ နံပါတ်တုတ်နဲ့ ရိုက်ထားလို့ လက်တွေကိုယ်တွေ ရောင်နေ တာ။ နားရင်းတွေ အုပ်ထား တာရှိ တယ်။

နောက်ပြီးတော့ ဘယ်လိုတွေဆက်ဖြစ်ပါသလဲ။
ပြီးတော့ အချုပ်ကားပေါ်တင်သွားပြီးတော့ သာယာဝတီထောင်ကို တန်းပို့တယ်။ ထောင်ထဲမှာ ကိုယ်ရေး အကျဉ်းကို စစ်တယ်။ ဒီနေ့ရောက်မှ စစ်ကြောရေးဝင်တယ်။ ပြီးတော့မှ မိဘခေါ်တယ်၊ ဘာညာနဲ့ လွှတ် လိုက်တာပါ။

မနေ့က လက်ပံတန်းတရားရုံးမှာ ရုံးထုတ်တော့ ပါလား။
ပါပါတယ်။ ညီမတို့ကို ဘာမှမ ပြောဘဲနဲ့ မိန်းကလေးအယောက် ၂၀ ကို ရုံးထုတ်မယ်ဆိုပြီးတော့ ခေါ်သွား တယ်။ ယောက်ျားလေး တွေကို နှစ်သုတ်ခွဲထုတ်တယ် ကြားတယ်။ ရုံးထုတ်တဲ့အခါမှာ မီဒီယာတွေကိုလည်း မ၀င်ခိုင်း ဘူး။ မိဘတွေကိုလည်း မ၀င်ခိုင်း ဘူး။ ညီမတို့ကို ခေါင်းတောင် မမော့ခိုင်းဘူး။ ခေါင်းငုံ့ ထားပြီး တော့ ၀င်သွားရတာ။ ညီမအမေ လာတာဆို အသံကြားမှသိတာ။ လှည့်တော့ကြည့်လိုက်တယ်။ အဲဒီအချိန်မှာ ပြန်ဆွဲခေါ်သွား တယ်။ အဲဒီမှာ အမေစိတ်မပူနဲ့ ဆိုပြီးတော့ ပြောပြီးတော့ ၀င်သွား တယ်။ အဲဒီနောက်ပိုင်းမှာ မိဘ တွေက လိုက်လုပ်ပေးတယ်။ လူထုက လိုက်နှုတ်ဆက်တဲ့ အသံ တွေကြားရတဲ့အခါ မှာလည်း ရဲ တွေက နင်တို့ အဲဒီအသံတွေနဲ့ လူ ပါးဝနေလား၊ ဘာညာနဲ့ မိုက်မိုက် ရိုင်းရိုင်းတွေ ပြောတယ်။ ရုံးထုတ် တဲ့အခါမှာလည်း လက်တွေကို ချုပ်ထားတယ်။ ပိုက်တွေနဲ့ အ တင်းအကျပ်တွေ စည်းထားလို့ လက်တွေမှာ ဒဏ်ရာရတာရှိ တယ်။

တရားရုံးမှာ ပုဒ်မ ငါးခုနဲ့ ဖွင့်တယ် ဆိုတာက ဘယ်လိုဖွင့်တာလဲ။
တရားရုံးရောက်တော့ ပုဒ်မ ငါးခု နဲ့ ဖွင့်ထားတယ်လို့ ပြောတယ်။ သူတို့က သံသယရှိလို့ ဖွင့်ထား တယ်ပြော တယ်။

သာယာဝတီထောင်ထဲရောက် တော့ ရိုက်နှက်တာမျိုးရှိလား။
အဲဒီရောက်တော့ ရိုက်နှက်တာမျိုး မရှိဘူး။ အိပ်ခါနီးကျရင် ပြန် ပြန်ခေါ်ခေါ်မေးတာမျိုး၊ မေးပြီး သားတွေ ပြန်မေးတာမျိုးတွေ တစ်ညလုံး အိပ်မရအောင်လုပ်တာရှိ တယ်။

အခုလို ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။
ညီမတို့ အေးအေးဆေးဆေးအ ဖမ်းခံမယ် ပြောတဲ့ဟာကို ညီမတို့ ကို အတင်းအကြမ်းဖက်တာက မဖြစ်သင့်ဘူး။ ပြီးတော့ သူတို့ သဘောတူညီချက်ကို ချိုးဖျက် တာလို့ မြင်တယ်။ ဖမ်းခဲ့ပါဦး ညီမတို့ကို အကြမ်းဖက်တာကို မကျေ နပ်ဘူး။ ပြည်သူ့ရဲဆိုပြီးတော့ ပြည်သူဘက်က ရဲမဖြစ်ဘဲနဲ့ ဆေးစစ်တာတို့ ဆိုရင် အရမ်းပိုးစိုးပက် စက်တွေ ပြောတယ်။

အခုထိ ဒီနေ့ ကျောင်းသား ဘယ်နှယောက်လွတ်လာပြီလဲ။
ဒီနေ့ကြားတာ ၂၇ ယောက်လို့ ကြားတယ်။ ဒီမှာ ပြန်သွားတဲ့လူ လည်းရှိတော့ အတိအကျတော့မသိဘူး။

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။


7Day News Journal

No comments:

Post a Comment

My Blog List