Tuesday, March 10, 2015

ငွေစုအကောင့်နှင့် ATM ကတ်များသို့ ငွေလွှဲပေးပို့နိုင်တော့မည်


မြန်မာနိုင်ငံတွင် ငွေစု ဘဏ်အကောင့်များနှင့် အေတီအမ်ကတ် များသို့ ငွေလွှဲငွေပို့ခြင်း လုပ်ငန်းများ ပြု လုပ်နိုင်သည့် အလိုအလျောက်ငွေသွင်းစက် (Deposit Machine) များ အသုံး ပြုနိုင်တော့မည်ဖြစ်ကြောင်း သ တင်းရရှိသည်။


အဆိုပါ ငွေသွင်းစက်များ သည် သမ၀ါယမဘဏ် (CB Bank) ၏ စက်များအားလုံးတွင် အသုံးပြုနိုင်မည်ဖြစ် ပြီး ငွေစု ဘဏ်စာအုပ် အကောင့်နှင့် အေ တီအမ်ကတ်အကောင့်များကို ငွေ လွှဲပေးနိုင်ကြောင်း သမ၀ါယမ ဘဏ်မှ သတင်းရရှိသည်။

ထို့အပြင် အလိုအလျောက် ငွေထုတ်စက် (ATM) များတွင် ငွေထုတ် ယူမှုသာမက ငွေပြန် သွင်းနိုင်သော စနစ်များကို သမ၀ါယမဘဏ် များ၏ အေတီအမ် ကတ်များတွင် ထားရှိမည်ဖြစ် ကြောင်း ယင်းဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ပြော သည်။

‘‘Deposit Machine တွေ ကို အခုစမ်းသပ်နေပြီ။ ကိုယ်ငွေ ထည့်ပေးမယ့် ဘဏ်အကောင့် (သို့မဟုတ်) အေ တီအမ်ကတ်အ ကောင့်သိရင် အသုံးပြုလို့ရတယ်။ ဗဟိုဘဏ်ကို ခွင့်ပြုချက်တင်ထား ပါပြီ’’ ဟု သမ၀ါယမ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ATM စက်များအားလုံးတွင် ငွေ ထုတ်ယူခြင်း ကိုသာ အသုံးပြုနိုင် ပြီး ငွေသွင်း ငွေ လွှဲခြင်းဆိုင်ရာ များ ဆောင်ရွက်လိုပါက ဘဏ်များသို့ သွားရောက်မှသာ ပြုလုပ် နိုင်သည်။ ‘‘လောလောဆယ် မှာ Deposit Machine အတွက် ပါ ၀င်ဖို့ မရှိသေးပါဘူး။ အစီအစဉ် တော့ ဆွဲထားတယ်။ တခြား New Product တွေတော့ စီစဉ် နေတယ်’’ ဟု ကမ္ဘောဇဘဏ် အေတီအမ်ကတ်ဌာန တာဝန်ခံ က ပြောသည်။

အဆိုပါ ငွေသွင်းစက်များကို သမ၀ါယမဘဏ်၏ အေတီအမ် စက်များနှင့်အတူ ထားပေးမည် ဖြစ်ပြီး ယင်းစက်များတွင် ငွေ ထည့်သွင်းငွေလွှဲခြင်းများ ပြုလုပ် ရန် ကနဦး မြန်မာကျပ်ငွေတစ် ထောင်တန်များသာ ခွင့်ပြုထား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ယခုအချိန်တွင် မြန်မာတစ် ပြည်လုံးရှိ အလိုအလျောက် ငွေ ထုတ်စက်ပေါင်း တစ်ထောင်ခန့် ရှိသော် လည်း ပြည်တွင်းရှိ ၂၀ ရာခိုင်နှုန်းသော ပြည်သူများ သာ ဘဏ်အသုံးပြုမှုရှိနေကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် ဘောဂဗေဒ ဌာနက ထုတ်ပြန်သော စစ်တမ်းများအရ သိရသည်။

အေတီအမ်စက်များမှ ငွေထုတ်ယူနေကြသူများ (ဓာတ်ပုံ − နစ်ကီ)
7Day Daily

No comments:

Post a Comment

My Blog List