Monday, March 09, 2015

၇ရက်မြောက် ပိတ်ဆို့ခံ ကျောင်းသားသပိတ်









ပင်မသပိတ်မှောက်ကျောင်းသားများ လက်ပံတန်းတွင် အာဏာပိုင်များ၏ ပိတ်ဆို့မှုခံထားရသည်မှာ မတ်လ ၉ရက်တွင် (၇)ရက်မြောက် ရှိလာပြီသည်။

(၇)ရက်မြောက် ကျောင်းသားသပိတ်သို့ ဒေါက်တာသိန်းလွင်ဦးဆောင်သည့် NNERကိုယ်စားလှယ် များ ရောက်ရှိလာကာ သပိတ်မှောက်ကျောင်း သားများအပါအဝင် အာဏာပိုင်များနှင့် လာရောက်ညှိနှို င်းခဲ့သည်။

သပိတ်မှောက် ကျောင်းသားများဘက်ကလည်း ပိတ်ဆို့ တားဆီးမှုများကို မတ်လ ၁၀ရက်၊ နံနက်၁၀နာရီ တွင် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် အရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားသည်။

“အချက်(၈)ချက်ကလည်း ဘာမှမလိုက်လျောစရာမရှိဘူးလေ။ အေးအေးချမ်းချမ်းနဲ့သွားမယ်။ အေးအေးချမ်း ချမ်းနဲ့ အဆုံးသတ်သွားမယ်ဆိုတာ လိုက်လျောသင့်တယ်။ ဒီအချက် ၈ချက်ကို ကျွန်တော်တို့က ထောက်ခံ တယ်။ အဲ့ဒီအတိုင်းဖြစ်ဖို့ ဝိုင်းဝန်ဆောင်ရွက်ပေးသင့်တာပေါ့။

အခုနယ်လုံဝန်ကြီးက ကျွန်တော်တို့ကို တွေ့ချင်တယ်ပြောတယ်။ သူ့ဘက်က ဘာပြောမလည်းတော့ မသိသေးဘူး။ သူ့ဘက်က ဘယ်လောက်ထိလိုက်လျောမယ်ဆိုတဲ့သဘောထား ကျွန်တော်တို့ မေးကြည့် ပါမယ်” ဟု ဒေါက်တာသိန်းလွင်က မဇ~ိမကို ပြောသည်။

လက်ရှိ မတ်လ ၉ရက်တွင် အာဏာပိုင်များ အနေဖြင့် ကျောင်းသားများ၏ အရှေ့တွင် ပိတ်ဆို့ထားသ လို နောက်ဘက်တွင်လည်း သံဆူးကြိုးများ ကာရံကာ ရေကားနှစ်စီးဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရသည်။

(ဓာတ်ပုံ-သက်ကို)
Mizzima - News in Burmese

No comments:

Post a Comment

My Blog List