Thursday, March 12, 2015

လက်ပံတန်းဖြစ်စဉ်၌ ဖမ်းဆီးထားသည့် ပညာသင်ကြားဆဲ ကျောင်းသား များကို မိဘများထံ ပြန်လည်အပ်နှံမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်


လက်ပံတန်းမြို့ရှိ ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုတွင် ဖမ်းဆီးခံထားရသော ပညာသင်ကြားဆဲ ကျောင်း သားများကို မိဘများထံ ပြန်လည် အပ်နှံမည်ဖြစ်ကြောင်း မတ် ၁၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
အဆိုပါကြေညာချက်တွင် ၂၀၁၅ ခုနှစ်၊ မတ် ၁၀ ရက်က ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြအဖွဲ့သည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် တားမြစ်ထား သည့် အတားအဆီးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖောက်ထွက်ရန် ကြိုးစားခဲ့ပြီး လုံခြုံရေး အတားအဆီးများအား ဆွဲဖျက်ခြင်း၊ အမိုးအကာတဲများ အား ဖျက်ဆီးခြင်း၊ တုတ်များ၊ ခဲများ၊ ရေသန့်ဘူး များဖြင့် ပစ်ပေါက်ခဲ့ခြင်း စသည်ဖြင့် အကြမ်းဖက် လုပ်ဆောင်လာမှုများကြောင့် ဥပဒေနှင့်အညီ သတိပေးကြေ ညာပြီးနောက် ဖမ်းဆီးထိန်းသိမ်း၍ လူစုခွဲခဲ့ရကြောင်း ဖော်ပြ ထားသည်။

အဆိုပါဖြစ်စဉ်တွင် ကျား ၁၀၇ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း ၁၂၇ ဦးအား ခေါ်ယူ ထိန်းသိမ်းပြီး စစ်မေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ ခေါ်ယူထိန်းသိမ်းထားသူများနှင့် ပတ်သက်ပြီး လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်၍ တက္ကသိုလ်၊ ကော လိပ်များ၌ အမှန်တကယ် ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ပညာ သင်ကြားနိုင်ရေး စေတနာထားရှိသောအားဖြင့် လည်းကောင်း၊ မိဘများအပေါ် စာနာထောက်ထားသော အားဖြင့် လည်းကောင်း ကျူးလွန်သည့် ပြစ်မှုများအပေါ် သက်ညှာသောအားဖြင့် ဒေသအသီးသီးရှိ သက်ဆိုင် ရာ မိဘများအား ခေါ်ယူ၍ စနစ်တကျ ပြန်လည်အပ်နှံနိုင်ရေး ဆက်သွယ်အကြောင်းကြားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့ရာတွင် ကျန်ပြစ်မှုကျူးလွန်သူများနှင့် တိုင်းပြည်မငြိမ်မသက်ဖြစ်စေ ရန် နောက် ကွယ်မှ ကြိုးကိုင်လှုပ်ရှား သူများ၊ အားပေးအားမြှောက် ပြုလုပ်သူ များအား တည်ဆဲဥပဒေများနှင့်အညီအရေးယူသွား မည်ဖြစ်ကြောင်း ပြည် ထဲရေး ၀န်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List