Thursday, March 12, 2015

ပါတီတည်ထောင်လိုသူများ ဧပြီလကုန်နောက်ဆုံးထား လျှောက်ရမည်


နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့်  ဧပြီလ ၃၀ ရက် နောက်ဆုံးထား ပြီး လျှောက်ထားကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာလိုက်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲကို အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းမှာ ကျင်းပတော့မှာဖြစ်လို့ အချိန်ကာလ (၇) လကျော်သာ ကျန်ရှိတော့တယ်။ 


ဒါကြောင့် နိုင်ငံရေးပါတီ တည်ထောင်တာနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ ကို ရွေးကောက်ပွဲအမီ ဆောင် ရွက်နိုင်ရန်ဖို့နဲ့ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဧပြီလ ၃၀ ရက် နောက်ဆုံး ထား လျှောက်ထားကြ ဖို့ ကော်မရှင်ရဲ့ မတ်လ ၁၁ ရက် သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

နိုင်ငံရေးပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ (က)နှင့်အညီ ပါတီတည်ထောင်ခွင့်များ လျှောက် ထားလာမှုအပေါ် ရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့် အညီ စိစစ်မှတ်ပုံ တင်ခွင့်ပြုပေးနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်အထိ ပြည်ထောင်စုရွေးကေက်ပွဲကော်မရှင်မှာ တည်ထောင် မှတ်ပုံတင်ခွင့်ရ ထားတဲ့ နိုင်ငံရေး ပါတီပေါင်း ၇၁ ပါတီရှိနေပြီဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List