မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မလေးရှားနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီး မကြာခင် သွားရောက်မယ်လို့ အစိုးရပြန် ကြားရေးက သတင်းထုတ်ပြန် ပါတယ်။
ခရီးစဉ်အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်းမရှိပေမယ့် မလေးရှားနိုင်ငံ ဘုရင် ဆူလတန် အဗ္ဗဒူဟာလင်မ် မူအက်ဒ်ဇမ် ရှားနဲ့ မိဖုရား ရာဂျာပါမိုင်ဆူရီ အက်ဂွန်တွန်ကူ ဟာဂျာဟာမီနာတို့ရဲ့ ဖိတ်ကြားချက်အရ သွားရောက်တာလို့ သတင်း မှာဖော်ပြပါတယ်။
ဒီခရီးစဉ်မှာ ဦးသိန်းစိန်ရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းလည်းလိုက်ပါသွားမယ်လို့ လည်းဆိုပါတယ်။
မလေးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံကနေ မကြာသေးခင်ကမှ လွှဲပြောင်းရယူထား တာဖြစ် ပါတယ်။
၁၉၅၇ ခုနှစ် မတ် ၁ ရက်ကတည်းက မြန်မာနဲ့ မလေးရှား ၂ နိုင်ငံ သံတမန် ဆက်ဆံရေး စတင်ခဲ့တာပါ။
ဒါအပြင် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှာ ၂ နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၅၅ ဒသမ ၄၄၈ ဘီလျံရှိခဲ့တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးဝက်ဆိုက်မှာဖော်ပြထားပါတယ်။
DVB



No comments:
Post a Comment