Monday, March 09, 2015

ဦးဖုန်ကြားရှင်ရဲ့ကိုးကန့်အဖွဲ့နောက်ကွယ်မှာဘယ်သူရှိနေတာလဲ


ဒီမေးခွန်းကဒီနေ့ပြည်တွင်းတွင်သာမကနိုင်ငံတကာမီဒီယာလောကကပါစိတ်ဝင်တစားပြောဆို ဆွေးနွေးနေ ကြတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါပေမဲ့ အများစုကအနေအထားမှန်ကိုမသိဘဲတပ်မတော်ကချပေးတဲ့ နှပ်ေ ကြာင်း အတိုင်း လိုက်နင်းပြီးရမ်းသမ်းမှန်းဆပြောဆိုနေကြတာပါ။


တချို့သတင်းစာဂျာနယ် တွေကဆိုရင် ခါးတောင်းကျိုက်ပြီးအမျိုးသား ရေးမီးမွှေးပေးဖို့ကြိုး ပမ်းနေတာ မျိုးတောင် တွေ့ကြရပါတယ်။ယူကရိန်းရဲ့ကြမ္မာဆိုးမျိုးတိုးနိုင် လောက်အောင်အန္တရာယ်ကြီးလို့သတိထားသင့်ပါတယ်။အင်အားကြီးနှစ်နိုင်
ငံကြားမှာညပ်နေတဲ့ဆီးစေ့လိုပထဝီနိုင်ငံရေးအနေအထားဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ချိန်ခွင်လျှာထိန်းညှိပြီး နေတတ်ထိုင်တတ်ဖို့အ ရေးကြီးပါတယ်။

တကယ်တော့ကိုးကန့်အဖွဲ့နောက်ကွယ်မှာအနီးကပ်ဆုံးရှိနေတာတရုတ်ပြည်မဟုတ်ပါဘူး။မိုင်းလားအဖွဲ့နဲ့ UWSA ‘၀’အဖွဲ့တို့ ဖြစ်ပါတယ်။အင်အား၃,၅၀၀ဝန်းကျင်ရှိတဲ့မိုင်းလားအဖွဲ့ခေါင်းဆောင်ဦးစိုင်းလင်း(ခေါ်) လီမင်းရှင်ဟာဦးဖုန်ကြားရှင်နဲ့အလွန်နီးကပ်တဲ့သမက်အရင်းကြီးပါ။‘၀’အဖွဲ့ကဗကပကိုပုန်ကန်ခွဲထွက်ချိန်ကဦးဖုန်ကြားရှင်ကိုယ်တိုင်အတိုင်ပင်ခံအခါပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း၂၀၀၉ခုနှစ်မှာတပ်မတော်ကကိုးကန့်ဒေသကိုထိုးစစ်ဆင်ခဲ့ချိန်က ‘၀’ တပ်မဟာနှစ်ခုဟာဦးဖုန်ကြားရှင်ကို အကူညီပေးဖို့ချင်းရွှေဟော်အနီးရှိ ထားထင်ချောင်းနံဘေးက အသင့်စောင့်နေခဲ့ဖူးပါတယ်။ဦးဖုန်ကြားရှင်အနေနဲ့တရုတ်ပြည်ထဲတိမ်းရှောင်ထွက်ပြေးစရာမလိုဘဲ ‘၀’နယ် မှာဖြစ်ဖြစ်၊မိုင်းလားမှာဖြစ်ဖြစ်အနားယူအခြေချလို့ရပါတယ်။

ဒီလိုလက်ျmရံ၊လက်ဝံရံနှစ်ဖွဲ့အသင့်ရှိနေတဲ့ဦးဖုန်ကြားရှင်အဖို့တပ်ဖွဲ့ပြန်လည်စုစည်းထူထောင်ဖို့တရုတ်ပြည်ထဲသွားပြီးစစ်သားစု ဆောင်းနေစရာ မလိုပါဘူး။ကိုးကန့်ကတပ်မှူးဟောင်းတွေ၊‘၀’နယ်ကတပ်သားဟောင်း တွေစုဆောင်းလို့ရနိုင်ပါတယ်။ကိုးကန့်တပ်သားတွေရော ‘၀’နယ်ကတပ်သားတွေပါအားလုံးကတရုတ်လိုတတ်ကြတော့ဦးဖုန်ကြားရှင်တပ်ဖွဲ့တစ်ခုလုံးတရုတ်လိုပြောဆိုဆက်ဆံကြတာမဆန်းပါဘူး။ဒါပေမဲ့အားလုံးလိုလိုဟာ မြန်မာနိုင်ငံသားတွေပါ။

တရုတ် ပြည်ကလူတွေသိမ်းသွင်းစုဆောင်းပြီးတပ်ဖွဲ့စည်းခဲ့တာ ဦးဖုန်ကြားရှင်တပ်ဖွဲ့မဟုတ်ပါဘူး။အစိုးရ နဲ့ငြိမ်းချမ်းရေးယူပြီးတပ်မတော်နဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့ပန်ဝါကလွှတ် တော်အမတ်ဦးဇခုံတိန့်ရင်းရဲ့နယ်ခြားစောင့် (BGF) တပ်ဖွဲ့သာဖြစ်ပါတယ်။ဒါ့အပြင်ဦးဖုန်ကြားရှင် ရဲ့ကိုးကန့်တပ်ဖွဲ့ဟာ SSPP (ရှမ်း / မြောက်)၊ KIA၊ TNLA (ပလောင်)တပ်ဖွဲ့ တွေနဲ့မဟာမိတ်ဖွဲ့ပြီးလားရှိုး-မူဆယ်ကားလမ်းအရှေ့ဘက်၊ သိန္နီ-ကွန်းလုံ ကားလမ်း မြောက်ဘက်၊သံလွင်မြစ်အနောက်ခြမ်းတို့မှာပူးတွဲလှုပ်ရှားနေ ခဲ့တာ၂နှစ်ဝန်းကျင် လောက်ရှိ ပါပြီ။အဲဒီသံလွင်အနောက်ခြမ်းမှာတပ်မတော် ရဲ့စစ်ဆင်ရေးတွေရှုပ်ထွေးလာပြီးခွင်ကျပ် လာချိန်မှာအသင့် စည်းရုံးပြင်ဆင်ထားတဲ့သံလွင်အရှေ့ခြမ်းကကိုးကန့်နယ်စပ်ကိုစိမ့်ဝင်ထိုးဖောက်လာခဲ့ကြပုံ ရပါတယ်။

ဆိုရရင်ဦးဖုန်ကြားရှင်ရဲ့ကိုးကန့်တပ်ဖွဲ့ဟာတရုတ်ပြည်ထဲမှာစည်းရုံးဖွဲ့စည်းပြီးမှတရုတ်ပြည်ကနေ မြန်မာပြည်ထဲစိမ့်ဝင်ထိုး ဖောက်လာတာမဟုတ်ပါဘူး။ မြန်မာပြည်ထဲမှာစည်းရုံးဖွဲ့စည်းပြီး UNFCမြောက်ပိုင်းတပ်ဖွဲ့ တွေနဲ့ မြန်မာပြည်ထဲမှာပူးတွဲလှုပ်ရှားတိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သာ ဖြစ်ပါတယ်။

ပြောကြစတမ်းဆိုရင်တရုတ်ပြည်က နောက်ကွယ်ကရပ်ခံကာကွယ်ပေးနေ ခဲ့တာတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေမဟုတ်ပါဘူး။န၀တ၊နအဖစစ်အာဏာရှင်ခေတ်၂၆နှစ်လုံးအနောက်နိုင်ငံတွေရဲ့နိုင်ငံရေးနဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုရပ်ခံကာကွယ်ပေးခဲ့တာတရုတ်ပြည်ဖြစ်ပါတယ်။ဒီကာလတစ် လျှောက် လုံးနိုင်ငံတကာစစ်လက်နက်ရောင်းချရေးပိတ်ဆို့မှုတွေလုပ်နေ တဲ့ကြားက မြန်မာ့တပ်မတော်ကို ခေတ် မီအောင်တည်ဆောက် ပေးခဲ့တာလည်းတရုတ်ပြည်ပါပဲ။ဒါပေမဲ့ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ကိုချစ်လွန်း လို့မဟုတ်ပါဘူး။ ပေါကြွယ်လှတဲ့သဘာဝသယံဇာတတွေအချောင် နှိုက်ဖို့ပထဝီနိုင်ငံ ရေးအရမဟာဗျူဟာကျလှတဲ့ မြန်မာနိုင်ငံကိုရင်ခွင်ပိုက် ထားဖို့ဆိုတာရှင်းပါတယ်။ဒီလိုလုပ်လို့တရုတ်ပြည်ကိုမုန်းဖို့မလိုပါဘူး။နိုင်ငံကြီးတိုင်းကိုယ်ကျိုးစီးပွားအတွက်အချောင်ရရင်နှိုက်နေကျချည်းပါပဲ။ ဒါပေမဲ့ဒီလိုတိုင်းပြည်ကို ပေါပဲစွာရောင်းစားခဲ့ကြတဲ့ကိုယ့်တိုင်း ပြည်ကစစ်အာဏာရှင်အုပ်စုကိုသာမုန်းကြရမှာပါ။ဒါပေမဲ့ရင်ခွင်ပြောင်းဖို့ကိုယ့်ကျေးဇူးရှင်ခေါင်းကိုခဲနဲ့ထုချင်တဲ့ မျောက်စိတ်တော့မမွေးကောင်းပါဘူး။

စစ်ဘုရင်နပိုလီယန်ပြောတဲ့ ‘အိပ်နေတဲ့နဂါးကိုသွားမနိုးပါနဲ့’ ဆိုတဲ့စကားကို သတိရစေချင်ပါတယ်။ ဒီနေ့ဒီအချိန်အခါမှာကြီးပွားချမ်းသာရေးအလေး ထားနေတဲ့တရုတ် ပြည်ဟာသူ့ရဲ့မဟာဗျူဟာအကျိုးစီးပွား များစွာရင်းနှီးမြှုပ်နှံထားတဲ့ မြန်မာပြည်အထူးသဖြင့်သူနဲ့နယ်စပ်ချင်းဆက်စပ်နေတဲ့ ဒေသ တွေငြိမ်းချမ်းတည်ငြိမ်ရေးကိုအလေးထား နေချိန်ဖြစ်ပါတယ်။သူ့ရဲ့ ငယ်မွေးခြံပေါက်ဖြစ်တဲ့ဗကပကိုတောင်ငြိမ်းချမ်းရေးရယူဖို့ဆိုဆုံးမလို့မရတဲ့အတွက်တိုင်းရင်းသားလက်နက်ကိုင်တွေပုန်ကန်မှုကိုအားပေးအားမြှောက် ပြုခဲ့ပါသေးတယ်။တရုတ်မျိုးနွယ်စုတွေအများစုနေထိုင်တဲ့ကိုးကန့်ဒေသကိုတပ်မတော်က၂၀၀၉ခုနှစ်မှာစစ်ဆင်တာကိုတရုတ် ပြည်ကသဘောမကျပေ မယ့်ဝင်ရောက်စွက်ဖက်မှုမပြုခဲ့ပါဘူး။ဒီတစ်ကြိမ်ဦးဖုန်ကြားရှင်ရဲ့ကိုးကန့်အဖွဲ့ရဲ့လှုပ်ရှားမှုကိုသဘောကျနိုင်ပေမယ့် Global Timeကနေအစိုးရကို သတိပေးလိုက်ပါသေးတယ်။

ပြဿနာကကိုယ့်ဘက်က ပြင်ဆင်မှုမဲ့၊လက်ဦးမဲ့တဲ့အတွက်အလစ်အငိုက် တိုက်ခံလိုက်ရတာပါ။ဒီလိုဖြစ်လာ တာကိုနိုင်ငံတော်အချုပ်အခြာအာဏာပိုင်နက်နယ်မြေထိပါးမှု၊ကျူးကျော်မှုစတဲ့ ပြင်းထန်တဲ့စကားလုံးတွေနဲ့စွပ်စွဲပြော ဆိုမှုတွေလုပ်လာတာဟာတရုတ် ပြည်ကိုနိုင်ငံရေးအရစိန်ခေါ်ကာနားရွက် တံတွေးဆွတ်လိုက်ရာ ရောက်ပါ တယ်။

မြန်မာနိုင်ငံခြားရေးဌာနကတရုတ်စစ်သံမှူးကိုကိုးကန့်ဖြစ်စဉ်တင်ပြလိုက်တယ်ဆိုတာသံတမန်ရေးအရတရားဝင်စွပ်စွဲသတိပေးလိုက်တာပါပဲ။အခြေအနေကိုအသေးစိတ်မလေ့လာရသေးဘဲရှက်ကိုးရှက်ကန်းနဲ့အလျင်စလိုသူများကိုလက်ညှိုးထိုးတာဟာ မြော်မြင်ဆင်ချင်တုံတရားနည်းပါးရာ ရောက်ပါတယ်။ဒီလုပ်ရပ်ဟာတကယ်တော့ကိုယ့်ခြံဝင်းထဲကမစင်ကိုအိမ်နီးချင်းရဲ့ခြံထဲပစ်ချလိုက်တာပါပဲ။လက်ရှိကိုးကန့်ဖြစ်စဉ်ကိုအနောက်တိုင်းအာဏာပိုင်တွေကလက်ခုတ်တီးပေးချင်ပေမယ့်အရှေ့ဖျားရဲ့ယူကရိန်းထပ်ဖြစ်လာမှာစိုးရိမ်ပြီးငြိမ်ကြည့် နေကြပုံရပါတယ်။တရုတ်ပြည်က မြန်မာပြည်အရှေ့မြောက်ဒေသကိုဒုတိယယူကရိန်းဖြစ်စေလိုတဲ့သဘောထားမရှိဘူးဆိုခဲ့ပေမယ့်ဒီနယ်စပ်ဒေသတွေမှာယူကရိန်းလို ဖြစ်နိုင်တဲ့အခြေခံအချက်အလက်တွေအမှန်ပဲရှိနေပါတယ်။မနေတတ်မထိုင်တတ်နဲ့အမျိုးသားရေးသွေးကြွအောင်ဖွပေးနေရင်တော့ကိုယ်တစ်ခြမ်းသေသလို လေဖြတ်သွားနိုင်ပါတယ်။အရေးကြီးတာကိုယ့်တပ်ကို ခေတ်မီProfessional Army ဖြစ်အောင် ပြင်ထားဖို့ပါပဲ။

လောလောဆယ်မှာတော့ ]အိပ်နေတဲ့နဂါးကိုသွားမနိုးကြပါနဲ့ဦး}။နဂါးမင်းကြီးအမြီးတစ်ချက် ရမ်းရင်သန်း နဲ့ချီတဲ့ ပြည်သူတွေဒုက္ခပင်လယ်ဝေသွားနိုင်ပါတယ်။ ‘၀’မရှိဘဲ ‘ဝိ’ မလုပ်ချင်ကြပါနဲ့။ မြန်မာပြည်မှာ ‘၀’ ရှိပေမယ့်ကိုယ့် ‘၀’ကလည်း ယောက္ခမဘက်ခပ်ပါပါမို့ယုံကြည်အားကိုးလို့မရနိုင်ပါဘူး။

ပြီးခဲ့တဲ့လအချို့က မြန်မာ့ရေးရာကျွမ်းကျင်သူဆိုတဲ့ ပြည်ပဆောင်းပါးရှင်လစ်တ်နာ (Bertil Lintner) က မြန် မာ့တပ်မတော်ရဲ့ မြန်မာပြည်အရှေ့မြောက်ပိုင်းဆိုင်ရာစစ်ရေးဦးတည်ချက်ဟာ UWSA အုပ်ချုပ်နေတဲ့ ‘၀’ဒေသဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ် ဒီလိုမဟုတ်ကြောင်း၊မဖြစ်နိုင်ကြောင်းဦးဖုန်ကြားရှင် နဲ့တွေ့ဆုံမေး မြန်းခန်းနဲ့တရုတ်ဘက်ကတုံ့ပြန်အဖြေပေးလိုက်တာပါပဲ။ဦးဖုန်ကြားရှင်ရဲ့Interview ဖေဖော်ဝါ ရီလ၂ရက်နေမှာထွက်ပေါ်လာပြီးနောက်တစ်ပတ်အကြာ ဖေဖော်ဝါရီလ၉ရက်နေ့မှာကိုးကန့်တိုက်ပွဲတွေ ဖြစ်လာ ခဲ့တာပါပဲ။ တရုတ်ပြည်နယ်စပ်မှာထူးခြားအရေးကြီးတဲ့လှုပ်ရှားမှုတွေ လုပ်တော့မယ်ဆိုရင် ဒေသဆိုင်ရာ အာဏာပိုင်ခေါင်းဆောင်တွေကတရုတ် အာဏာပိုင်တွေကိုကြိုတင်အသိ ပေးကြလေ့ရှိပါတယ်။ဒီနယ်စပ် လှုပ်ရှားမှု သတင်းတွေကိုတရုတ်အာဏာပိုင်တွေကလည်းသူ့ဆိုင်ရာအာဏာပိုင်နဲ့မဟာမိတ်တွေ ကိုပြော ပြလေ့ရှိပါတယ်။အရင်သူ့မဟာမိတ်ဗကပ ခေါင်းဆောင် တွေကိုလည်းနယ်စပ်ဒေသကလူမျိုးစုတွေ ပုန်ကန်ကြတော့မယ်ဆိုတာတရုတ်ပြည်အာဏာပိုင်တွေကသတိပေးခဲ့ပါသေးတယ်။ဒါပေမဲ့ဗကပခေါင်းဆောင်တွေကိုယ်တိုင်အားနည်းချည့်နဲ့နေလို့တားဆီးကာကွယ်မှုမပြုနိုင်ဘဲတရုတ်ပြည်ထဲကို မောင်းထုတ်ခံခဲ့ရတာပါ။အခုကိုးကန့်ကိစ္စမှာလည်းဒီလိုပါပဲ။

ဘာတဲလ်လစ်တ်နာရဲ့ ဟောကိန်းမှားသွားပါပြီ။ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်အ နေနဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ကြိုးပမ်းနေချိန်မှာ တည်ငြိမ်အေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ရပ်ကိုလိုလားနေချိန်ဖြစ်ပါတယ် ။ မြန်မာ ပြည်နဲ့မဟာဗျူဟာမြောက်စီးပွားရေးပူးပေါင်း ဆောင်ရွက်နေချိန်မှာအထူးသဖြင့်နယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးကိုလိုလားနေ ချိန်ဖြစ်ပါတယ်။ဒီအချိန်ဒီအခြေအနေမျိုးမှာ မြန်မာပြည်အရှေ့မြောက်ခြမ်းကို ဒုတိယယူကရိန်းအဖြစ်ဖန်တီး ဖို့ရည်ရွယ်ချက်ရှိပုံမရပါဘူး။အရေးကြီးတာယူကရိန်းခေါင်းဆောင် တွေလိုအမေရိကန်ဦးဆောင်တဲ့ နေတိုးစစ်မဟာမိတ် အဖွဲ့ထဲဝင်ဖို့ရုရှားရင်ဘတ်ကို ဆောင့်ကန်လိုက်တဲ့ပထဝီနိုင်ငံရေးဆိုင်ရာ မဟာဗျူဟာအမှားမျိုးမကျူးလွန် မိဖို့ပါပဲ။

တကယ်တော့ယူကရိန်းလိုပဲ ‘၀’နယ်ဆိုတာလည်း မြန်မာပြည်ဘက်မှာ ‘၀’လူမျိုးငါးသိန်းခန့်ရှိသလို တရုတ်ပြည်ထဲမှာ ‘၀’ လူမျိုးသုံးသိန်း ကျော်ရှိပါ တယ်။‘၀’လူမျိုးအချင်းချင်းကြားမှာနယ်နိမိတ်ဆိုတာမရှိ ပါဘူး။သူ့ဆွေမျိုး၊ကိုယ့်ဆွေမျိုးအပြန်အလှန်ကူးလူးဆက်ဆံနေကြတာပါ။လက်သည်းဆိပ်ရင်လက်ထိပ်နာ တတ်ကြတာချည်းပါပဲ။အထူးသဖြင့် UWSAတပ်ဖွဲ့ဆိုတာ မြန်မာပြည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထဲမှာ အင်အားအကြီးဆုံး၊အတောင့်တင်းဆုံးအဖွဲ့အစည်းပါ။ နောက်ပြီး ‘၀’အဖွဲ့ဟာ UWFC အဖွဲ့ထဲမှာ တရားဝင်မပါဝင်ပေမယ့် မြောက်ပိုင်း UWFC အဖွဲ့ဝင်တွေနဲ့မဟာမိတ် ဆက်ဆံရေးရှိနေပုံလည်းရပါတယ်။ ဒါကြောင့်ဘာတဲလ်လစ်တ်နာ ပြောသလို UWSA ကိုသွားတိုက်လိုက်ရင် မြန်မာပြည်အရှေ့မြောက်ပိုင်း ဟာ ဒုတိယ ယူကရိန်းဖြစ်သွားနိုင်လောက်အောင်အန္တရာယ်ကြီးပါတယ်။

ကိုးကန့်ပြဿနာကို ‘၀’နယ်အထိကူးစက်မပြန့်ပွားအောင်ထိန်းသိမ်းသင့် ပါတယ်။

အကောင်းဆုံးကတော့ကိုးကန့်ပြဿနာကိုအချုပ်အခြာအာဏာပိုင်နက်နယ်မြေထိပါးမှု၊ကျူးကျော်မှု ပြဿနာတစ်ရပ်အဖြစ်တိုးချဲ့မပြောဆိုဘဲ ပြည်တွင်းရေးပြဿနာ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ပြဿနာတစ်ရပ်အဖြစ်သဘောထားပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းဆီကိုဆွဲခေါ်တာကအမြော်အမြင်ဆင် ခြင်တုံတရားရှိရာ ရောက်ပါလိမ့်မယ်။

The Ladies News Journal

No comments:

Post a Comment

My Blog List