Monday, March 09, 2015

ပိတ်ဆို့ခံနေရမှု ဆယ်တန်းစာမေးပွဲမစခင် ဖြေရှင်းပေးရန် ကျောင်းသားများတောင်းဆို


လက်ပံတန်းတွင် တားဆီးပိတ်ဆို့ခံနေရတဲ့အခြေအနေ အကျပ်အတည်းကို တက္ကသိုလ်ဝင်တန်း စာမေး ပွဲတွေမစခင် မတ်လ ၁၀ ရက် မနက် ၁၀ နာရီ နောက်ဆုံးထား ဖြေရှင်းပေးဖို့ အစိုးရကို သပိတ်မှောက်ကျောင်း သားတွေက တောင်းဆိုလိုက်ပါတယ်။
ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေဟာ လက်ပံတန်းမှာ ရဲလုံခြုံရေးတွေရဲ့ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ခံနေရပြီး သီတင်းတပတ်အကြာ မတ်လ ၈ ရက်နေ့က အရေးပေါ်ကြေ ညာတောင်းဆို လိုက်တာပါ။

အစိုးရအနေနဲ့ ဒီကိစ္စကို အလေးအနက်ထားပြီး ဖြေရှင်းပေးခြင်းမရှိရင် နောက်ဆက်တွဲဖြစ်ပေါ် လာနိုင်တဲ့ အကျိုးဆက်ပြသနာတွေဟာ အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းဟာ ဇန်န၀ါရီလ ၂၀ ရက်နေ့ ကတည်းက မန္တလေးကနေ ရန်ကုန်ကို ဦးတည်ပြီး ခရီးရှည်လမ်းလျှောက် ချီတက်ဆန္ဒပြလာခဲ့ကြတာပါ။

ပဲခူးတိုင်း လက်ပံတန်းကို ရောက်ရှိလာစဉ် အခြေခံပညာ စာမေးပွဲတွေကို အနှောက် အယှက်မဖြစ်စေဖို့ ၁၀ ရက်ကြာ သပိတ်ရပ်တန့်ပေးခဲ့ပြီးနောက် လက်ပံတန်းမှ ဆက်လက်ထွက်ခွာဖို့ကြိုးစားစဉ် မတ်လ ၃ရက်နေ့ မနက်က စပြီး လက်ပံတန်းမြို့ ကျွန်းကလေး လမ်းဆုံမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တားဆီးပိတ်ဆို့ခံနေရတာပါ။

DVB

No comments:

Post a Comment

My Blog List