Monday, March 09, 2015

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် က တစ်စုံတစ်ရာမှတ်ချက်ပေးပြောကြားခြင်းမျိုးမရှိဟုဆို


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက် ၍ ဒေါ်အောင် ဆန်းစုကြည်က တစ်စုံတစ်ရာမှတ်ချက်ပေး ပြောကြားခြင်းမျိုးမရှိကြောင်း ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များထံမှ သိရသည်။
မတ်၇ရက်က နေပြည်တော်ရှိ ဒေါ် အောင်ဆန်းစုကြည်နေအိမ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ (CEC) အစည်းအဝေးပြု လုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဒေါ် အောင် ဆန်းစုကြည်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည့် အကြောင်းအရာများနှင့်ပတ် သက်ပြီး ဃနဃ များအား ပြန်လည်ရှင်းပြခဲ့ သော်လည်း တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ် သက်၍ မှတ်ချက်ပေးပြောဆိုခဲ့ခြင်း မရှိ ကြောင်း သိရသည်။

''ဒီနေ့မှာ သူ့အနေနဲ့ (ဒေါ်အောင်ဆန်း စုကြည်) သမ္မတနဲ့တွေ့ပြီး ဆွေးနွေးခဲ့တာ တွေကို ရှင်းပြတယ်။ အဓိကကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ၂ဝ၁၅ ရွေးကောက်ပွဲ မျှမျှတတဖြစ် ဖို့တွေ ဆွေး နွေးခဲ့တယ်။ သူ့ဘက်ကလဲ တင်ပြခဲ့တယ်ပေါ့။ သမ္မတဘက်ကလဲ သူတောင်းဆိုတာတွေကို လုပ်ပေးမယ်ဆိုပြီးပြောတယ်လို့ အန်တီတို့ကို ရှင်းပြတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ တော့ သဘောထား မှတ်ချက်တွေ ဘာတွေ တော့မပြောဘူး။ ရှင်းပြတာပဲရှိတယ်။ နောက် ပြီး ကျောင်းသားကိစ္စမှာ လွှတ်တော်ကို ဖိအားပေးလို့မရဘူးဆိုတာတွေ ပြောတယ်။ အကြမ်းဖက်တဲ့ကိစ္စကိုတော့ တရားဥပဒေ အတိုင်းပဲ ဖြစ်သင့် တယ်။ တရားဥပဒေကို ဘောင်ကျော်ပြီးလုပ်တာ သူ့အနေနဲ့ လက် မခံနိုင်ဘူးဆိုတာတွေပြောတယ်''ဟု အစည်း အဝေးတွင် ဒေါ်အောင်ဆန်းစုကြည်ပြော ကြားခဲ့သည်များနှင့်ပတ်သက်ပြီး ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပါတီပြောရေးဆို ခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင် ဆန်းစုကြည်သည် မတ်လ၂ရက်က နေပြည် တော်ရှိ သမ္မတအိမ်တော် တွင် တွေ့ဆုံခဲ့ပြီး ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလွတ် လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေ ရေးနှင့်ပတ်သက်သည်များကို ဆွေးနွေးခဲ့ ကြကြောင်း အစိုးရ ဘက်မှ သတင်းထုတ် ပြန်ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

Yangon Media Group

No comments:

Post a Comment

My Blog List