Friday, March 13, 2015

လက်ပံတန်းကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမူကို ဆန့်ကျင်ကြောင်း လက်ပတ်ဖြူလှုပ်ရှားမှု ပြုလုပ်









လက်ပံတန်းကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမူကိုဆန့်ကျင်ကြောင်းပြသတဲ့လှုပ်ရှားမူတစ်ခုကို ဒီနေ့မနက်မှာ ရန်ကုန်မြို့မဟာဗန္ဒုလပန်းခြံ အတွင်းမှာကျင်းပခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုမှာ we are students respect our right ဆိုတဲ့စာသားပါတဲ့ လက်ပတ်အဖြူတွေကို ဝတ်ဆင်ပြီး ကဗျာဆရာတွေနဲ့လူငယ်အချို့ပါဝင်လှုပ်ရှား
ခဲ့ပါတယ်။

ယခုလို လှုပ်ရှားမူကို ပြုလုပ်ခြင်းဟာ အကြမ်းဖက်ခြင်းကိုဆန့်ကျင်ကြောင်း ပြသတဲ့လှုပ်ရှားမူဖြစ်ပြီး ယင်း လက်ပတ် အဖြူတွေကိုလည်း ပြည်သူလူထု ထံသို့ ဆက်လက်ဝေငှသွားမှာဖြစ်တယ် လို့ပါဝင်လှုပ်ရှားသူ လူငယ်တစ်ဦးက ဆိုပါတယ်။

ရဲလွင်ဓါတ်ပုံ - ကျော်ကျော် (AF)
Popular Myanmar News Journal

No comments:

Post a Comment

My Blog List