Friday, March 13, 2015

ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားမှတစ်ဆင့် လာရောက်ရန် ခွင့်ပြုချက်ရ


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် ရန်ကုန်မြို့သို့ လာရောက် မည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနားမြို့မှတစ်ဆင့် လာရောက်ရန် အစိုးရက ခွင့်ပြု လိုက်ကြောင်း သတင်းရရှိ သည်။


မူလက ကေအိုင်အိုကိုယ် စားလှယ်အဖွဲ့ကို လုံခြုံရေးအရ တရုတ်နိုင်ငံ ရွှေလီ-မူဆယ်မှတစ်ဆင့် လာရောက် ရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ (UPWC) က မတ်လ ၁၁ ရက်တွင် အကြောင်းကြားထားခြင်း ဖြစ်သည်။

သို့သော် မတ်လ ၁၁ ရက် ညက မြစ်ကြီးနားမှ တစ်ဆင့် လာရောက်ခွင့်ပြုကြောင်းUPWC က ပြန်လည် အကြောင်း ကြားခဲ့ကြောင်း ကေအိုင်အေအဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

(မတ်လ ၁၃ ရက်) မြစ်ကြီးနားလာဖို့ စီစဉ်ထားပါတယ် ဟု ကေအိုင်အေအဆင့်မြင့်အရာရှိက ဆိုသည်။ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို မတ်လ ၁၆ ရက်မှ စတင်၍ ပြုလုပ်သွားမည်ဖြစ် သည်။

‘‘အစီအစဉ်က အခုထိ အ ပြောင်းအလဲမရှိသေးဘူး။ ၁၄ ရက်ကို ရန်ကုန်မှာ ကျွန်တော်တို့ လူစုံ ရောက်အောင် သွားကြဖို့ရှိတယ်’’ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုသို့ တက်ရောက်လာသော ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့က ကချင်လူမှုရေး အသင်းအချို့မှ တာဝန်ရှိသူ အချို့ကို နှုတ်ဆတ်နေစဉ် (ဓာတ်ပုံ − အေးမြကျော်)
7Day Daily

No comments:

Post a Comment

My Blog List