Monday, March 09, 2015

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့တွင် ထိုင်းရောက်မြန်မာအမျိုးသမီး အဖွဲ့များဆန္ဒပြ


မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုနှင့် ဦးဆောင်မှုအင်အားကို နောက်ပြန်ဆုတ်အောင် လုပ်ဆောင်နေသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မတ်လ ၈ ရက်က ပြောဆိုလိုက်ပြီး ထိုနေ့ ညပိုင်းတွင် အမျိုးသမီးအခွင့်အရေး တောင်းဆိုကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိုင်းနိုင်ငံအတွင်း အမျိုးသမီး၊ အလုပ်သမားအရေး လှုပ်ရှားနေသူများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ ပူးပေါင်း၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော် ကားနှောင့်ယှက်မှု အပါအဝင် နည်းမျိုးစုံ အကြမ်းဖက်မှုများကို တရားမျှတမှု ရရှိရန် အစိုးရမှ လုပ်ဆောင်ပေး ရန် ပျက်ကွက်ခဲ့သည်ဟု ၁၀၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မတ်လ ၈ ရက်က ထုတ်ပြန်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအား လုပ်ဆောင်နေသည်ဟုဆိုသော်လည်း အမျိုးသမီးများ ဘဝ လုံခြုံမှု လုံးဝ ကင်းမဲ့နေသည်ကို တွေ့ရကြောင်း၊ အမျိုးသမီးများ အခွင့်အရေး ၊ ကျောင်းသား သပိတ်၊ အလုပ်သမားသပိတ်၊ လယ်ယာမြေ ပြန်လည် ရရှိရေး စသည့် ဆန္ဒပြ တောင်း ဆိုနေမှုများတွင် အမျိုးသမီးများ မပါဝင်လာရန် အစိုးရ စနစ်တကျ လုပ်ဆောင်နေကြောင်း မြန်မာအမျိုးသမီး သမဂ္ဂ (BWU)၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ဒေါ်ဇင်မာဖြိုးက ပြောသည်။

“အခုဆိုရင် ငြိမ်းချမ်းရေးတွေ လုပ်ဆောင်နေတာနဲ့ တပြိုင်နက်မှာဘဲ အမျိုးသမီးတွေ အသံမပါလာဘူး။ အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မပါတဲ့အပြင် တိုင်းရင်းသားနယ်မြေတွေမှာ နေနေတဲ့ အမျိုးသမီးတွေ က စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေက ဒီလို လစ်လျိုရှုခံနေရတုန်းပဲ ဆိုတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံက ဘယ်လိုဘဲ အသွင်းကူးပြောင်းသည်ပဲ ပြောပြော အမျိုးသမီးတွေ အခြေအနေက လုံခြုံရေး ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းသည်ကို အစိုးရက ပြောဆိုနေသော်လည်း လက်ရှိ အမျိုးသမီးအခြေအနေသည် အဖက်ဖက်မှ ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရှိဖြင့် အကြမ်းဖက် ခံနေရပြီး ငြိမ်း ချမ်းရေး ဖြစ်စဉ်တွင်လည်း အမျိုးသမီးများ ပါဝင်ခြင်း မရှိကြောင်း သူက ပြောသည်။

လတ်တလော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော အလုပ်သမားအမျိုးသမီးများ၊ ပညာရေးပြုပြင်ပြောင်းလဲမှု အတွက် တောင်းဆိုသည့် ကျောင်းသူများ အပါအဝင် မြန်မာနိုင်ငံရှိ အမျိုးသမီးများမှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများကို ခံနေရပြီး သပိတ်များတွင် ပါဝင်သော အမျိုးသမီးများအား ဂုဏ်သိက္ခာ ကျဆင်းစေ ရန်နှင့် ကာအိနြေ္ဒပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်သည့် လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် တောင်သူအမျိုးသမီး ဒေါ်ခင်ဝင်း အား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်မှု၊ ကချင်ကျောင်းဆရာမ နှစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်မှုများအား တရားမျှတမှု ပေါ်ပေါက် ရန် ပွင့်လင်းမြင်သာမှု ရှိသည့် စုံစမ်းစစ်ဆေးမှုများနှင့် အပြစ်ပေး အရေးယူများမှုများကို လုပ်ဆောင်ပေးခြင်း မရှိသေး၍ အစိုးရအနေဖြင့် တာဝန်ယူပေးရန် ဒေါ်ခင်မာဖြိုးက တောင်းဆိုလိုက်သည်။

လက်ရှိ ဖြစ်ပွားနေသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအပေါ် တာဝန်ယူ အရေးယူဆောင်ရွက်ပေးရန်၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု များကို စောင့်ကြည့် ဝေဖန်ထောက်ပြရန် လိုအပ်ကြောင်း ဒေါ်ဇင်မာဖြိုးက တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် အခြေအနေတိုးတက်ကောင်းမွန်ရေး၊ အာမခံချက်ရှိသည့် ပညာရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော အမျိုးသမီးများနှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးများ လုံခြုံငြိမ်း ချမ်းစေ ရန်အတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းလုပ်ဆောင်ကြရန်လည်း BUW က တိုက်တွန်းထားသည်။

၁၉၁၁ ခုနှစ် အမျိုးသမီးအလုပ်သမားများ၏ လုပ်ငန်းခွင့် အခြေအနေ ကောင်းမွန်ရေး ဆန္ဒပြမှုကို အခြေပြု ၍ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

mizzima

No comments:

Post a Comment

My Blog List