Monday, March 09, 2015

လက်ပတ်အနီဝတ်အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို

ဆူးလေစေတီအနီးတွင် မတ်လ ၅ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများ နှင့် ပြည်သူအချို့ကို အဓိကဖြိုခွင်း ခဲ့သည့် လက်ပတ်အနီဝတ်အရပ် သားများ၌ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်နှင့် ကျေး ရွာများမှ အမျိုးသားအချို့ ပါဝင်နေပြီး ၎င်းတို့ထဲမှ အချို့မှာ ဖြစ်စဉ်ကို ဂဃနဏမသိဘဲ လိုက်ပါခဲ့ရကာ ကျောင်း သားများကို ရိုက်မိသည့်အတွက် ပြန်လည် တောင်းပန်လိုကြောင်း မိသားစု ၀င်အချို့က 7Day Daily အား ပြော သည်။
လူမှုကွန်ရက်နှင့် မီဒီယာများတွင် ပျံ့နှံ့နေသော အကြမ်းဖက် ဖမ်းဆီးမှု၌ ထင်ရှားစွာပါဝင်နေ သူအများစုမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်အချို့ တွင် နေထိုင်သူများဖြစ်သည်ဟု ၎င်းတို့ကိုသိသော ဒေသခံ များ က အတည်ပြုခဲ့ကြသည်။ ထိုသို့လူ တစ်စုပါဝင်ပတ်သက်ခဲ့ခြင်း ကြောင့် ပြည်သူအများ၏ မုန်းတီး မှုကို ကျန်ဒေသခံများက ရောနှောခံစားနေရသည်ဟု ၎င်းတို့က ဆို သည်။

‘‘အဲဒီလို လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကပါ ပြောတာနဲ့ ရန်ကုန်မြို့နေ လူထုက ချဉ်နေကြ ပြီ။ လူဆိုးလူမိုက်တွေလို့မြင်ပြီး ပေါင်းသင်းဆက်ဆံမှုမလုပ်ချင် ကြတော့ဘူး’’ဟု စက်ကလေး ကျေးရွာနေ ဇောတိကနာရေးကူ ညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်မင်း ကပြောသည်။

မတ်လ ၅ ရက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လူ ၁၅ ဦးခေါ်ယူခိုင်းခဲ့ကြောင်း ကြည့်မြင်တိုင်တစ် ဖက်ကမ်းမှ ရာအိမ် မှူးတစ်ဦးကပြောသည်။ ကြည့် မြင်တိုင်တစ်ဖက်ကမ်းတွင် နေထိုင်သူအချို့အား မြို့နယ် တာဝန်ရှိသူများက အဆက်ဆက်အား ကိုးခဲ့ရကြောင်းနှင့် ယခုတာဝန်လက်ပတ်များကို ၀တ်ဆင်ခိုင်းသည် မှာ နှစ်ကြိမ် ရှိပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

ခေါ်ဆောင်ခံခဲ့ရသူအချို့မှာ အုပ်ချုပ်ရေးမှူးများက အခြား ကိစ္စများ အကြောင်းပြခေါ်ခဲ့ခြင်း ဖြစ်ပြီး မြို့တော်ခန်းမအတွင်း ရောက်မှသာ ထိုအလုပ်ကို လုပ် ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင် လိုက်ပါခဲ့သူ တစ်ဦးကပြောသည်

7 Day က အကြမ်းဖက်ဖြိုခွင်းမှု တွင် ပါဝင်ခဲ့သူ ၁၀ ဦးကျော်၏နေရပ်လိပ်စာကိုသိခဲ့ပြီး ငါးဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ ဖုန်း နံပါတ်တို့ကို ရရှိထားသည်။

‘‘အမှန်တကယ် ဒါလုပ်ရ မယ်လို့ မသိခဲ့ဘူး။ ဟိုရောက် တော့မှ မြို့တော်ခန်းမထဲပိတ် ထားပြီး လူအုပ်ထဲကို အတင်း ထိုးထည့်လိုက်တာ။ အဲဒီအတွက် ငွေကြေးတစ်စုံတစ်ရာမရခဲ့ပါ ဘူး’’ဟု လက်ပတ် အနီဝတ် အမျိုးသားတစ်ဦးက မတ်လ ၇ ရက်တွင် ပြောသည်။

၎င်းအမျိုးသားမှာ လူသိရှင် ကြား ပြန်လည်တောင်းပန်လို ကြောင်း၊ ၎င်းအနေဖြင့် ကျောင်း သားများကို ယခုလိုရိုက်နှက်ရန် မစဉ်းစားခဲ့ကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်ကလည်း မိမိတို့ကို ၀ိုင်းဝန်းအပြစ် တင်နေကြောင်း ၎င်း၏ ဇနီးက 7DAY Daiily အား ပြောသည်။

‘‘ကျွန်မဗိုက်ထဲက မွေးလာ မယ့် ကလေးတွေအတွက် အခုလို သူ့အဖေကို နာမည်ဆိုးမဖြစ်စေ ချင်ဘူး။ အမှန်တကယ် ဒီလိုလုပ် ဖို့လည်း ကျွန်မယောက်ျားမှာ ဆန္ဒလည်းမရှိဘူး။ နှစ်ဖက်အ သိုင်းအ၀ိုင်းကလည်း ဒီလိုကိစ္စကို လက်မခံဘူး’’ဟု လက်ပတ်အနီ ၀တ်အရပ်သားများတွင် ပါဝင်ခဲ့ သူတစ်ဦး၏ ဇနီးကဆိုသည်။

ထို့ကြောင့် အဆိုပါအမျိုး သားအပါအ၀င် အနီရောင်လက် ပတ်ဝတ်အရပ်သားများတွင် ပါ ၀င်သူနှစ်ဦးအား 7DAY က မတ်လ ၈ ရက်တွင် သီးသန့် ထပ်မံ တွေ့ဆုံမေးမြန်းရန်သွားရောက်ရာ တွေ့ခွင့်မရတော့ပေ ။‘‘မီးဘေးတုန်းက သွားလှူခဲ့ တဲ့နေရာက သူတွေက ဒီကိစ္စမှာ ပါလာတယ်ဆိုတော့ လှူရတာ အဆိပ် ပင်ရေလောင်းသလိုဖြစ် တယ်ဆိုပြီး ကျောင်းသားတွေ ပြောတာကြားရတော့ စိတ်မ ကောင်းဘူး။ လူနည်းစုပဲဆိုတာ သူတို့တွေသိစေချင်တယ်’’ဟု လူအနည်းစု ပါဝင်ခဲ့ခြင်းကြောင့် ရပ်ကွက်ရှိ ပြည်သူအ များစုအပေါ် အထင်သေးခံနေရခြင်းနှင့် ပတ်သက်၍စက်ကလေးကျေးရွာမှ ကိုတင်ထွန်းအောင်ကပြော သည်။

လက်ပတ်အနီဝတ်တာဝန် အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် နီးစပ်သူများကို ခေါ်ခဲ့ ကြောင်း ဒုတိယအထွေထွေအုပ် ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ထိုအမျိုးသားကဲ့သို့ပင် အရပ်သားအချို့မှာလည်း အုပ် ချုပ်ရေးမှူးက အတင်းအဓမ္မခေါ် ယူခြင်းနှင့် လိမ်ညာခေါ်ယူမှုများ ရှိခဲ့သည်။ ထိုသို့ မလိမ့်တစ်ပတ် ခေါ်ယူခြင်းသည် လူကုန်ကူးမှု မြောက်ကြောင်းနှင့် လူကုန်ကူးမှု ဥပဒေဖြင့် ပြန်လည်တရားစွဲဆို နိုင်ပြီး ခေါ်ယူသည့် အုပ်ချုပ်ရေး မှူးသာ တာဝန်ယူရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေ သည့် ဓာတ်ပုံမှ လူများကို နိုင်ငံ တော်အစိုးရက အသိအမှတ်မပြု သလို လက်ရှိအာဏာရပါတီမှ လည်း တာဝန်မခံကြောင်း၊ ယင်း တို့ကို ရှေ့နေများ ကွန်ရက်မှ ကာယိနြေ္ဒ ပျက်ပြားစေမှု၊ နာကျင်စေမှုများဖြင့် တရားစွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

‘‘တရားဥပဒေစိုးမိုးဖို့ ဥပဒေ လိုက်နာအောင် လုပ်တဲ့သူတွေ မှာ တာဝန်ရှိတယ်။ ဘယ်ကမှန်း မသိတဲ့ လက်ပတ်နီကို လက်မခံ ဘူး။ ဥပဒေအထက်မှာ ဘယ်သူ မှ မရှိစေရဘူး’’ဟု ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမြအေးကပြောသည်။

ရန်ကုန်မြို့တော်ခန်းမကဲ့ သို့ နေရာမျိုးတွင် ရမ်းကားပြီး ဥပ ဒေမဲ့လုပ်ရပ်ကို ပြည်ထောင်စု အစိုးရအနေဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သော်လည်းကောင်း တာဝန်ယူ သင့်ကြောင်းနှင့် ဥပဒေနှင့်မညီ ကြောင်းကို သတ္တိရှိရှိဝန်ခံသင့် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ပြည်သူကို မလိမ်ညာဘဲ ရိုး သားစွာ ဆက်ဆံသင့်ကြောင်းနှင့် အုပ်စုဖွဲ့ရမ်းကားမှုကို အစိုးရ အနေဖြင့် တာဝန်မခံပါက အစိုးရ အနေဖြင့် ရှေ့အလားအလာမ ကောင်းနိုင်ကြောင်း ၎င်းကဆို သည်။

ရန်ကုန်မြို့နေ ပြည်သူများ မှာ အဆိုပါကြည့်မြင်တိုင်တစ် ဖက်ကမ်းမှ ဒေသခံများအပေါ် ယခင်ကာလများ ကပင် အထင်အ မြင်သေးစွာ ခွဲခြားဆက်ဆံခံနေ ကြပြီး ကျောင်းသားဆန္ဒပြမှုများ ကို အကြမ်းဖက်ဖမ်းဆီး ရာတွင် အဆိုပါဒေသခံအချို့ ပါဝင် ကြောင်း သတင်းများပျံ့နှံ့ခဲ့ပြီး နောက် ၎င်းတို့အပေါ် အထင်အမြင် သေး မှုများ ထပ်မံမြင့်တက် လာမည်ကို ဒေသခံများကစိုးရိမ် နေကြကြောင်း ပြည်သူအချို့က ပြော သည်။

သို့သော် လက်ပတ်အနီဝတ် သူများမှာ ငြိမ်းချမ်းရေးကို လို လားသော ပြည်သူများနှင့် အ ထောက်အကူပြု အဖွဲ့များသာဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးက မတ်လ ၅ ရက်တွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဆိုခဲ့ သည်။

7day

No comments:

Post a Comment

My Blog List