Tuesday, March 10, 2015

လက်ရှိအကျပ်အတည်းများ ရှောင်လွှဲနိုင်ရေး သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ရန် ဦးမင်းကိုနိုင်တိုက်တွန်း


အမျိုးသားပညာရေးဥပ ဒေပြင်ဆင်ရေးအတွက် လက်ရှိ ကြုံတွေ့နေ ရသောအကျပ်အ တည်းများကြောင့် မလိုလားအပ် သောအခြေအနေများမှ ရှောင်လွှဲ သွားနိုင်ရေး သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက် ကြရန် ၈၈မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းခေါင်းဆောင်ဦးမင်း ကိုနိုင်က တိုက်တွန်းပြော ကြား လိုက်သည်။
‘‘လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးမှုဖြစ်အောင် ကြိုးပမ်းခဲ့ပါတယ်။ လေးပွင့် ဆိုင်ဖြစ်ခဲ့ပါတယ်။ အဲဒီလေးပွင့် ဆိုင်ဆွေးနွေး ပွဲက သဘောတူထားတဲ့ ရလဒ် တွေထဲမှာဘာပါလဲဆိုတော့ ဒီအ မျိုးသားပညာရေးဥပဒေ မူကြမ်း ကိုလွှတ်တော်ထဲမှာ ဆွေးနွေးနေ စဉ်ကာလအတွင်းမှာ တွေ့ကြုံရ မယ့် အခက်အခဲတွေနဲ့ပတ်သက် လို့ မလိုလားအပ်တဲ့အခြေအနေ မျိုးက ရှောင်လွှဲနိုင်အောင်ပူးပေါင်း ဆောင်ရွက်ကြရန် သဘောတူခဲ့ပါတယ်။ အဲဒီအချက်ကို ဒီနေ့မမေ့ကြဘဲနဲ့ မျက်ခြည်မပြတ်ကြဘဲနဲ့ မလိုလားအပ်တဲ့အခြေအနေ မျိုးကရှောင်လွှဲကြဖို့ ပူးပေါင်း ဆောင်ရွက်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်’’

လေးပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှု၏ သဘောတူညီချက်တစ်ခု ဖြစ်သော အမျိုးသားပညာရေးဥပ ဒေပြင်ဆင် သည့်မူကြမ်းကိုလွှတ် တော်ထဲ၌ ဆွေးနွေးနေစဉ်ကာ လအတွင်း တွေ့ကြုံရမည့်အခက် အခဲများနှင့် မလို လားအပ်သော အခြေအနေများ ရှောင်လွှဲသွား နိုင်ရန် ပူးပေါင်းဆောင်ရွက်သွား မည်ဆိုသောအချက်ကို မျက်ခြည် မပြတ်ရန် ဦးမင်းကိုနိုင်ကပြောကြားခဲ့သည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လက်ရှိအ ကျပ်အတည်း များနှင့်ပတ်သက် ပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ သ ဘောထားကို ဦးမင်းကိုနိုင်ပြော ကြားထားသည့် တစ်မိနစ် ခွဲခန့် ကြာမြင့်သော ဗီဒီယိုဖိုင်တစ်ခုကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်း၏ တရား ၀င်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် မတ်လ ၉ ရက် ညက တင်ပြခဲ့ခြင်းဖြစ်သည်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် အမျိုးသား ပညာရေးဥပဒေပြင် ဆင်ရမည်ဆိုသော အချက်ကို ရှေး ကတည်းက ထောက် ခံခဲ့ခြင်း ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုး မဟုတ်ဘဲ စေ့စပ်ဆွေးနွေး အဖြေ ရှာရေးကို တစိုက်မတ်မတ် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဦးမင်းကိုနိုင်က အဆိုပါ ဗီဒီယိုဖိုင်၌ထည့် သွင်းပြောကြားခဲ့သည်။

ပင်မသပိတ်စစ်ကြောင်းသည် လက်ပံတန်းမြို့တွင်ပိတ်ဆို့ တားဆီးခြင်း ခံနေရပြီး ပိတ်ဆို့ ထားမှုနှင့် အခြေ အနေအကျပ်အတည်းများကို အစိုးရတာဝန်ရှိသူ များအနေဖြင့် မတ်လ ၁၀ရက် နံနက် ၁၀နာရီနောက်ဆုံး ထားပြီး ဖြေရှင်းပေးရန် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း(ပင်မ)က အရေးပေါ် အသိပေးကြေညာထား သည်။

အစိုးရအနေဖြင့် အလေးအနက်ထားဖြေရှင်းပေးခြင်းမရှိပါက နောက် ဆက်တွဲဖြစ်ပေါ်လာနိုင်သော အကျိုး ဆက်ပြဿနာအရပ်ရပ်သည် အစိုးရ၏ တာဝန်သာဖြစ်ကြောင်းပါရှိသည်။

ဗီဒီယိုမှတ်တမ်းမှတစ်ဆင့် သတင်းစကားပါးနေသော ဦးမင်းကိုနိုင် (The 88 Generation Peace and Open Society)
7Day Daily

No comments:

Post a Comment

My Blog List