Thursday, March 12, 2015

အိုလံပစ်ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း သီရိလင်္ကာကို ဂိုးပြတ်အနိုင်ယူ


၂၀၁၆ အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲအုပ်စု (က)အဖွင့်ပွဲ တွင် မြန်မာအသင်း က သီရိလင်္ကာအသင်းကို ၁၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူခဲ့သည်။မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် မတ်လ ၁၁ ရက်က ကျင်းပခဲ့ သည့် ယင်းပွဲ၌ အိမ်ရှင်မြန်မာအမျိုးသမီးအသင်း က သီရိ လင်္ကာအမျိုးသမီး အသင်းကို ပွဲချိန်တစ်လျှောက်လုံး ဖိအားပေးကစားကာ ပထမပိုင်းတွင်ပင် ၁၁ ဂိုးသွင်းယူခဲ့ သည်။
ဒုတိယပိုင်းတွင်လည်း မြန်မာအမျိုးသမီးအသင်းက ဆက်လက်ဖိအားပေးခဲ့ပြီး အနိုင်ဂိုး ငါးဂိုးထပ်မံသွင်းယူ ခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ်တွင် ဂိုးပြတ်အနိုင်ယူကာ ရလဒ်ကောင်း ရယူနိုင်ခဲ့သည်။

မြန်မာအမျိုးသမီးဘောလုံး အသင်းသည် ခြေစစ်ပွဲပထမအဆင့်အုပ်စု (က)တွင် အိန္ဒိယ၊ သီရိလင်္ကာအသင်း များနှင့် ကျရောက်နေပြီး ယင်းခြေစစ်ပွဲ များကို မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ လက်ခံကျင်း ပခြင်းဖြစ်သည်။

ခြေစစ်ပွဲ အုပ်စု(က)ပွဲစဉ် များအဖြစ် ဒုတိယပွဲစဉ်ကို မတ်လ ၁၃ ရက်တွင် အိန္ဒိယနှင့် သီရိလင်္ကာ၊ နောက်ဆုံး ပွဲစဉ်အဖြစ် မတ်လ ၁၅ ရက်တွင် မြန်မာနှင့် အိန္ဒိယအသင်းများ ယှဉ်ပြိုင်မည် ဖြစ်သည်။

အသင်းဆယ်သင်း ပါဝင် ယှဉ်ပြိုင်သည့် ပထမအဆင့်ခြေ စစ်ပွဲများကို အုပ်စုသုံးစုခွဲခြား ကျင်းပပြီး အုပ်စု(ခ) တွင် ဥဇဘက်ကစ္စတန်၊ ဂျော်ဒန် ၊ ဟောင်ကောင်၊ ပါလက်စတိုင်း၊ အုပ်စု(ဂ)တွင် တရုတ်(တိုင်ပေ)၊ အီရန်၊ လာအိုအသင်း ပါဝင်နေသည်။

ပထမအဆင့်တွင် အုပ်စု တစ်ခုစီမှ အမှတ်အများဆုံးရရှိ သည့် ထိပ်ဆုံးတစ်သင်းစီသာ ဒုတိယအဆင့်သို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

ပထမအဆင့်မှ ခြေစစ်ပွဲ အောင် သုံးသင်းသည် ဒုတိယအဆင့်တွင် ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် ဆက် လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အုပ်စု(က) ဒုတိယပွဲစဉ်တွင် အိန္ဒိယအသင်းသာ အနိုင်ရရှိခဲ့ပါ က မြန်မာနှင့် အိန္ဒိယအသင်းတွေ့ ဆုံမည့် အုပ်စုနောက်ဆုံးပွဲစဉ်က ခြေစစ်ပွဲအောင် အသင်းအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်သည်။

နောက်ဆုံးထုတ်ပြန်ထား သည့် အမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ မြန်မာအသင်း က ကမ္ဘာ့အဆင့် ၄၄၊ အိန္ဒိယက ၅၃ နှင့် သီရိလင်္ကာက ၁၁၇ တွင် ရပ်တည်နေပြီး အုပ်စု(က) အသင်းသုံး သင်းတွင် မြန်မာအသင်းက အဆင့်ရပ်တည်မှု အမြင့်ဆုံးဖြစ်သည်။

7day

No comments:

Post a Comment

My Blog List