Monday, March 09, 2015

လက်ပတ်နီများ ဖော်ထုတ်အရေးယူရန်အပါအ၀င် အချက်သုံးချက်ကို စုပေါင်းသပိတ်အလုပ်သမားများတောင်းဆို


လက်ပတ်နီဝတ်များကို ဖော်ထုတ်အရေးယူပေးရန် အပါအ၀င် အချက်သုံးချက်အား ဖြေရှင်းဆောင် ရွက်ပေးခြင်း မရှိပါက ကျောင်းသားအဖွဲ့များနှင့် ပူး ပေါင်းကာ ထိရောက်စွာတုံ့ပြန် သွားမည်ဟု ရွှေပြည် သာစုပေါင်း သပိတ်အလုပ်သမားများကကြေ ညာသည်။
မြို့တွင်းသို့ ချီတက်ဆန္ဒပြသည့်အလုပ်သမားများအား အကြမ်းဖက် ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး လေး ရက်မြောက်နေ့တွင် ရွှေပြည်သာစုပေါင်း သပိတ်အလုပ်သမားများက ယင်းသို့ကြေညာချက်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

အလုပ်သမတစ်ဦးဖြစ်သည့် မအေးအေးဖြိုးက မတ်လ ၈ ရက်ညနေတွင် လွတ်လပ်ရေးကျောက်တိုင်ရှေ့ ၌ ပြုလုပ်သော ဆန္ဒပြပွဲတွင်ယင်းကြေညာ ချက်ကို ဖတ်ကြားခဲ့သည်။

‘‘ကျွန်မတို့အနေနဲ့ တောင်း ဆိုချက်တွေကိုလိုက်လျောပေးဖို့ တောင်းဆို မှုတွေဆက်လုပ်မှာပါ။ သပိတ်ကော် မတီတစ်ရပ်အနေနဲ့ ဆက်ရှိသွား မှာဖြစ်ပြီး တခြားအ ဖွဲ့အစည်းတွေနဲ့   ချိတ်ဆက် ဆောင်ရွက်မှုတွေ လုပ် သွားမယ်’’ ဟု မအေးအေးဖြိုးကပြောသည်။

၎င်းတို့၏ တောင်းဆိုချက် တွင်  အစိုးရက အကြမ်းဖက်ဖမ်းဆီးထားသော အလုပ်သမားခေါင်းဆောင်များ၊ အလုပ်သမားများအားကူညီဆောင်ရွက် ပေးနေသူများကိုခြွင်းချက်မရှိပြန်လွှတ်ပေးရန်၊ ရွှေပြည်သာစုပေါင်း သပိတ် အလုပ်သမားများတောင်းဆိုချက်ကို အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် အစိုးရဘက်မှ အရပ်ဝတ် စွမ်းအားရှင်များအသုံးပြု၍ အလုပ်သမားများ အကြမ်းဖက်ဖမ်းဆီးဖြိုခွဲမှုများအား ထိရောက်စွာ တရား ခံဖော်ထုတ်ပေးရန် ဟူ၍ ပါဝင်သည်။

အဆိုပါတောင်းဆိုချက်များ အဆောတလျင်ဆောင်ရွက်ပေး ခြင်းမရှိပါက ကျောင်းသား၊လယ် သမား၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး အကြမ်းဖက်မှုများကို ထိရောက်စွာတုံ့ပြန်သွား မည်ဟု သတိပေးထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မတ်လ ၈ရက်က ပြုလုပ်သော ဆန္ဒပြပွဲတွင် ဖမ်းဆီးထားသော အလုပ်သမားများကို ကူညီဆောင် ရွက်ပေးသူများ၊ အလုပ်သမားများအား မိသားစုနှင့် တွေ့ဆုံခွင့်ပေးရန်  တောင်းဆိုခဲ့ကြသည်။

 ဖမ်းဆီးခံထားရသော အ လုပ်သမားများအား ပုဒ်မ ၁၄၇၊ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုရန် ဆောင်ရွက်နေ သည်ဟု အထက်ပါကြေညာချက်တွင်ဆိုသည်။

‘‘ဖမ်းဆီးခံထားရသူ နှစ် ဆယ်လောက်ရှိတယ်။ တချို့ဆို ရင် မိသားစုနဲ့အဆက်အသွယ်မရ ကြဘူး။ သူတို့ မိသားစုဆီလည်း သွားအကြောင်းကြားပေးတာ မရှိလို့ သူတို့အိမ်တွေက  မသိကြသေးတာရှိတယ်’’ဟု မအေးအေးဖြိုး ကပြောသည်။

အဆိုပါအလုပ်သမားများ ကို မတ်လ၄ရက်က သပိတ်စစ်ကြောင်း ဖြိုခွင်းစဉ်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အစိုးရ ထုတ်ပြန်ချက်အရ အလုပ်သမား ၁၅ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း  သိရသည်။ 

၎င်းတို့အထဲတွင်  အသက်မပြည့်သေးသော အလုပ်သမားတစ်ဦးပါဝင်နေကြောင်း  အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများကဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List