Thursday, March 12, 2015

ကျောင်းသားအဖွဲ့နှင့် NNER အဖွဲ့ အမျိုးသားလွှတ်တော် ကြားနာပွဲသို့ တက်ရောက်ခြင်း ရှိ/မရှိ မတ် ၁၃ ရက်အကြောင်းပြန်မည်


ဒီမိုကရေစီပညာရေးလူပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ ကျောင်းသားများနှင့် ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး လွှတ်တော်ကြားနာပွဲအတွက် ဒုတိယအကြိမ် ထပ်မံဖိတ်ကြားထားပြီး မတ် ၁၃ ရက်တွင် တွေ့ ဆုံခြင်း ရှိ/မရှိ သိရှိရမည်ဟု ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။
“မနေ့ကပဲ လှမ်းဖိတ်ပါတယ်။ သူတို့ဘက်ကလည်း လက်ရှိအခက်အခဲ ကတော့ ဟိုရောက်ဒီရောက် ပြေးတဲ့ သူကပြေး အထဲရောက်နေတဲ့ သူလည်းရောက်။ ဒါကြောင့် မတ်လ ၁၃ ရက်ကို နောက်ဆုံးထား ပြန်ဖြေပေး မယ်လို့ပြောပါတယ်။ NNER လည်းဖိတ်ထားပါတယ်။ သူတို့လည်း အထက်ကိုပြောပြထားပြီး ဖြစ်တယ် လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ကျောင်းသားအဖွဲများသည် လွှတ်တော်ကြားနာပွဲကို တက်ရောက်မည် ဆိုလျှင် နှစ်ရက်သုံးရက် ကြိုတင်ပြော ကြားပါက လွှတ်တော်က စီစဉ်ဆောင်ရွက်သွားမည်ဟု ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

“၁၃ ရက်နေ့ အကြောင်းမပြန်လည်း ၁၅ ရက်နေ့အထိစောင့်ပြီး ၁၆ ရက် မှာတော့ ကော်မတီအစည်းအဝေး ထိုင်တော့မယ်” ဟု ဦးခင်မောင်ရီ က ပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် နိုင်ငံရေး၊ စီပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်သည် ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရန် ကြားနာပွဲကို အဖွဲ့ကြီး ခြောက်ဖွဲ့အဖြစ် သတ်မှက်ပြီး မတ် ၅ ရက်မှ ၁၅ ရက် အထိ  ပြုလုပ်မည်ဖြစ်သည်။

လွှတ်တော်တွင် မပါဝင်သည့် နိုင်ငံရေးပါတီ ၄၃ ခု၊ ကျောင်းသားများအဖွဲ့၊ သပိတ်စစ်ကြောင်း တစ်လျှောက် တွင် ကူညီခဲ့သူများ၊ အရက်ဘက်အဖွဲ့ အစည်းများ၊ NNER အဖွဲ့၊ ပြင်ပ ပုဂ္ဂလိကများကို ကြားနာပွဲတွင် ပြု လုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ပံတန်းတွင် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက် ပြီး မေးမြန်းရာတွင်” မထောက်ခံဘူး။ မထောက်ခံပေမယ့် တိုင်းဒေသကြီး အစိုးရက အုပ်ချူပ်ရေးကို သူ့လက်ထဲ အပ်နှင်းထားတယ်။ သူ့ဒေသရဲ့ အခြေအနေ၊ သူ့ရဲ့ အကျပ်အတည်းပေါ့ ရှင်းရှင်းပြောရရင် သူလည်းခေါင်း ခံထားရတာ။ အခုဖြစ်ရင် သူထိ မှာလေ။ သူလည်း သူ့အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့လုပ်တာတော့ အန်ကယ်တို့က ဝေဖန်စရာတော့ မရှိဘူး။ ကြိုတ်သလားမေးရင် မကြိုတ်ဘူး” ဟု ဦးခင်မောင်ရီက ပြောသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအဖွဲ့က ကျောင်းသားကိုယ် စားလှယ်များကို လာရောက်ဆွေးနွေးစေချင်ပြီး ကျောင်းသားများကို မကန့်သက်ထားသည့်အတွက် လာစေချင်သည်ဟု ဦးခင်မောင်ရီက ဆက်ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List