Monday, August 10, 2015

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း


၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှဦးမင်းကိုနိုင် ၊ဦးကိုကိုကြီး အစရှိသည့် ကျောင်း သားခေါင်းဆောင်များသည် ကျောင်းသားဘ၀နှင့် ၁၉၈၈မတိုင်မီမှစတင်ကာ နိုင်ငံရေးလောကအတွင်း ဝင်ရောက်ခဲ့ ကြပြီး ရှစ်လေးလုံး အ ရေးအခင်း၊ ၁၉၉ဝရွေးကောက်ပွဲ ထို့မှ၂၀၁၂ ကြားဖြတ်ရွေး ကောက် ပွဲမှသည် အချိန်များစွာ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအား ဝန်းရံခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လူထုဆန္ဒလက်မှတ်ရေး ထိုးခံ ယူပွဲကဲ့သို့သောဆောင်ရွက် ချက်များကို နှစ်ဘက်ပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့သောဆောင်ရွက်မှုများမှ နေ၍ NLD နှင့်၈၈မျိုးဆက်(ငြိမ်း/ပွင့်) တို့အကြား လက် ရှိအခြေအနေ၊ ဝန်းရံခဲ့သည့်အခြေအနေမှ နိုင်ငံရေးပါတီ အဖြစ်ထူထောင်ကာ ပါတီနိုင်ငံရေးနှင့်လွှတ်တော် နိုင်ငံ ရေးတို့ ကို ကျယ်ပြန့်စွာ လုပ်ဆောင်တော့မည် ၈၈မျိုးဆက် များ၏ လက်ရှိဆောင် ရွက်နေ မှု များနှင့် ၈၈မျိုးဆက် များအနေဖြင့် လာမည့်၂၀၁၅ရွေးကောက် ပွဲတွင် မည် သည့်ပါတီအဖွဲ့အစည်းများကို ဝန်းရံမည်ဆိုသည့် အချက် များနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေးသတင်းစာနှင့် ၈၈မျိုးဆက်(ငြိမ်း/ပွင့်) မှ ကျောင်းသားခေါင်း ဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးတို့ တွေ့ ဆုံမေးမြန်းဖြေ ကြားချက်များကို ဖော်ပြအပ်ပါသည်။

မေး-ဦးကိုကိုကြီးတို့အနေနဲ့လာမည့်ရွေးကောက်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်ဖို့ တရားဝင်ပြောခဲ့တယ်။ အဲဒီလို ပြောပြီးတဲ့နောက်ပိုင်း မှာ ရွေးကောက်ပွဲ မှာတစ်သီးပုဂ္ဂလ ကဝင်မှာလား၊ ဦးကိုကိုကြီးတို့ တောက်လျှောက် ဝန်းရံခဲ့ တဲ့ NLD ကနေပဲရွေးကောက်ပွဲ ဝင်မှာ လားဆိုပြီး ပြည် သူတွေ တော်တော် စိတ်ဝင်စားခဲ့ကြတယ်။ အဲဒီနောက် ဦးကိုကိုကြီးတို့အနေနဲ့ အနေနဲ့မျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ကနေ လွှတ်တော်ကိုယ်စား လှယ်လောင်း အဖြစ်ရွေး ကောက် ပွဲဝင်ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလိုဆုံးဖြတ်ခဲ့တာ ဘာကြောင့် ပါလဲ။

ဖြေ-ကျွန်တော်အနေနဲ့လွှတ်တော်နိုင်ငံရေးဆောင်ရွက်မယ်လို့ကြေညာခဲ့တာ တစ်နှစ်နီးပါးရှိပြီ။ လွှတ်တော် နိုင်ငံရေးလုပ်မယ်လို့ တကယ်လည်း စိတ်ပိုင်းဖြတ်ထား တယ်။ ၂၀၁၅ရွေးကောက်ပွဲမှာလည်းရွေးကောက် ပွဲဝင် မယ်လို့ ကျွန်တော် ဆုံးဖြတ်ပြီးတော့ ပြင်ဆင်ခဲ့တယ်။

ကျွန်တော် ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့အခါမှာ အချိန် မှာ ကျွန်တော် စိုးရိမ်တာက ဒီမိုကရေစီအင် အားစု တွေ မဲကွဲမှာကိုသိပ်ပြီး စိုးရိမ်တယ်။ အတွေ့အကြုံအရပြောမယ်ဆိုရင်တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဆိုရင်(ဩဂုတ် ၈ရက်)ဗကသခေါင်းဆောင်ဟောင်းလည်းဖြစ် သတင်းစာဆရာလည်းဖြစ် တဲ့ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးသာဘန်းရဲ့ ဈပနာအစီစဉ်ရှိတယ်။ ၁၉၉ဝခုနှစ်တုန်းက အန်ကယ်ဦးသာဘန်းက တောင် ဥက္ကလာပမြို့နယ် ကနေ ရွေးကောက် ပွဲ ဝင်ဖို့ကြိုးစားခဲ့တယ်။ အန်ကယ် ဦးသာဘန်းနဲ့ ကျွန်တော်ကပုဂ္ဂိုလ် ရေးအရမ်းခင်တယ်။ သူနဲ့ ၈၈ကာလမှာ နယ်တွေမှာ လိုက်လံစည်းရုံးဟော ပြောတာတွေအများကြီးတွဲ လုပ်ခဲ့တယ်။

သူကရွေးကောက် ပွဲဝင်မယ်ဆိုတော့ရွေးကောက်ပွဲကာလမှာ သူ့ရဲ့မဲဆွယ် စာရွက်စာတမ်းတွေ၊ ကိုယ်ရေး အတ္ထုပတိတွေကို ကျွန် တော့်ကို အထုတ် လိုက်ပေးထားတယ်။ ကျွန်တော်ရဲ့ တောင်ဥက္ကလာ ပမြို့နယ် အကြောင်း ကျွန်တော်သိတယ်။ မဲကွဲသွားနိုင်တယ်။ ကျွန်တော်တို့ဘက်က NLD ဆိုပြီး တော့ဦးသာဘန်းကို နောက် မှ တောင်းပန်မယ်ဆိုပြီး ဦးသာဘန်းပေး ထားတဲ့ မဲဆွယ်စာရွက်စာတမ်းတွေကို အထုတ်လိုက် ထပ်ခိုးပေါ်သိမ်းထား လိုက်တယ်။တကယ် လည်း ရွေးကောက်ပွဲရလာဒ်ထွက်လာတဲ့ အခါတောင် ဥက္ကလာ မှာ NLD နိုင်တယ်ဆိုတာတောင်မှ မဲပြတ်ဘူး။တကယ်လို့သာ အန်ကယ်ဦးသာဘန်းအတွက် ကျွန်တော် မဲဆွယ်ပေးလိုက်ရင် အန်ကယ် ဦးသာဘန်းလည်းအတိုင်း တာတစ်ခုထိတော့ရမယ်။ ဒါပေမဲ့အဲဒီ မဲကွဲသွား ရင်အဲဒီ အချိန်တုန်းက တစည ပေါ့။ တစညပါတီက နိုင် သွားမဲ့ သဘောရှိ တယ်။ ဒီတော့အခုလည်းပဲ ရွေးကောက် ပွဲမှာမဲကွဲသွားမှာစိုးလို့ NLD ကနေဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ မြို့နယ်မှာရှိ တဲ့ရဲဘော်တွေကလည်း အားပေး တယ်အင် နဲ့အားနဲ့ထောက်ခံတယ်။

မေး- NLD ကနေ ဦးကိုကိုကြီးတို့၈၈ မျိုးဆက်တွေရွေး ကောက် ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ တာ မဲကွဲသွားမှာစိုးလို့ဆို တဲ့အ ကြောင်းအရင်း တစ်ခုထဲကြောင့်လား။
ဖြေ-နောက်တစ်ခုကပြည်သူတွေကကျွန်တော်တို့တွေကို အရမ်း ပူးပေါင်းစေချင် တယ်။ ပြည်သူတွေရဲ့ဆန္ဒ ကို လည်းအ လေး အနက် ထားပြီးတော့ ဝင်ခဲ့တာပါ။

မေး-အကိုတို့အနေနဲ့ NLD ကနေ ရွေးကောက်ပွဲဝင် ဖို့ကိုယ်စား လှယ်လောင်း အဖြစ်လျှောက်ထားခဲ့ကြ တယ်။ ဒါပေမဲ့ NLDက ထုတ်ပြန် လိုက် တဲ့ကိုယ်စားလှယ် လောင်းစာရင်းမှာ ၈၈မျိုးဆက် (ငြိမ်း/ပွင့်) က တစ် ယောက်ပဲရွေးချယ် ခံရတယ်။ ဦးကိုကိုကြီး အပါအဝင် ကျန်တဲ့သူတွေရွေးချယ်မခံရဘူး။ ဒီလိုအခြေအ နေမှာ ဦးကိုကိုကြီး အနေနဲ့ကော ကျန်ရွေးကောက်ပွဲဝင်မဲ့ ၈၈ မျိုးဆက်ဝင်တွေ အနေနဲ့ တစ်သီးပုဂ္ဂလက ကိုယ်စားလှယ် အနေနဲ့ရွေးကောက်ပွဲဝင် မယ်ဆိုရင် လည်း ဝင်လို့ရတဲ့အ နေအထား၊ နိုင်မယ်လို့မျှော်မှန်း နိုင်တဲ့ အနေအထားပေါ့။ ဒါပေမဲ့တစ်သီးပုဂ္ဂလအနေနဲ့မဝင်ဖို့ဘာကြောင့်ဆုံး ဖြတ် ခဲ့တာပါလဲ။

ဖြေ-အခုအခြေအနေမှာလည်းကျွန်တော်ရွေးကောက် ပွဲမဝင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာကအဲဒီလိုပဲ၊ မဲကွဲ သွားပြီးတော့ ကိုယ့်ဒီမိုကရေစီ အင်အား စုတွေ ထဲက မဲဆန္ဒနယ်တစ်နေရာမှာ ကျွန်တော်ဝင် လိုက်တဲ့အတွက် ဆုံးရှုံးသွားမှာဆိုးလို့ ကျွန်တော်ရွေးကောက်ပွဲမဝင်တော့ ဘူးလို့ပဲ ဆုံးဖြတ် လိုက်တာပါ။

မေး-NLD ကထုတ်ပြန်လိုက်တဲ့ကိုယ်စားလှယ်လောင်း စာရင်းမှာ၈၈မျိုး ဆက်(ငြိမ်း/ပွင့်) က တစ်ယောက်ပဲ ရွေးချယ်ခံ ရတယ်အပေါ်မှာကောဘာ များမှတ်ချက်ပေး ချင်ပါသလဲ။

ဖြေ-ပါတီတစ်ခုအနေနဲ့ကတော့ ပါတီရဲ့ဆုံးဖြတ်ချက် ပေါ့။ သူတို့အနေနဲ့ရွေး ချယ် တယ်။ ငြင်းပယ်တယ်ဆို တာ မျိုးလုပ်ပိုင်ခွင့်ရှိ တာပေါ့။ အဲဒီအတွက် ဘာမှ မှတ် ချက်မပေးချင်ပါဘူး။

မေး-NLD ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ၈၈မျိုး ဆက်က(ငြိမ်း/ပွင့်)က ဘယ်နှစ်ဦးလျှောက်လွှာတင် ခဲ့ပါသလဲခင်ဗျာ။

ဖြေ-အရင်ကတော့၈၈မျိုး ဆက်(ငြိမ်း/ပွင့်)က ကျွန်တော် အပါအဝင် ၁၈ယောက်။ နယ်ကတင်တာတွေရှိ တော့ ၂၃ရောက်လောက် ရှိတယ်။ သက်ဆိုင်ရာမြို့နယ်တွေကနေတောင်းဆိုလို့ ကျွန်တော်တို့ လူလွှတ် ပေးရတာပါ။ အဲဒီထဲက မှကိုယ်စားလှယ်လောင်း အဖြစ် NLD ကရွေးချယ်ခံရတာ ကိုပြုံးချိုတစ်ယောက်ထဲ ပါ။

မေး- NLD ကိုယ်စားလှယ်လောင်းအဖြစ်လျှောက်ထား သူဟာNLD ပါတီဝင်ဖြစ်ရမယ်ဆိုတဲ့အတွက် ကိုယ်စား လှယ်လောင်းလျှောက် တဲ့အခါမှာ ဦးကိုကိုကြီးအနေနဲ့ NLD ပါတီဝင်အဖြစ် လျှောက်ထားရတယ် လို့ သိရပါ တယ်။ လက်ရှိအချိန်မှာကောဦးကိုကိုကြီးအနေနဲ့ NLD ပါတီဝင်အဖြစ်ဆက် လက်ရှိနေပါသေး လား။ပါတီဝင်အ ဖြစ်ကနေနှုတ်ထွက် လိုက်ပြီလား။

ဖြေ-ဘာကြောင့်ပါတီဝင်ခဲ့သလဲဆိုတာအရေးကြီးတယ်။ ရွေးကောက်ပွဲနဲ့စပ်ဆက်ပြီးတော့ပါတီလုပ်ထုံး လုပ်နည်း အတိုင်း မြို့နယ်ကတဆင့် ပါတီဝင်လျှောက် လွှာကော၊ ကိုယ်စားလှယ်လောင်းလျှောက်လွှာကို တင်လိုက်တယ်။ပါတီကနေ တဆင့်ဝင်ဖို့ကြိုး စားခြင်းသည် ပါတီအဖွဲ့စည်း တစ်ခုရဲ့ အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ တစ်နိုင်ငံ လုံးရဲ့အကျိုးစီးပွား အတွက် ဘယ်လိုနည်းလမ်းကိုရွေး ချယ်ရင်ပိုပြီးကောင်းမယ်ဆို တဲ့ရည်ရွယ်ချက်နဲ့ ရွေးချယ်တာပါ။ ကျွန်တော်ရဲ့မူလရည်ရွယ်ချက်ကိုကနိုင်ငံရဲ့အကျိုးစီးပွားကို ဖော်ဆောင် နိုင်မဲ့ ပုံသဏ္ဍာန်ကိုပဲ အ လေးထားတယ်။

အခုကျွန်တော်တို့ ၈၈ ကပါတီထောင်တော့မယ်လို့ စဉ်းစားတာကလည်းပဲ နိုင်ငံရဲ့အကျိုးစီးပွားကို အခုထက် ပိုပြီးဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အ တွက်ကြောင့်ပါတီထောင်ဖို့ဆုံးဖြတ်ခဲ့တာ။ အခုအ ခြေအနေ မှာတော့ NLD ပါတီကနေနှုတ်ထွက်စာ ပြန် တင်ပါတယ်။ အဲဒီမှာမေးစရာရှိ လာမယ်။ ရွေးကောက် ပွဲအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မခံ ရလို့နှုတ် ထွက်တာလားဆိုရင် ကျွန်တော်အနေနဲ့တစ်သီး ပုဂ္ဂလ ဝင်ပြိုင်လည်းနိုင် တယ်။ ကျွန်တော်ယုံတယ်။ ကျွန်တော့် မြို့နယ်မှာ ကျွန်တော်ပရိတ်သတ် နဲ့ကျွန်တော်။ ဒါပေမဲ့ အခုအချိန်ခါကြမှာ တစ်သီးပုဂ္ဂလ ဝင်မယ် ဆိုရင် ရွေး ကောက်ပွဲကိုနိုင်ချင်လွန်းလို ပါတီကနေဝ င်တယ်။ ရွေးချယ် မခံရတော့ တစ်သီးပုဂ္ဂလကအနေနဲ့ဝင်ဖို့လုပ် တယ်ဆိုတဲ့ သဘောမျိုး အဖြစ် မခံနိုင်ဘူး။ ဒါ့ကြောင့်မို့ လည်းတစ်သီးပုဂ္ဂလအဖြစ် မဝင်တော့ဘူးလို့ဆုံးဖြတ် တာပါ။

ပါတီဝင်အဖြစ်နှုတ်ထွက်တ ယ်ဆိုတဲ့ နောက်ထပ် အချက်က ပါတီဝင်အဖြစ် လည်း ရှိနေဦးမယ်။ ၈၈အဖွဲ့ မှာလည်း လုပ်နေဦးမယ်ဆိုရင် ဘယ်လို့ မှအဆင်မပြေ ဘူး။ တစ်ကယ်လို့ NLD ပါတီနဲ့ရွေးကောက်ပွဲဝင် သွား ပြီးဆိုရင် ၈၈မျိုးဆက်(ငြိမ်း/ပွင့်)အဖြစ်နဲ့ ရပ်တည်လို့ မရတော့ဘူး။ ပါတီဝင် တစ်ယောက်အနေနဲ့ပါတီ ရဲ့စည်း မျဉ်းစည်းကမ်း၊ ဆုံးဖြတ်ချက်တွေ ကိုလိုက် နာရတော့ မ ယ်။ အခုကတော့နိုင်ငံအတွက် အကျိုးရှိ မလားဆိုပြီး ကျွန်တော်ရွေးချယ်လိုက်တဲ့လမ်းက ဖြစ်မလာတဲ့အချိန်မှာ နဂိုလုပ်နေတဲ့မူ လပင်းရင်းအလုပ် တွေကိုပါ ဆုံးရှုံးမယ်။

စွန့်လွှတ်ရမယ်ဆိုတဲ့ဟာမျိုး၊ နှစ်ခုစလုံးကို ဆုံးရှုံးလို့ တော့မဖြစ်ဘူး။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ရောက်နေတဲ့အချိန်မှာ ၈၈ခေါင်းဆောင် တစ်ယောက် အ နေနဲ့ ဆွေးနွေးညှိနှိုင်းစရာတွေ ရှိတယ်။ သံတမန်အဖွဲ့ အစည်း တွေနဲ့ဆွေးနွေးဆက်ဆံနေ ရတာတွေရှိတယ် ။ပါတီဝင်အဖြစ်နဲ့ ဆက်ရှိနေရင်လုပ် လက်စအလုပ်တွေလည်းဆက်မလုပ်ရဘူး။ တစ်ဖက်မှာ လည်း ထိထိ ရောက်ရောက်ဆောင် ရွက်နိုင်မလား ဆိုတဲ့ ကြိုးစားချက် ကလည်းပျက်ပျယ်တဲဆိုတဲ့အနေအထားမှာ နှစ်ခုစလုံး တော့ ကျွန်တော် ပျက်ပျယ်လို့ မဖြစ်ဘူး။ မူလတာဝန်တွေ ကိုထမ်းဆောင်ဖို့အတွက် ပါတီဝင်အဖြစ် မှနှုတ်ထွက်က ထွက်ရမဲ့အခြေအနေ မျိုးဖြစ်လို့ပါ။

မေး-ကိုယ်စားလှယ်လောင်းစာရင်းတွေထုတ်ပြန်ပြီးတဲ့နောက် ယခုဩဂုတ် လ ၆ရက်နေ့မှာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးကိုကိုကြီးအပါ အဝင် ၈၈မျိုး ဆက်( ငြိမ်း/ ပွင့်)ကခေါင်းဆောင်တွေတွေ့ ဆုံခဲ့တယ် လို့သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ခေါ်တွေ့ တာလည်း ဦးကိုကိုကြီးတို့က တွေ့ချင် တယ်ဆိုပြီး တောင်းဆိုခဲ့တာလား။

ဖြေ-ကြားပုဂ္ဂိုလ်တစ်ယောက်ကနေတိုက်ရိုက်တွေ့သင့်တယ်။ တွေ့ပြီးတော့ဆွေးနွေး သင့်တယ်ဆိုပြီး စီစဉ် လို့တွေ့ရတာပါ။

မေး-ဘယ်လိုအကြောင်းအရာတွေကိုအဓိကထားဆွေး နွေးခဲ့တယ်ဆိုတာပြည်သူတွေသိရှိနိုင်ခွင့် ရှိပါ သလား။

ဖြေ-ရေရှည်နိုင်ငံအတွက် အရေးကြီးတဲ့ကိစ္စတွေမှာ ပူး ပေါင်းဆောင်ရွက် ဖို့က လက်ရှိအကျပ်အတည်းကို ကျော်လွှားဖို့ပေါ့။ အဲဒါကိုအဓိက ထားဆွေးနွေး ခဲ့တယ်။ ပြည်သူတွေကိုလည်း စိတ်ပျက်အားငယ်စရာ အခြေ အနေမျိုးမဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် နား လည်မှုတွေနဲ့ထိန်း သိမ်းထားနိုင်ဖို့ဆိုတာကို ဆွေးနွေး ခဲ့ပါတယ်။

မေး-ဘယ်လိုသဘောတူညီမှုတွေရရှိခဲ့ပါသလဲ။

ဖြေ-ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နှစ်ဘက်ပူးတွဲကြေညာ ချက်ထုတ်ဖို့နှစ်ဖက် သဘောတူထားပါတယ်။ ထွက်တဲ့ အခါကျမှပဲ ကျွန်တော်တို့တရား ဝင်ပြောချင်ပါတယ်။

မေး-ဦးကိုကိုကြီးတို့၈၈မျိုးဆက်(ငြိမ်း/ပွင့်)အနေနဲ့ပါတီထောင်မယ်ဆိုတာကြားသိရပါတယ်။ ဒီလိုပါတီ ထောင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲခင်ဗျာ။

ဖြေ-ပြီးခဲ့တဲ့ရက်ပိုင်းက၈၈မျိုးဆက်(ငြိမ်း/ပွင့်)နယ် ကွန်ယက်တွေအစည်း အဝေး မှာ ၈၈တွေအနေနဲ့ နိုင်ငံ ရေးပုံစံတိတိကျကျရပ် တည်ဖို့လိုအပ်ပြီလို့ ဆို တဲ့ဆွေး နွေးချက်တွေရှိပါတယ်။ အဲဒီအပေါ်ကျွန်တော်လည်း သဘောတူတယ်။ နိုင်ငံရေးကို ဇောက်ချလုပ် နိုင်ဖို့နိုင်ငံ ရေးပုံစံ နိုင်ငံရေးပါတီအဖြစ်ဆောင်ရွက်ဖို့လိုမယ်။ ရေ ရှည်အတွက် ပြင်ဆင်မှုပဲဖြစ်ပါတယ်။ ၂၀၁၅ရွေးကောက် ပွဲနဲ့မဆိုင်ဘူးလို့ပဲ ရှင်းရှင်းလင်းလင်းပြောချင် ပါတယ်။

မေး-ပါတီဘယ်တော့စထူထောင်မှာလည်း။ဘာတွေ ပြင်ဆင်ထားပြီးပြီလည်း ခင်ဗျာ။

ဖြေ-ဒီကြားထဲမှာလည်းဆွေးနွေးတာတွေပြင်ဆင်တာ တွေရှိမှာပါ။ ကျွန်တော်တို့ ရည်မှန်းထားတာက နိုင်ငံရေး ပါတီဆိုတာမူဝါဒတွေ ကို အခြေခံတဲ့နိုင်ငံရေးပါတီမျိုး ဖြစ်စေချင်တယ်။ ဒါမှလည်းတိုင်းပြည်ရဲ့ ပြဿ နာတွေ ကိုဖြေရှင်းနိုင်မယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း ထွက်လာမဲ့နိုင်ငံရေးပါတီတစ်ခု ဟာဘယ်လိုမူဝါဒတွေရှိ တယ် ဘာတွေ ဆောင် ရွက် မယ်ဆိုတာရှင်းရှင်းလင်းလင်း သိပြီးမှရွေးချယ် တာမျိုးဖြစ်စေချင်တယ်။ မူဝါဒတွေကိုအ ခြေခံ တဲ့နိုင်ငံရေးပါတီမျိုးဖြစ်ဖို့ ကျွန်တော်တို့ကြိုးစား သွားမှာပါ။

မေး-ပါတီမှ၈၈မျိုးဆက်(ငြိမ်း/ပွင့်)ဝင်တွေအပြင်ဘယ် သူ တွေပါဖို့ရှိပါသလဲ။
ဖြေ-၈၈မျိုးဆက်(ငြိမ်း/ပွင့်)ဆိုတာ အခုလက်ရှိရှိနေတဲ့ အခြေအနေပေါ့။ ၈၈မျိုးဆက်(ငြိမ်း/ပွင့်)ဆိုတဲ့အ ဖွဲ့အ စည်းအနေနဲ့ ဆက်ပြီး ရပ်တည် တဲ့ရဲဘော်တွေ လည်းရှိ နေပါလိမ့်မယ်။ ဒီထက်ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံရေး ပါတီ တစ်ခုဖြစ်အောင် ကျွန်တော် တို့ကြိုး စားသွားမယ်။ အထူးသဖြင့်နိုင် ငံရေးအကျဉ်းသား ဟောင်း တွေ၊အခြား ပြည်ပကနေ ပြန်လာပြီးနိုင်ငံရေးလုပ်မဲ့ ရဲဘော်တွေ လည်းရှိမယ်။ ကျွန်တော်တို့ အရင်မျိုး ဆက်တွေထဲ က လည်း စိတ်ဝင်းစားတဲ့သူတွေရှိတယ်။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ် နိုင်အောင်ကျိုးစားသွားမှာပါ။

မေး-၈၈မျိုးဆက်တွေနိုင်ငံရေးပါတီဖြစ်လာပြီဆိုတဲ့အခါ မှာ လက်ရှိ အင်အားကြီး ပါ တီတွေ လို့ ပြောလို့ ရတဲ့ ပြည် ခိုင်ဖြိုးပါတီနဲ့ NLD ပါတီတို့ကို အတွေ့အကြုံ၊ အင်အား စသဖြင့် ယှဉ်နိုင်မယ်လိမ့်မယ်လို့ ထင်ပါသလား ခင်ဗျာ။

ဖြေ-အတွေ့အကြုံလို့ပြောရင်တော့ ကျွန်တော်တို့နိုင်ငံ ရေးလုပ်သက် ၂၈နှစ်ရှိသွားပြီ(၁၉၈၈-၂၀၁၅)။ကျွန် တော်တို့မှာ အတွေ့အကြုံတွေအ များကြီး ရခဲ့ပြီးပြီ။ နောက်တစ်ခုပဋိပက္ခတွေ ကို ဖြေရှင်းတာနဲ့ ပတ်သက် ပြီး တော့ လည်း ပြင်ပနိုင်ငံရေး အခင်း အကျင်းထဲ မှာကော ။ ထောင်တွင်းအကျဉ်းအကျပ်ကြားထဲမှာ အထူးသဖြင့် ကျွန်တော် တို့ကိုချုပ်နှောင် ထားတဲ့သူတွေနဲ့ ပဋိပက္ခ တွေကို ဘယ်လိုဖြေရှင်းရတယ်။ နိုင်ငံရေးအကျဉ်းသား တွေအချင်းချင်းကြားမှာလည်း ပဋိပက္ခတွေရှိတယ်။ အဲ ဒါတွေ ကိုကော ဘယ်လို ဖြေရှင်းရသလဲဆိုတဲ့အတွေ့ အကြုံကအစ ကျွန်တော်တို့ အများကြီးရခဲ့တယ်။ နိုင်ငံ ရေးလေ့လာမှုနဲ့ ပတ်သက်ပြီး ရင်းကျောင်သားဘဝတွေ ထဲက လေ့လာမှုတွေရှိခဲ့တယ် ။ ပြင်ပမှာ လက်တွေ့ အကြုံ တွေ ရှိတယ်။ ၈၈မျိုးဆက်တွေ ဟာနိုင်ငံရေးတာဝန်ကို ပ ခုံးပြောင်းယူနိုင်တဲ့အရည်အချင်းအပြည့်အဝရှိတယ်။ လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဒါပေမဲ့တစ်လျှောက် လုံးမှာတော့ကျွန်တော်တို့က ဝန်းရံတဲ့ အနေအ ထားနဲ့ ဆောင်ရွက်ခဲ့တယ်။ ကျွန်တော် တို့အသက် အရွယ်နဲ့ ကျွန် တော် တို့ဖြတ်သန်းမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးကိုထဲထဲဝင် ဝင်ဆောင် ရွက်နိုင်တဲ့အခြေအနေရှိပါတယ်။

အင်အားလို့ပြောရင်လည်း တစ်နိုင်ငံလုံးမှာ၈၈နဲ့ စပ်ဆက်ပြီးတော့လုပ် ခဲ့တဲ့အင်အားတွေဟာနယ်အသီးသီး မှာရှိတယ်။ နယ်ပယ် အသီးသီးမှာရှိ တယ်။ နိုင်ငံရေး ပါတီအဖြစ်အင်အားစု တစ်ခုအဖြစ်ဆောင်ရွက်တော့ မယ်ဆိုရင်တော့ ကျွန်တော်တို့ မျိုးဆက်တွေကော၊ ကျွန် တော်တို့အရင်မျိုး ဆက်တွေကော၊ ကျွန်တော်တို့ နောက် မျိုးဆက်တွေကော နယ်ပယ်အ သီးသီးဒေ သ အသီးက လူတွေကို တက်နိုင်သလောက်စုစည်း သွားမှာပါ။

#Democracytoday

No comments:

Post a Comment

My Blog List