၂၀၁၃-၂၀၁၄ ခုနှစ် ဘောလုံးရာသီ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲ၏နောက်ဆုံးပွဲစဉ်ကို ယနေ့ ညပိုင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ အမှတ်ပေးဇယားတွင် ဦးဆောင်နေသည့် မန်ချက်စတာစီးတီးအသင်းက ဝက်စ်ဟမ်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဖလားကို ဆွတ်ခူးသွားပြီဖြစ်သည်။
မန်စီးတီးအတွက် အနိုင်ဂိုးများကို ပထမပိုင်းပွဲကစားချိန် ၃၉ မိနစ်တွင် နာဆရီကလည်းကောင်း၊ ဒုတိယပိုင်းပွဲကစားချိန် ၆၁ မိနစ်တွင် ကွန်ပနီကလည်းကောင်း သွင်းယူခဲ့သည်။ မန်စီးတီးအသင်းသည် စုစုပေါင်း ရမှတ် ၈၆ မှတ်၊ သွင်းဂိုး ၁၀၂ ဂိုး၊ ပေးဂိုး ၃၇ ဂိုးဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
Planet Myanmar Network






No comments:
Post a Comment