Wednesday, May 14, 2014

လေရှူ အထုတ်အသွင်း လုပ်ရုံဖြင့် ကင်ဆာရှိမရှိ သိနိုင်ပြီ


ကိုယ်တွင်းမှ လေရှူ အထုတ် အသွင်း ပြုလုပ်ရုံနဲ့ မိမိမှာ ကင်ဆာ ရှိမရှိ သိနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒီအတွက် ထောက်ပံ့တဲ့ အိတ်ဆောင် စက်ငယ် လေးများကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပုံမှာ ပြသထားတဲ့ စက်ကတော့ အယ်လ်ကိုဟော ဓာတ်ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တဲ့ စက်ပါ။ 

ယခု လေကို စစ်ဆေးလို့ ကင်ဆာ ရောဂါ စစ်ဆေးမ့ယ် စက်ကလည်း ယင်းနဲ့ သိပ်မကွာတဲ့ ပုံစံအတိုင်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အမေရိကန် Respiratory Institute မှ ဒေါက်တာ Raed Dweik ဦးဆောင် လို့ ဖန်တီး ရရှိ ခဲ့တဲ့ အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။ ကင်ဆာ ရောဂါတင် မကပဲ ဘယ်လို ရောဂါ မျိုးကို မဆို စစ်ဆေး တွေ့ရှိ နိုင်မှာ ဖြစ်ပါတယ်။ 

လေဟာ အဆုပ်ကနေ ထွက်လာတာ ဖြစ်ပေမယ့် ကိုယ်တွင်း နေရာ အနှံ့က အခြေအနေ အားလုံးကို ဖော်ပြ ပေးနိုင် ပါတယ်။ အားကစား သမား တစ်ယောက် အနေနဲ့ ခေါင်းမှာ ဒဏ်ရာ ရှိနေရင်တောင် သူ့ရဲ့ လေနဲ့တင် သိရှိ နိုင်ပါတယ်။ ယင်းစက်က ကင်ဆာတင် မကပဲ အခြားသော ဘယ်လို ရောဂါ မျိုးများ ကိုမဆို စုံစမ်း သိရှိ ထောက်လှမ်း ပေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ နှလုံး နှင့် ဆက်စပ် ရောဂါ၊ အရိုးအကြော နဲ့ အူ လမ်း ကြောင်း ရောဂါ၊ သွေးကြော ရောဂါ အမျိုးမျိုး တို့ကို ထောက် လှမ်း ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ဓာတ်မှန် ရိုက်ကူးခြင်းဟာ အသက်အန္တရာယ် ရှိတာကြောင့် အကန့်အသတ် ပြုလုပ်ရပေမယ့် Breathalyzer -style device ကတော့ သွားလေရာ ဆောင်ပြီး အချိန်မရွေး အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ယင်းအတွက် ထုတ်လုပ် ဖန်တီးမှုကို စတင်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
YoYarLay

No comments:

Post a Comment

My Blog List