Thursday, May 15, 2014

နိုင်ငံရေးအကျဉ်းသား ၆ ဦး စာရင်းတိုးဖို့ ကော်မတီတောင်းဆိုမည်



လတ်တလော ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ၅ ဦး စုစုပေါင်း ၆ ဦးကို နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုသွားမယ်လို့ လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီက ဒီနေ့ ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုမယ့်သူ ၆ ဦးစလုံး ဟာ နိုင်ငံသားတစ်ဦးချင်း စီရဲ့ အခွင့်အရေး အရ တောင်းဆို သူတွေသာဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပေး ရမယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။

"စာရင်းအရက ၂ဝ၁၃ လက်ကျန်က ကျနော်တို့ အယောက် ၃ဝ ရှိပါတယ် ၊အခုနောက်တိုးလာတာက ၆ ယောက်ရှိပါတယ်ခင်ဗျ၊ကိုနေမျိုးဇင် ၊ကိုဝင်းချို နောက်တခါ ကိုသော်ဇင်၊ကိုရာဇာရယ် ကိုဇော်ဖေရယ် ဦးလှိုင်လှိုင်ရယ်ပါ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားများအဖွဲ့ AAPP တို့ဒါညှိနှိုင်းပြီးတော့ အကုန်လုံးက ဒီစာရင်းတွေကို ဆက်ဖြည့်လိုက်ကြပါ၊ သူတို့ရဲ့လုပ်ဆောင်ချက်တွေ အချက်အလက်တွေ သူတို့ကို အရေးယူရခြင်း အကြောင်းရင်းတွေကို ကျနော်တို့က အဓိကထားသိပါတယ်၊သူတို့ရဲ့ရည်ရွယ်ချက်တွေ ဒီနိုင်ငံရေးအရ လိုအပ်ချက်တွေကိုဖော်ထုတ် တာဖြစ် တယ် ၊သူတို့ရဲ့ဆန္ဒတွေ ပြည်သူ့ရဲ့ ဆန္ဒတွေကို ကိုယ်စားပြုပြသတာဖြစ်တယ် ဒါတွေကို တည်ဆဲဥပဒေနဲ့ အရေးယူ လိုက်တဲ့အခါမှာ ဒါဟာနောက် တဆင့်ထပ်ပြီးတော့ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ပြီး အရေးယူ ခံရတာဖြစ်တယ်လို့ ကျနော်က ယူဆတယ်"

အဲဒီ ၆ ဦးကို နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုပေးဖို့အတွက် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP တို့က ဆွေးနွေး သဘောတူခဲ့ တာဖြစ်ပါတယ်။ 

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေး ကျင်းပတဲ့အခါ အဲဒီ နောက်တိုး ၆ ယောက်စာရင်းကို တင်ပြသွားမယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ပြစ်ဒဏ် ချမှတ်ခံရပြီးသူတွေကိုသာ နိုင်ငံရေးအကျဉ်းသားစာရင်းထဲ ထည့်သွင်းထား တာဖြစ်ပြီး အမှုရင်ဆိုင်နေသူတွေ မပါဝင်ဘူးလို့ သိရပါတယ်။ 

အဲဒီ ၆ ဦးထဲမှာ လက်ရှိ အမှုရင်ဆိုင်နေရဆဲပုဂ္ဂိုလ်တွေ ပါရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုခွင့်ရ၊ မရ မသေချာသေးပါဘူး။

RFA Burmese

No comments:

Post a Comment

My Blog List