Wednesday, May 14, 2014

လီဗာပူးနည်းပြ ရော့ဂျာ တစ်နှစ်တာအကောင်းဆုံးဆု ဆွတ်ခူး


လီဗာပူးနည်းပြ ဘရင်ဒန်ရော့ဂျာမှာ လိဂ်မန်နေဂျာ အစည်းအရုံးမှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဆွတ်ခူးသွားခဲ့သည်။ ရော့ဂျာသည် လီဗာပူးကို ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်သည့်အဆင့် ရောက်ရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အဆင့်(၂)နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့သည်။ 

အင်္ဂလန် လိဂ်ပြိုင်ပွဲ (၄)ရပ်မှ နည်းပြများ ရွေးချယ်သော တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဆွတ်ခူးခဲ့ သည့် ရော့ဂျာကို အင်္ဂလန်နည်းပြ ရွိုင်းဟော့ဆန်က ဆုချီးမြှင့်ခဲ့ပြီး လိဂ်မန်နေဂျာ အစည်းအရုံးမှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ရရှိသည့် ပထမဆုံး လီဗာပူးနည်းပြ ဖြစ်လာခဲ့ကြောင်း သိရသည်။ 

ခရစ္စတယ်ပဲလေ့စ်ကို ပရီးမီးယားလိဂ်တွင် ဆက်ကစားခွင့် ရရှိစေရေး စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ တိုနီပူးလစ်က ဒုတိယနှင့် အဲဗာတန်နည်းပြ မာတီနက်ဇ်က တတိယဆုများ ဆွတ်ခူးခဲ့သည်။

YoYarLay

No comments:

Post a Comment

My Blog List