Monday, May 12, 2014

တရုတ်နိုင်ငံတွင် မုန်တိုင်းကြောင့် ၁၈ ဦး သေဆုံး



တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်မှာ မုန်တိုင်းကြောင့် လူ ၁၈ ယောက် သေဆုံးသွားတယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။မုန်တိုင်းအရှိန်ကြောင့် မြေသားနံရံတခု ပြိုကျသွားပြီး အနီးအနားက ယာယီ အိမ်တွေပေါ်ကို ပိမိတာလို့ ဆိုပါတယ်။
မနေ့ မနက် ၅ နာရီ ၄၈ မိနစ်မှာ ပြိုကျတဲ့အချိန်မှာ ပစ္စည်းဟောင်း ပြန်လည် အသုံးပြုနိုင်အောင် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတခုရဲ့ ၀န်ထမ်းတွေဟာ အနားက ယာယီအိမ်တွေမှာ စခန်းချနေခဲ့တာ ဖြစ်ပါတယ်။

မိုးနဲ့လေ သည်းထန်ပြီးတဲ့နောက် မြေသားတွေ ရေနဲ့ ပျော့နူးပြီး နံရံ ပြိုကျသွားတာ ဖြစ်ပါတယ်။

မတော်တဆဖြစ်တဲ့နေရာကို ကယ်ဆယ်ရေး လုပ်သားတွေ ရောက်နေပြီး ရှာဖွေရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

မနေ့ နေ့လယ်ပိုင်းမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးစီးသွားကြောင်း၊ ဒဏ်ရာရတဲ့ ၃ ဦး ဒေသဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး စုံစမ်းမှုတွေ ဆက်လက်ဆောင်
ရွက်နေတယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List