Monday, May 12, 2014

Apple မှ Beats Audio ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံဖြင့်ဝယ်ယူဖွယ်ရှိ



ဈေးကွက်ရင်းနှီးမှုများတွင် လက်ရှောင်နေခဲ့သော အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple သည် အသံထွက်ကောင်း မွန်သော Beats နားကြပ်များဖြင့်သုံးစွဲသူ၏အထူးနှစ်သက်အားပေးမှုကိုရယူထားသော Beats Audio ကုမ္ပဏီ ကိုအမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံဖြင့် ၀ယ်ယူတော့မည်ဟု The Financial Time သတင်းဌာန၏ဖော်ပြချက် အရသိရသည်။
Apple ကုမ္ပဏီ၏ အရောင်းအ၀ယ်ကိစ္စများနှင့်ပတ်သက်ပြီး အတွင်းကျကျ သိရှိသူတစ်ဦး၏ပြေကြားချက်အရ Apple သည် Beats Electronics ကိုဝယ်ယူနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်းနှင့် အရောင်းအ၀ယ်ကိစ္စ သဘောတူညီမှုရရှိပါက လာမည့်ရက်သတ်တစ်ပတ် အစောပိုင်းတွင် Apple မှ တရားဝင်ကြေငြာသွားဖွယ်ရှိကြောင်း သိရသည်။ 

ယခုသတင်းနှင့်ပက်သက်ပြီး နာမည်ကြီး သတင်းဌာနများဖြစ်ကြသည့် Bloomberg , The Wall Street Journal နှင့် Recode သတင်းဌာနတို့မှလည်း Apple နှင့် Beats တို့၏အရောင်းအ၀ယ်ကိစ္စမှာပြီးစီးလုနီးပါးရှိနေပြီဟု ဖော်ပြ ထားသည်။ 

Santa Monica အခြေစိုက် တေးဂီတနှင့်ဆက်နွယ်သည့် လျှပ်စစ် ပစ္စည်းများကိုထုတ်လုပ်သည့် Beats Electronics ကုမ္ပဏီကို ၂၀၀၈ ခုနှစ်တွင် ဂျင်အိုဗင်နှင့် နာမည်ကျော် Hip Hop အဆိုတော် Dr.Dre တို့က ပူးတွဲတည်ထောင် ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီထုတ်ကုန်များထဲမှ Studio Beats Headphone များမှာကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာဖြင့် သုံးစွဲသူများ၏အားပေးမှုကိုရရှိခဲ့သည့်အပြင် အခြားသော ၀န်ဆောင်မှုများမှာလည်း သုံးစွဲသူများအကြား အသဲစွဲဖြစ် ခဲ့ရသည်။ 

အလုပ်သမား စုစုပေါင်း ၃၅၀ ဖြင့် လုပ်ငန်းများလည်ပတ်လျက်ရှိသော Beats Electronic ကုမ္ပဏီသည် စစ်တမ်းများအရ ကုမ္ပဏီ၏တန်ဖိုးမှာ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List