Monday, May 12, 2014

မြန်မာ့ဂုဏ်ရောင်အိမ်ယာကိစ္စအားကော်မရှင်ဖွဲ့စစ်ဆေးချက်တွင် ဝါဝါဝင်းကုမ္ပဏီ မြေကွက်များကျန်ရှိ



မြန်မာ့ဂုဏ်ရောင် အိမ်ယာကိစ္စအားကော်မရှင်ဖွဲ့စစ်ဆေးရာတွင် ယင်းကိစ္စများနှင့်ပတ်သက်၍ ကော်ရှင်မှ ကုမ္ပဏီ အားမေးမြန်းရာတွင် ဝါဝါဝင်းကုမ္ပဏီဘက်မှ ၎င်းတို့၏ မြေကွက်မကျန်ရှိတော့ဟုပြောဆိုထားသော်လည်း ကော်မရှင် စစ်ဆေးတွေးရှိချက်အရ ကုမ္ပဏီအမည်ပေါက်မြေများကျန်ရှိသေးကြောင်း အဆိုပါ ကော်မတီ၏ ဥက္ကဌဦးဝင်းထိန်၏ ပြောသည်။
အဆိုပါ မြေကွက်များသည် ၎င်းတို့ကုမ္ပဏီအမည်ပေါက်များမှန်ကန်နေပါကအဆိုပါ မြေနေရာများအား ယခင်က နစ်နာသူများထံညှိနှိုင်းကာပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

“ဌာနဆိုင်ရာအကုန်လုံးရဲ့စာရင်းတွေမှာတော့ ဒီမြေတွေဟာဝါဝါဝင်းကုမ္ပဏီရဲ့အမည်ပေါက်တွေ ဖြစ်နေတယ်ဆိုတာ စစ်ဆေးတွေရှိရတယ်။ဒါကိုသေချာစေဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကမှတ်တမ်းတွေက စစ်ဆေးဖို့အတွက်လုပ်နေ တယ် “ဟု ဦးဝင်းထိန်ကဆိုသည်။

မြန်မာဂုဏ်ရောင်အိမ်ယာဆောက်လုပ်စဉ်က ဝါဝါဝင်းကုမ္ပဏီအနေဖြင့် အဆိုပါဝင်း အတွင်း စာသင်ကျောင်းများဆောက် လုပ်ပေးမည်ဟုပြောဆိုထားသော်လည်း ယနေ့ထိတိုင် ဆောက်လုပ်ပေးခြင်း မရှိသေးကြောင်းဦးဝင်းထိန်က ဆက်လက်ပြောပြသည်။

“အဲတာကိုလွတ်တော်မှာဒဂုန်ဆိပ်ကမ်းမြို့နယ်လွှတ်တော်အမတ် ဦးမျိုးအောင်က မေးမြန်းဖူးတယ်။ အဲ့တုန်းကဖြေ ထားတာက နစ်နာသူတွေကို နစ်နာကြေးပေးခဲ့ပါတယ်။ နောက်ပြီးစာသင်ကျောင်းတွေ ဆောက်လုပ်ပေးပါတယ်လို့ ပြောထားတယ်။ ဒါပေမယ့် အဲဒီဟာတွေကအိမ်ယာပြီးလို့လူတွေတောင်တက်နေတာ ကြာပြီ။ နစ်နာသူတွေအတွက် ဘာတစ်ခုမှ ဖြစ်မလာဘူး၊ လုပ်ပေးခဲ့တာမရှိခဲ့ပါဘူး” ဟု ဦးဝင်းထိန်ကထပ်လောင်းပြောဆိုသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ မြန်မာဂုဏ်ရောင် ဆန္ဒပြရာတွင်ပါဝင်သူဒေါ်မြင့်မြင့်သိန်းထံဆက်သွယ်မေးမြန်းရာ

“သူတို့ကမြေမကျန်တော့ဘူးလို့ပြောလဲကော်မရှင်စစ်တာတွေတာပဲလေ။အန်တီတို့ကအထက်လူကြီးညှိနှိုင်းပေးတာကို လက်ခံတယ်။ မြေကွက်ပြန်မရတောင် ထိုက်တန်တဲ့ နစ်နာကြေးရရင်ကျေနပ်ပါတယ်”ဟု မြန်မာဂုဏ်ရောင်အိမ်ရာနှင့် ပါက်သက်၍ ဆန္ဒပြရာတွင်ပါဝင်ခဲ့သူ ဒေါ်မြင့်မြင့်သိန်းမှပြောကြားခဲ့သည်။

အဆိုပါကိစ္စများနှင့်ပက်သက်၍ ဝါဝါဝင်းကုမ္ပဏီအား ဖုန်းဖြင့် အကြိမ်ကြိမ်မေးမြန်းခဲ့ပါသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့။ 

နှင်းနွယ်
The Myanmar Age

No comments:

Post a Comment

My Blog List