Thursday, May 15, 2014

လူပေါင်း ၃၆ဝကျော် သေဆုံးခဲ့ပြီး နောက် ရန်ကုန်-မန္တလေးလမ်းမကြီး အား အဆင့် သုံးဆင့် ဖြင့် နိုင်ငံ တကာအဆင့် မြှင့် ရန် အစိုးရဆုံးဖြတ်



ရန်ကုန်၊ မေ ၁၄- လူ ၁၄ဦးအ သက်ဆုံးရှုံးခဲ့ရသည့် ရာဇာမင်းခရီး သည်တင်အမြန်ဘတ်စ်ကား ရန်ကုန် -မန္တလေး လမ်းမကြီး၌ တိမ်းမှောက် မှုဖြစ်အပြီး ၄၈နာရီအတွင်း အဆိုပါ သေမင်းတမံလမ်းမကြီးအား နိုင်ငံတကာအဆင့် မြှင့်တင် ရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးတစ်ဦးက ဒီမိုကရေစီ တူဒေးသို့ အတည် ပြုပြော ကြားသည်။
''ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို အဆင့်သုံးဆင့်ထားပြီး နိုင်ငံတကာအဆင့်မီ အဝေးပြေးလမ်း မကြီးဖြစ်အောင် ဆောင် ရွက်သွား မှာဖြစ်ပါတယ်။ Fully Access Control အဆင့်ရ အောင် အဆင့် မြှင့်တင်သွားမယ်'' ဟု အဆိုပါအရာ ရှိကြီးတစ်ဦးက ပြောကြားသည်။

အဆင့်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပထမအဆင့်အနေဖြင့် တံတားများအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ယခုလေးလမ်းသွားအဆင့်မှ ခြောက်လမ်းသွားနှင့် နောက်ဆုံး အဆင့်ရှစ်လမ်းသွားတံတား အဆင့် ပြုပြင် တည် ဆောက် သွားမည်ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် အ မြန်လမ်းမကြီးအား ရှစ်လမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ် သွားမည်ဖြစ်သည်။

နောက်ဆုံး အဆင့်အနေဖြင့် လမ်းတစ်လျှောက် စီစီတီဗွီကင်မရာများ တပ်ဆင်သွား ပြီး ယာဉ်သွားလာမှုအခြေအနေများ ကို ဗဟိုထိန်းချုပ်ဌာနမှ စောင့်ကြည့် ထိန်းကျောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ''မြင့်နေတဲ့ လမ်းလယ် ကျွန်း တွေကိုနှိမ့်မယ်။ ပြီးရင် ခြံစည်းရိုး တွေကာမယ်။ လမ်းတစ်လျှောက် ဘေးဝဲယာမှာ Guard Rail တွေ အပြည့် တပ်ဆင်သွားမယ်။ လမ်းပေါ်ကို ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ မော်တော် ဆိုင်ကယ်တွေ၊ လူတွေ ဖြတ်သန်း လို့မရအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲဒီအပြင် အမြန်လမ်းမ ကြီးနှင့်အပြိုင် ဝဲယာတစ်ဖက်တစ်ချက်မှာ ရွာတွေက လူတွေ အသုံး ပြုနိုင်မယ့် ယာဉ်ကြောတစ်ကြောပါ လမ်းတွေဖောက်သွားပေးဖို့ စီမံ ချက်တွေ ရေးဆွဲထားပါတယ်''ဟု အဆိုပါအရာရှိက ပြောသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးတစ်လျှောက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ရန် စီစီတီဗွီကင်မရာ အလုံး ၄ဝဝတပ်ဆင် ပါက လုံလောက်မှုရှိကြောင်း တွက်ချက်ထားပြီးဖြစ် သည်ဟုလည်း သိရ သည်။ အဆိုပါလမ်း အား နိုင်ငံတကာ အဆင့်မီလမ်းအဖြစ် မြှင့်တင်ရာတွင် USAID က ၁ဝကီလိုမီတာအရှည် ရှိသော လမ်းပုံစံတစ်ခုကို ရှေ့ပြေး တည်ဆောက်ရန် နည်းပညာ အကူ အညီ များပေးမည်ဟုလဲ သိရသည်။

ရန်ကုန်-မန္တလေးလမ်းမကြီး အဆင့်မြှင့်တင်ရန်အတွက် နိုင်ငံ တော်ဘဏ္ဍာအပြင် နိုင်ငံတကာမှ နည်းပညာနှင့် ငွေကြေး အကူအညီ များ ရယူဆောင်ရွက်သွားမည်ဟု သတင်း ရရှိ သည်။ ''အဆင့်တွေအားလုံးပြီးသွား ရင်တော့ ဒီလမ်းမကြီး ဟာ နိုင်ငံတ ကာမှာတွေ့ရတဲ့ အမြန်လမ်းမကြီး တွေအတိုင်းဖြစ်လာမှာဖြစ်ပြီး လက်ရှိကွန်ကရစ်လမ်းမကြီးတွေကနေ နိုင်လွန် ကတ္တရာ လမ်းမကြီးတွေအ သွင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်'' ဟု ထိုအရာရှိကြီးကပြောဆိုသည်။

ရန်ကုန်-မန္တလေးလမ်းမကြီးအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မေ ၁၅ရက် (ယနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရထားဝန်ကြီးဌာန၌ ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားမည်ဟု သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါလမ်းတွင် ယာဉ်တိမ်း မှောက်မှုကြောင့် ၃၆၇ ဦးသေဆုံးခဲ့ ပြီး ယခုနှစ်တွင် အဆိုပါအမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှု ၁၂မှုဖြစ် ပွားခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List