Monday, May 12, 2014

အိန္ဒိယ ရွေးကောက်ပွဲ ပြီးဆုံးခါနီးမှာ ဗုံးထောင်တိုက်ခိုက်မှု ဖြစ်ပွား



အိန္ဒိယနိုင်ငံ အလယ်ပိုင်းဒေသမှာ မြေမြုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့တဲ့အတွက် ရဲ ၇ ဦးသေဆုံးခဲ့ပြီး ဒါဟာ အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲကာလအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။ အဲဒီဗုံးထောင်တိုက်ခိုက်မှုဟာ အိန္ဒိယ မော်သူပုန်အဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ယူဆနေကြပါတယ်။
အဆိုပါ သေဆုံးသွားတဲ့ရဲတွေဟာ Maharashtra ပြည်နယ်အတွင်းက သစ်တောထူထပ်တဲ့ နေရာတွေမှာ လုံခြုံရေး ကင်းလှည့်လည် နေချိန်အတွင်း သူတို့ စီးနေတဲ့ကားက သူပုန် တွေ ထောင်ထားတဲ့ မြေမြုပ် ဗုံးပေါ် ဖြတ်မောင်း မိခဲ့ရာ ကနေ သေဆုံး ခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယ ရဲတွေက ဆိုပါတယ်။

မော်သူပုန် အဖွဲ့ တွေဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ တောင်းဆိုနေကြတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲလို့ တင်စားထားတဲ့ အိန္ဒိယနိုင်ငံရွေးကောက်ပွဲမှာ အတိုက်အခံ ဟိန္ဒူအမျိုးသား ပါတီက လက်ရှိ ကွန်ကရက်ပါတီကို အနိုင်ရဖို့ရှိတယ်လို့ ထင်မြင်နေကြပါတယ်။

ရွေးကောက်ပွဲရဲ့ ရလဒ်ကို သောကြာနေ့မှာ ကြေညာမယ်လို့ သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List