Wednesday, May 14, 2014

" ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရရှိသည့် မြန်မာနိုင်ငံ လူဦးရေစာရင်း သြဂုတ်လတွင် ထုတ်ပြန်ပေးမည်ဟုပြည်ထောင်စုဝန်ကြီး ဦးခင်ရီပြော "



ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုမှရရှိသည့် မြန်မာနိုင်ငံ၏ လူဦးရေစာရင်းကို ယခုနှစ် သြဂုတ်လတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင် စုဝန်ကြီး ဦးခင်ရီက ပြောသည်။ မြန်မာနိုင်ငံရှိ လူဦးရေစာရင်း၊ အမျိုးသား၊ အမျိုးသမီးအရေအတွက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ လူဦးရေ အရေအတွက် မြို့နယ်ရှိ လူဦးရေများစာရင်းကို ထုတ်ပြန် သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူရာမှ ရရှိ သည့်အချက် အလက်များကို ၂ဝ၁၅ ခု နှစ် မေလတွင် အပြီးသတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ 
၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ် သန်း ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံ ရေးအခြေအနေကြောင့် ကချင်ပြည်နယ်ရှိ ကေအိုင်အေ ထိန်းချုပ်နယ်မြေရှိ ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာအားဖြင့် ၉၇ ရွာ ကျန်ရှိခဲ့ပြီး နောက်ဆုံးကောက်ခံခဲ့သည့် ၁၉၈၃ ခုနှစ်တွင် သန်းခေါင်စာ ရင်း ကောက်ခံမှုတွင်လည်း အချိန်နှင့် လုံခြုံရေးအခြေအနေကြောင့် ကျေးရွာ အုပ်စုပေါင်း ၉၄၂ စု ၊ လူဦးရေ ခန့်မှန်း ၁ ဒသမ ၁၇ သန်းကို ကောက်ယူနိုင် ခြင်းမရှိခဲ့ကြောင်း ဦးခင်ရီက ထပ်မံ ပြောကြားသည်။ 

'ဝ' ဒေသတွင် သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့ပြီး ယင်းအပြင် မိုင်းလား၊ ကိုးကန့် စသည့် ယခင်အစဉ်အဆက် သန်းခေါင်စာရင်း မကောက်ယူနိုင် ခဲ့သည့်ဒေသများတွင်ပါ ကောက်ယူရရှိခဲ့ကြောင်းနှင့် ယခု ၂ဝ၁၄ ခုနှစ် သန်း ခေါင်စာရင်းတွင် ကချင်လွတ်မြောက် ရေး တပ်မတော်(ကေအိုင်အေ) ထိန်းချုပ်နယ်မြေမှအပ ကျန်တိုင်းရင်းသား လက်နက်ကိုင်ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူရရှိခဲ့သည်။ သန်း ခေါင်စာရင်းကောက်ရန် လူမျိုး ကုဒ် သင်္ကေတ (Code) သတ်မှတ်ရာတွင် လူ မျိုးသတ် မှတ်ချက် မှားယွင်းမှု၊ လွဲချော် နေမှု၊ မျိုးနွယ်စု အမည်များ ဖောင်းပွ နေမှု၊ မျိုးနွယ်စုတစ်ခုတည်းကို ဒေသန္တ ရအခေါ်များဖြင့် နှစ်ကြိမ်၊ သုံးကြိမ်ဖော် ပြမှု၊ မျိုးနွယ်စု နှစ်ခုကို တစ်ခုတည်းအ ဖြစ် သတ်မှတ်ထားမှု၊ တိုင်းရင်းသားလူ မျိုး ၁၃၅ မျိုးစာရင်းကို အခြေခံကာ ကောက်ယူခဲ့သဖြင့် မျိုးနွယ်စုများကျန် ရစ်ခဲ့မှု စသည့်ပြဿ     နာများကို သန်းခေါင်စာရင်းရလဒ်များ ထုတ်ပြန်ပြီး နောက်တွင်ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်ထံမှ သိရှိရသည်။ 

ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား ရည်ညွှန်းချိန်အဖြစ်၂ဝ၁၄ ခုနှစ် မတ်လ ၂၉ ရက် ည ၁၂ နာရီ သန်း ခေါင်ယံအချိန် အား သတ်မှတ်ကာ မတ် လ ၃ဝ ရက်နေ့မှ ဧပြီလ ၁ဝ ရက်နေ့ အထိ ကောက်ယူခဲ့ပြီး အဆိုပါစာရင်း ကောက်ယူရန် စာရင်းကောက်တစ်သိန်း ခန့်၊ စာရင်းစစ် ၂ဝ,ဝဝဝ ခန့် အသုံးပြုခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရသိရသည်။

ချစ်သူမောင်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List