Wednesday, May 14, 2014

ရုရှားအနေဖြင့် သဘာဝဓာတ်ငွေ့ကို လက်နက်တခုလို အသုံးမချရန် ယူကရိန်း တိုက်တွန်း


ရုရှားအနေနဲ့ သဘာဝဓာတ်ငွေ့ကို လက်နက်တခုလို အသုံးမချဖို့ ယူကရိန်း ၀န်ကြီးချုပ် အာဆန်နီ ယတ်ဆန်နွတ်က တိုက်တွန်းလိုက်ပါတယ်။ရုရှားဟာ ယူကရိန်းအပိုင် ခရိုင်းမီးယားဒေသမှာ ဒေါ်လာ ဘီယံလီပေါင်းများစွာ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေနဲ့ စွမ်းအင်တွေကို သိမ်းပိုက်ထားတယ်လို့လည်း စွပ်စွဲ လိုက်ပါတယ်။

ရုရှား စွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ ဂတ်ပရွန်းက ယူကရိန်းဆီက ဇွန်လ ဓာတ်ငွေ့ဖိုး ကြိုတင်ငွေ ၁ ဒဿ     မ ၆၇ ဘီလီယံကို တောင်းထားပါတယ်။

ယူကရိန်း ၀န်ကြီးချုပ်က “ဈေးကွက်အခြေခံတဲ့ ချဉ်းကပ်မှုမျိုးကို အဆင့်သင့်ရှိပါတယ်။ ရုရှားဘက်က ဓာတ်ငွေ့ကို လက်နက်တခုလို အသုံးချတာမျိုးကို ရပ်လိုက်ပါ။ ဓာတ်ငွေ့ဟာ ရုရှားရဲ့ လက်နက်အသစ် မဖြစ်ပါစေနဲ့” လို့ ရက်ဆဲလ်မြို့မှာ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဂျို့စ် မန်နျူရယ်ဘာရိုဆိုနဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ယူကရိန်းဘက်က ပြောင်းလဲချင် နေပါတယ်။

စာချုပ်အရ ယူကရိန်းက ပေးရတဲ့ ဈေးနှုန်းက ဓာတ်ငွေ့ ၁၀၀၀ ကုဗမီတာတိုင်းအတွက် အမေရိကန်ဒေါ်လာ ၄၈၅ ဒေါ်လာ ဖြစ်နေတဲ့အတွက် ဥရောပက တခြားနို်င်ငံတွေက ပေးရတဲ့ ဈေးနှုန်းထက် မြင့်မားနေပါတယ်။

လာမယ့် မေလ ၂၈ ရက်နေ့ကျရင် ဂတ်ပရွန်းကုမ္ပဏီနဲ့ ဈေးနှုန်းကိစ္စ ညှိနှိုင်းလို့ မရရင် စတော့ဟုမ်းက နိုင်ငံတကာ ခုံရုံးမှာ တရားစွဲသွားမယ်လို့ ယူကရိန်းဝန်ကြီးချုပ်ကနေ နောက်ဆုံး အနေနဲ့ သတိပေးလိုက်ပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က ရုရှားဟာ မတ်လက ခရိုင်းမီးယား ဒေသကို ကျူးကျော်ခဲ့တဲ့ အချိန်က ဒေသမှာ အခြေစိုက်တဲ့ ယူကရိန်း ဓာတ်ငွေ့ကုမ္ပဏီကို သိမ်းယူလိုက်တာဟာ ယူကရိန်းရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာကို သိမ်းယူလိုက်တာပဲလို့လည်း စွပ်စွဲလိုက်ပါတယ်။

ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဂျို့စ် မန်နျူရယ်ဘာရိုဆိုကလည်း ယူကရိန်းဝန်ကြီးချုပ်ပြောတာကို ထောက်ခံတဲ့ သဘောမျိုးနဲ့ ရုရှားအနေနဲ့ စွမ်းအင်ကို နိုင်ငံရေး လက်နက်အနေနဲ့ မသုံးဖို့ အခုလို ပြောပါတယ်။

“ကော်မရှင်ရဲ့ အဓိက အခန်းကဏ္ဍကတော့ ဘက်အားလုံးကို မျက်နှာချင်းဆိုကြဖို့ပါပဲ။ ဒီလိုမှပဲ အခုဖြစ်နေ တဲ့ စွမ်းအင်နဲ့ပတ်သက်လို့ နိုင်ငံရေးဝိရောဓိတွေအားလုံး အဆုံးသတ်နိုင်မယ်။ ဒါဟာ အားလုံးရဲ့ အကျိုးစီး ပွားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ယူကရိန်းရဲ့ အကျိုးစီးပွား၊ အီးယူရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။ စွမ်းအင်ကို နိုင်ငံရေး လက်နက်တခုသဖွယ် အသုံးချတာမျိုး မဖြစ်သင့်ပါဘူး။”

သက်ဆိုင်သူတွေအားလုံး ဆွေးနွေးတဲ့နည်းလမ်းနဲ့ ပဋိပက္ခကို အဖြေရှာဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

“ရုရှားဘက်က အပြုသဘောနဲ့ ဆောင်ရွက်ချင်တယ်ဆိုရင် အချိန် မနှောင်းသေးပါဘူး။ ဒါဟာ ရုရှားအပါအ၀င် ဥရောပမှာ အားလုံးရဲ့ အကျိုးစီးပွားလည်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ပြဿ နာတွေ ပိုပြီးတော့ ကျယ်ပြန့်မသွားစေဖို့ လက်ရှိလုပ်ရပ်တွေကို အဆုံးသတ်နိုင်ဖို့ ဆိုရင် ဆွေးနွေးကြဖို့ လိုပါတယ်။ လက်ရှိ စာမျက်နှာကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်”လို့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဘာရိုဆိုက သတင်းထောက်တွေကို ပြောပါတယ်။

မေလ ၁၃ ရက်နေ့မှာ ယူကရရိန်း အရှေု့ပိုင်း ဒွန်ညက်ဒေသ၊ ကရာမတ်တွခ် မြို့နားမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမား လက်နက်ကိုင်တွေက ချုံခိုတိုက်ခိုက်ခဲ့လို့ ယူကရိန်း စစ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ မြင့်တက်နေတဲ့ ရုရှားစကားပြောသူတွေ များတဲ့ ယူကရိန်း အရှေ့ပိုင်းဒေသဆီကို ထိန်းသိမ်းဖို့ ယူကရိန်း စစ်တပ်က တပ်သားတွေ စေလွှတ်ခဲ့တဲ့နောက်ပိုင်း တကြိမ် တည်းမှာ အများဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List