Thursday, May 15, 2014

လေယာဉ်စီးလာတဲ့ လိပ်တွေ ဘန်ကောက် လေဆိပ်မှာ ဖမ်းမိ



လိပ်တွေ လေယာဉ်စီးပြီး အိန္ဒိယကနေ ထိုင်းနိုင်ငံကို ရောက်လာတော့ သုဝဏ္ဏ ဘုမ္မိ နိုင်ငံတကာ လေဆိပ် မှာ ထိုင်း အကောက်ခွန်ဝန်ထမ်းတွေက မနေ့က ဖမ်းဆီးလိုက်ပါတယ်။ ဟမ်မီလ်တန် လိပ်မျိုး အကောင် ၂၃ဝ ကို ခရီးဆောင် အိတ်ကြီး ၄ လုံးထဲထည့်ကာ အိန္ဒိယနိုင်ငံ ကလ္လကတ္တား လေဆိပ်ကနေ IndiGo Airlines flight 6E077 နဲ့ ဘန်ကောက် ကို ရောက်လာခဲ့တာပါ။
လေယာဉ်ဟာ အင်္ဂါနေ့ ည ၈ နာရီ ၄၅ က ကလ္လကတ္တားကနေ ထွက်ခွာလာပြီး ဘန်ကောက်ကို ထိုင်း စံတော်ချိန် သန်းခေါင် ကျော် ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီ မထိုးခင် လောက် ဆိုက် ရောက်တာဖြစ်တယ်လို့ အဲယားလိုင်း ဝက်ဆိုက်က ဆိုပါတယ်။ 

ခရီးဆောင် အိတ်ကြီးတွေတွေမှာ ရေးထိုးထားတဲ့ နာမည်တွေက Hashamudd M၊ Dantsh Zafa၊ Shamsad SK နဲ့  Wasi Akram ဆိုတဲ့ အိန္ဒိယနိုင်ငံသားနာမည်တွေဖြစ်တယ်လို့ အကောက်ခွန်အရာရှိ တဦးက ပြောထားတာကို ဘန်ကောက်ပို့စ်သတင်းက ဆိုပါတယ်။ 

အခု ဖမ်းမိတဲ့ လိပ်တွေဟာ ဘတ်ငွေ ၁ သန်း ( မြန်မာကျပ်ငွေ သန်း ၃ဝ ) လောက်တန်ဘိုးရှိပြီး ဈေးကွက် ထဲ ရောက်ရင် ဒီထက်တောင် ဈေးက များဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

အခုဖမ်းမိတဲ့ လိပ်တွေကို တိရိစ္ဆာန် ထိမ်းသိမ်းစောင့်ရှောက်ရေး စခန်းတခုကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။ 

အခုလို တရားမဝင် တိရိစ္ဆာန်တွေကို တင်ပို့တာဟာ နိုင်ငံတကာ တောရိုင်းတိရိစ္ဆာန် ဆိုင်ရာ ကာကွယ်ရေး ဥပဒေကို ချိုးဖောက်တာဖြစ်လို့ အခုလို သိမ်းဆည်းလိုက်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၆ လ အတွင်း အခုလို လိပ်မျိုးတွေ အကောင် ၂ ထောင်ကျော်၊ ကာလပေါက်ဈေး ထိုင်း ဘတ်ငွေ ၁၃ သန်းဖိုး လောက်ကို အကောက်ခွန်ဋ္ဌာနက ဖမ်းဆီးသိမ်းမိထားတယ်လို့လည်း သတင်းက ဆိုပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List