Thursday, May 15, 2014

အသားမဲသွားရင် လုံးဝ ကြည့်မကောင်းတော့တာကြောင် အသားအရေပိုင်းကို ဂရုစိုက်တဲ့ မိစန္ဒီ



Hip Hop မြူးဇစ်ကို နှစ်ခြိုက်တဲ့ ရက်ပ်ပါမလေး မိစန္ဒီနဲ့ တွေ့ဆုံခိုက် သူမရဲ့ အလှအပရေးရာနဲ့ အချစ်ရေးအကြောင်း မေးကြည့်ဖြစ်တဲ့အခါ သူမက ‘ ခုက မိုးတွင်းရောက်တော့မယ်။ မိုးကလဲ သိပ်မရွာသေးဘူး။နေက ပူနေတုန်းပဲ ဆိုတော့ အသားအရေပိုင်းကတော့ တော်တော်လေး ဂရုစိုက်ရပါတယ်။ sun cream များများပါတဲ့ဟာ လိမ်းဖြစ်တယ်။ 
ဘာလို့လဲဆိုတော့ မိစန္ဒီ က အသားမဲရင် လုံးဝကြည့်လို့ မကောင်းဘူး။ အဲ့ဒါကြောင့် အသားအရေပိုင်းကိုတော့ သေချာလေး ဂရုစိုက်ဖြစ်ပါတယ်’တဲ့။

အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့လဲ ‘အချစ်ရေးကတော့ အေးဆေးပါပဲ။ အဆင်ပြေပါတယ်။ ပျော်ရွှင်စရာကောင်းပါတယ်။ ဒါပါပဲ။’ လို့ပြောပြပေးခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List